ဖောက်ပြန်ပြီးရခဲ့တဲ့ သမီး၂ယောက်အကြောင်း ခင်ပွန်းကိုဖွင့်ပြောဖို့ အခက်တွေ့နေတဲ့ဇနီး

အမည်မဖော်လိုတဲ့ မိခင်တစ်ယောက်ဟာ အင်တာနက် အမေးအဖြေ ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Quora ပေါ်မှာ သူမဖောက် ပြန်ခဲ့တဲ့အကြောင်း ဖွင့်ဟပြီး ထိုဖောက်ပြန်ခဲ့မှုကို ခင်ပွန်းသည်အား ပြောပြဖို့ အခက်တွေ့နေကြောင်း ဖွင့်ဟခဲ့ပါတယ်။
သူမကို အကြံဥာဏ်ပေးဖို့လည်း အကူအညီတောင်းခဲ့ပါတယ်။ သူမဟာ သမီးလေး ၂ယောက်ရှိပြီး ထိုသမီးလေး၂ယောက်ရဲ့ ဖခင်အရင်းဟာ သူမခင်ပွန်းမဟုတ်ဘူးလို့ဆိုလာပါတယ်။ ခင်ပွန်းဖြစ်သူကတော့ ဒီကိစ္စကို မသိရှာပါဘူး။

အိမ်ထောင်သက် ၁၅နှစ်ရှိပြီး ဒီကိစ္စကို ခင်ပွန်းဖြစ်သူအား ဖွင့်ပြောသင့်မပြောသင့် အင်တာနက်ပေါ်မှာ မေးခဲ့တာဖြစ်ပါ
တယ်။ သူမဟာ သူမခင်ပွန်းရဲ့ ညီဝမ်းကွဲနဲ့လည်း အိပ်ခဲ့ဖူးသလို အဝတ်လျှော်ဖို့ အဝတ်တွေ လာယူလေ့ရှိတဲ့ အမျိုးသားနဲ့
လည်း ဖောက်ပြန်ဖူးကြောင်း ဝန်ခံခဲ့ပါတယ်။

“ကျွန်တော်မဟာ အိမ်ထောင်သက် ၁၅နှစ်ရှိပြီဖြစ်တဲ့ ဇနီးသည် တစ်ယောက်ဖြစ်ပါတယ်။ အသက် ၁၄နှစ်နဲ့ ၁၃နှစ် အရွယ် သမီးလေး ၂ယောက်လည်း ရှိပါတယ်။ ဒါပေမယ့် ကလေးတွေရဲ့  ဖခင် ကျွန်မရဲ့ခင်ပွန်းဟာ တကယ့်ဖခင် အစစ်မဟုတ်ပါဘူး။ ကျွန်မတို့ ကောလိပ်ထဲက ကြိုက်ခဲ့ကြပြီး အဲ့ဒီထဲက အခြား ယောက်ျားအချို့နဲ့ ကျွန်မအိပ်ခဲ့ဖူးတာ ရှိပါတယ်။
ကျွန်မ အိမ်ထောင်ကျပြီးနောက် အပြင်ထွက်တာ နည်းပေမယ့် ကျွန်မရဲ့ ဖောက်ပြန်မှုက ရပ်မသွားခဲ့ပါဘူး။ ကျွန်မရဲ့
ယောက်ျား အိမ်မှာ မရှိတဲ့အခါတိုင်း သူ့သူငယ်ချင်း..သူ့ဝမ်းကွဲ..အိမ်နီးချင်း စတာတွေနဲ့ ဖောက်ပြန်ခဲ့ပါတယ်။”

READ
တံငါသည်တွေရဲ့ အပိုင်းပိုင်းဖြတ်တောက်ခံလိုက်ရတဲ့ ဝေလငါးကြီးရဲ့ဘဝ

“ကျွန်မ အဲ့ဒီလို လုပ်တာ နောင်တမရပါဘူး။ အခုလည်း လုပ်နေပါသေးတယ်။ အရင်လောက်တော့ မများတော့ပါဘူး။
ကျွန်မရဲ့ကလေးတွေ ၅နှစ်လောက် ရောက်တော့ ကျွန်မ DNA စစ်ကြည့်ခဲ့ပါတယ်။ ထင်ထားတဲ့အတိုင်း ကလေးတွေ
ဟာ ကျွန်မခင်ပွန်းရဲ့ ကလေးတွေ မဟုတ်ခဲ့ပါဘူး။ ကျွန်မရဲ့ ခင်ပွန်းဟာ ခင်ပွန်းကောင်း တစ်ယောက်ပါ။ ဒါပေမယ့်
ကျွန်မ သူ့ကို ပြောပြလိုက်ရင် သူကျွန်မကို ထားသွားပါလိမ့်မယ်။ အဲ့ဒီအခါ ကျွန်မသမီးလေးတွေရဲ့ ဘဝဒုက္ခရောက်ရ
ပါလိမ့်မယ်။ ကျွန်မ ဘာဆက်လုပ်သင့်ပါသလဲ” လို့ မေးခဲ့ပါတယ်။

အမေးအဖြေ ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ Quora ပေါ်မှာတော့ ဒီမေးခွန်းကို ကြည့်ရှုသူ ထောင်နဲ့ချီရှိနေပါတယ်။ သူမရဲ့ မေးခွန်း
ကြောင့် အင်တာနက်အသုံးပြုသူ တော်တော်များများဟာလည်း အံ့သြမှင်သက်ခဲ့ကြရပါတယ်။ အချို့ အင်တာနက်အသုံး
ပြုသူတွေကတော့ ပယ်ပယ်နယ်နယ်ကို ဝိုင်းဆဲခဲ့ကြပါတယ်။ တစ်သက်လုံး အဲ့ဒီလို ပေါ်သွားမှာစိုးတဲ့ ကြောက်စိတ်နဲ့သာ
နေပေတော့ ဆိုပြီး ဝိုင်းပြောတဲ့သူလည်း ရှိခဲ့ပါတယ်။ အချို့ကတော့ ရှေ့နေငှားပြီး သေချာ ဖြေရှင်းသင့်ကြောင်း အကြံ
ပေးထားကြပါတယ်။ အချို့ အင်တာနက်အသုံးပြုသူတွေကတော့ အံ့သြလွန်းလို့ ဘာဖြေရမှန်းတောင် မသိဖြစ်နေခဲ့ပါ
တယ်။

READ
ကျွဲရိုင်းမရောင်းဘူးဆိုလို့ နိုက်ကလပ်ကို မီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား

မူရင်းဆောင်းပါးလေးကို ဒီ Link မှာ ဖတ်နိုင်ပါတယ်။

Shwemom

 

 

 

 

SHARE