ခုတင်အောက်မှာ ချွေးမဖောက်ပြန်တာကို လက်ပူးလက်ကြပ်နဲ့ ဖမ်းနိုင်ခဲ့တဲ့ ယောက္ခမ

ကိုလံဘီယာအနောက်မြောက်ပိုင်းက Becerril မြို့မှာ ချွေးမဖြစ်သူဟာ တိတ်တိတ်ပုန်းယောက်ျားကို အိမ်အထိ ခေါ်ယူ
ဖောက်ပြန်နေတာကို ယောက္ခမနဲ့ ပူးပေါင်းအဖွဲ့က လက်ပူးလက်ကြပ် ဖမ်းနိုင်ခဲ့ပါတယ်။ ဒီဖြစ်စဉ်အတွင်းမှာ ချွေးမဖြစ်သူနဲ့ ပါလာသူတစ်ချို့ အပြန်အလှန် ထိုးကြိတ်ကန်ကျောက်ကြပြီး၊ လောလောဆယ်တော့ ခင်ပွန်းဖြစ်သူရဲ့ ကွာရှင်းမှုကို ခံရ တော့မှာ ဖြစ်ပါတယ်။

ချွေးမလုပ်သူရဲ့ အမည်ကို Mayra လို့ ဖော်ပြထားပြီး၊ တိတ်တိတ်ပုန်းချစ်သူနဲ့ အပျော်ကျူးမလို့ စီစဉ်နေတုန်း လူသံသူသံ
ကြားလို့ နှစ်ယောက်သား ခုတင်အောက်ကို ၀င်ပုန်းနေပုံ ရပါတယ်။ ယောက္ခမနဲ့ အပေါင်းအပါအဖွဲ့ရောက်လာတော့ ခုတင်
အောက်ကနေ ကြာကူလီနောက်မီးလင်းနေတဲ့ အမျိုးသားက စပ်ဖြီးဖြီးနဲ့ အရင်ထွက်လာတာကို တွေ့ရပါတယ်။

ယင်းနောက် Mayra ထွက်လာခဲ့ပြီးနောက် သူမရဲ့ ယောင်းမက ၀င်ရောက်ထိုးကြိတ် ကန်ကျောက်တာကို မရှင်းမလင်း  တွေ့လိုက်ရပါတယ်။ ဒါ့အပြင် ရန်ပွဲမှာ ယောက္ခထီးကော၊ ယောက္ခမပါ ပါဝင်ခဲ့ပြီး၊ ချွေးမဖြစ်သူ Mayra က ” ဘာလို့ ဖုန်း ကြိုမဆက်တာလဲ … ဒီကို ဘာလို့ လာကြတာလဲ “ဆိုပြီး အကြောင်ကွက်ဖမ်းကာ မေးခဲ့ပါသေးတယ်။

READ
ဘောင်းဘီအရှေ့အိတ်ကပ်ထဲထည့်ထားတဲ့ Vape ခေါ် E-Cigarette ပေါက်ကွဲမှုဖြစ်ပွား

လက်ပူးလက်ကြပ်မိတဲ့ အမျိုးသားကိုလည်း မိသားစုဝင်တွေက ဆွမ်းကြီးဝိုင်းလောင်းခဲ့ကြပြီး၊ ချွေးမက ကာဆီးကာဆီး လုပ်နေသေးတယ်လို့ ဆိုပါတယ်။ ယောက္ခမက ” ညည်းတို့ အိမ်ထောင်ရေးကို ပြီးပြီမှတ်လိုက် .. ငါ့သားက ဒါကို နောင်တ ရနေမှာ မဟုတ်ဘူး .. အခုပဲ အဲဒီကောင်နဲ့ လိုက်သွားပေတော့ .. အိမ်ကနေ ထွက်သွားသင့်တာ ကြာနေပြီ “လို့ အော်ပြော ခဲ့ပါသေးတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE