သင့်ရဲ့ ဘဏ်အကောင့်အချက်အလက်တွေကို ခိုးယူနိုင်တဲ့ Android app (၂၉) မျိုး

ကမ္ဘာကျော် anit-virus ဆော့ဖ်ဝဲ NOD32 ကိုထုတ်လုပ်တဲ့ ESET ကုမ္ပဏီက အိုင်တီ သုတေသနပညာရှင်များဟာ နောက်ဆုံးပေါ် malware တစ်မျိုး ပါဝင်တဲ့ Android app စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ ထို ၂၀ ကျော်သော app များထဲမှာ ဘက်ထရီတာရှည်ခံ app တွေကနေ ဗေဒင် app များအထိ ပါဝင်ပါတယ်။ ESET ပိုင်တဲ့ We Live Security ဘလော့ဂ်က ဖော်ပြထားချက်အရတော့ ထို app များထဲမှာ Trojan ဆိုတဲ့ ဗိုင်းရပ်စ်တစ်မျိုး ပါဝင်နေတာဖြစ်ပါတယ်။

ထိုဗိုင်းရပ်စ်ပါဝင်တဲ့ app ၂၉ မျိုးနဲ့ ပတ်သက်လို့ ESET က Google ကုမ္ပဏီကို သတိပေးခဲ့ပြီး Google Play Store ကနေ ချက်ချင်း ထို app တွေကို ဖြုတ်ချပစ်ခဲ့ပါတယ်။ Play Store ကနေ အလျင်အမြန် ဖယ်ရှားပစ်လိုက်ပေမယ့်လည်း Android အသုံးပြုသူပေါင်း ၃ သောင်းကျော်လောက်က ထို app တွေကို ဒေါင်းလုတ်ပြီးသား ဖြစ်နေခဲ့ပါပြီ။ Trojan ဗိုင်းရပ်စ်ကတော့ Play Store မှာ ရှိခဲ့တဲ့ ‘Free Daily Horoscope’ app, ‘Power Manager’ app အပါအဝင် app ပေါင်း ၂၉ ခုမှာ ရှိနေခဲ့တာပါ။

Shutterstock

“Trojan ဗိုင်းရပ်စ်ဟာ ခါတိုင်းတွေ့နေကျ malware တွေလို မဟုတ်ဘဲ အသုံးပြုသူတွေရဲ့ ဖုန်းထဲရှိ mobile banking ထဲက ဒေတာတွေကို ယူပြီး ငွေတွေ ခိုးထုတ်မယ့် နောက်ဆုံးပေါ် mobile banking malware ဖြစ်ပါတယ်။ app တွေကို ဒေါင်းပြီးရင်လည်း အသုံးပြုသူတွေက ဘာမှားနေလဲ မသိနိုင်ပါဘူး။ အဲဒီ့ app တွေ ဒေါင်းမိထားရင် ကိုယ့်ဘဏ်အကောင့်ကို ပြန်စစ်ကြည့်စေချင်ပါတယ်” လို့ ESET က ရှင်းလင်းသတိပေးထားပါတယ်။ ဘဏ်အကောင့်ရဲ့ ဒေတာတွေကို ခိုးယူနိုင်တဲ့ ထို malware တွေကိုတော့ တစ်ဦးချင်း (သို့) အဖွဲ့လိုက် မသမာသူတွေက ဖန်တီးထားတာ ဖြစ်နိုင်ကြောင်း ဆိုပါတယ်။

READ
ကိုယ်ကြိတ်ခိုက်နေတဲ့ Crushရဲ့ ပုံစံတူအတိုင်း Sex Robotတွေကို မှာယူနိုင်တော့မည်
welivesecurity

အဲဒီ့ app တွေဟာ ဒေါင်းလုတ်ဆွဲပြီးနောက် ပုံမှန်အတိုင်းပဲ မြင်နေရမှာဖြစ်ပေမယ့် နောက်ကွယ်ကနေ သင့်ဖုန်းထဲက app တွေကို hack ပြီး call logs တွေကို ကြားဖြတ်တာ၊ ကိုယ်မလုပ်ဘဲနဲ့ ဒေါင်းလုတ်တွေ ဆွဲတာတွေကို ဖြစ်စေမှာပါ။ ဒါဆို ဒီ app တွေကို ဒေါင်းမိထားရင် ဘယ်လိုလုပ်ရမလဲ..။ ရိုးရှင်းပါတယ်။ Uninstall လုပ်ပြီး ဖုန်းထဲကနေ ဖယ်ရှားပစ်လိုက်ပစ်လိုက်ရုံပါပဲ။ နောက်ဆို အဟက်ခံရမယ့် အန္တရာယ်တွေကို ရှောင်ကြဉ်နိုင်အောင် Android အသုံးပြုသူတွေအနေနဲ့ app တွေကို ဒေါင်းလုတ်ဆွဲချင်ရင်လည်း Google Play Store ထဲကနေသာ ဒေါင်းလုတ်ဆွဲဖို့ ပညာရှင်တွေ အကြံပြုထားပါတယ်။

အထက်မှာ ပြောခဲ့တဲ့ သင့်ရဲ့ ဘဏ်အကောင့်ဒေတာတွေကို ခိုးယူနိုင်မယ့် အန္တရာယ်ရှိ app တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  1. Power Manager
  2. Astro Plus
  3. Master Cleaner – CPU Booster
  4. Master Clean – Power Booster
  5. Super Boost Cleaner
  6. Super Fast Cleaner
  7. Daily Horoscope For All Zodiac Signs
  8. Daily Horoscope Free – Horoscope Compatibility
  9. Phone Booster – Clean Master
  10. Speed Cleaner – CPU Cooler
  11. Ultra Phone Booster
  12. Free Daily Horoscope 2019
  13. Free Daily Horoscope Plus – Astrology Online
  14. Phone Power Booster
  15. Ultra Cleaner – Power Boost
  16. Master Cleaner – CPU Booster
  17. Daily Horoscope – Astrological Forecast
  18. Speed Cleaner – CPU Cooler
  19. Horoscope 2018
  20. Meu Horóscopo
  21. Master Clean – Power Booster
  22. Boost Your Phone
  23. Phone Cleaner – Booster, Optimizer
  24. Clean Master Pro Booster 2018
  25. Clean Master – Booster Pro
  26. BoostFX. Android cleaner
  27. Daily Horoscope
  28. Daily Horoscope
  29. Personal Horoscope
READ
Scarlett Johanssonနဲ့တူတဲ့စက်ရုပ်တစ်ရုပ်ဖန်တီးထားတဲ့သူ

Ref: Dailymail , welivesecurity

SHARE