ဂျပန်ခရီးစဉ်အတွင်း ဒေါ်နယ်ထရမ့်ပ်စားခဲ့တဲ့ သွားရည်ယိုဖွယ်စားစရာတစ်မျိုး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ဂျပန်နိုင်ငံကို (၄) ရက်တာ သံတမန်ခရီးစဉ်အဖြစ် အလည်အပတ်သွားခဲ့ပါတယ်။ ထရမ့်ပ်ဟာ ဂျပန်ဝန်ကြီးချုပ် အာဘေးရှင်ဇို၊ လောလောလတ်လတ်မှ ဂျပန်ရှင်ဘုရင်ဖြစ်လာတဲ့ နာရူဟီတိုတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဂျပန်ရောက်တုန်းရောက်ခိုက်တော့ ထရမ့်ပ်ဟာ ဂျပန်မှာ ကောင်းပေ့ဆိုတဲ့ နာမည်ကျော်ဘာဂါတွေကို မြည်းစမ်းခွင့်ရခဲ့ပါတယ်။

မနှစ်က ထရမ့်ပ် ဂျပန်ကိုလာလည်တဲ့အချိန်မှာတော့ တိုကျိုမြို့တော်က Munch’s Burger Shack ကနေ ဘာဂါမှာစားခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး Munch’ Burger Shack ဟာ တော်တော်လေး အရောင်းသွက်ခဲ့ပြီး ထရမ့်ပ်မှာစားခဲ့တဲ့ ဘာဂါကို “President Trump Set” လို့တောင် မီနူးပြောင်းခဲ့ရပါတယ်။

အခုနှစ်မှာတော့ ဂျပန်ကိုလာလည်ရင်း ဘာဂါကြိုက်တဲ့ထရမ့်ပ်က The Burger Shop ဆိုတဲ့ ဆိုင်မှာ ဘာဂါမှာစားခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့မေလ(၂၆) ရက်နေ့တုန်းက ထရမ့်ပ်ဟာ အာဘေးရှင်ဇိုနဲ့ အတူဂေါက်ရိုက်သွားရင်း နေ့လည်စာကို The Burger Shop မှာ ၀င်ရောက်မှာစားခဲ့ကြပါတယ်။ သူတို့နှစ်ဦးစားခဲ့တဲ့ ဘာဂါကတော့ ချိစ်နှစ်ထပ်ဆမ်း ဘာဂါပဲဖြစ်ပါတယ်။

READ
လေးလံလွန်းတဲ့ ၀ိတ်ပြားတွေကို မ,ဖို့ကြိုးစားတဲ့ ၀ိတ်မ,သမား ကျောရိုးနှစ်ပိုင်းကျိုးသွားခဲ့

ဘာဂါဆိုင်မှာတော့ ထရမ့်ပ်မှာစားခဲ့တဲ့ ဘာဂါကို မီနူးထဲထည့်မထားပါဘူး။ ဒါကြောင့် ကိုယ်တိုင်က ထရမ့်ပ်စားတဲ့ဘာဂါပေးပါလို့ မှာရပါတယ်။ ဆိုင်ကတော့ လူတော်တော်လေးများပါတယ်။ တစ်ခါတစ်လေ တန်းစီပြီး ဘာဂါစောင့်မှာတဲ့ လူတန်းက ဆိုင်ပြင်ထိတောင် လျံထွက်ပါတယ်။

အခုမြင်ရတာကတော့ ထရမ့်ပ်မှာစားခဲ့တဲ့ ချိစ်နှစ်ထပ်ဆမ်း ဘာဂါဖြစ်ပါတယ်။ အ၀ါရောင်ချိစ်အနှစ်တွေ ဆမ်းထားတဲ့ အသားပြားလေးတွေကိုတော့ ကွက်ကွက်ကွင်းကွင်းမြင်အောင် လှစ်ထားပါတယ်။ အပေါ်သားပေါင်မုန့်ခွံကတော့ ဘေးဘက်လေးမှာပါ။ ကြက်သွန်နီ၊ ခရမ်းချဉ်သီးစတာတွေကို ပါးပါးလှီးထားတဲ့ အရွက်သုတ်ပန်းကန်လည်း ပါပါတယ်။ အာလူးချောင်းကြော်ရောပါပဲ။

 

View this post on Instagram

 

こんにちは。 . 昨日、来日中のトランプ大統領と安倍総理に、当店のダブルチーズバーガーを召し上がっていただきました🍔 . 特注のビッグサイズ、USビーフをウェルダンで! とのオーダーでした。 おいしく召し上がっていただけたらうれしいです😆 . 本日、紀尾井町店、池尻店ともに営業しております。 今日も暑いので、おかわり自由の野菜ジュースでしっかり水分補給をしながら、ジューシーなバーガーをお召し上がりくださいー! . #theburgershop #トランプ大統領 #thetrump #tolopantokyo #gormetburger #hamburger #coffee #tokyo #tokyofood #tokyogoumet #instafood #espresso #vegetablejuice #barista #cafe #kioicho #ikejirioohashi #capparkstand #ザバーガーショップ #ハンバーガー #グルメバーガー #池尻大橋 #目黒区 #紀尾井町 #半蔵門 #麹町 #ランチ

A post shared by THE BURGER SHOP (@theburgershop2018) on

တကယ်လို့ ကိုယ်က အရွက်ထည့်စားချင်တယ်ဆိုရင် အသုတ်ပန်းကန်ထဲကနေယူပြီး ဘာဂါထဲ ထည့်စားရုံပါပဲ။ အသားချည်းပဲ ဒီတိုင်းစားချင်တယ်ဆိုရင်တော့လည်း အပေါ်ထပ်ပေါင်မုန့်သား ပြန်အုပ်ပြီး စားလို့ ရပါတယ်။ ဘာဂါက အာလူးကြော်၊ အအေးတွေအပါ စုံလိုက်လာတာမို့ အောက်မှာ တွေ့ရတဲ့ အအေးခွက်လည်း အပါအ၀င်ပါ။

READ
တောတွင်း ဓာတ်ပုံဆရာကို မတိုက်ခိုက်ဘဲ ဗိုက်ပွတ်ခိုင်းခဲ့တဲ့ ကြံ့

ဘာဂါရဲ့ အထဲက အသားကတော့ အမဲသားပါ။ စားဖူးသူတွေကတော့ ဆွေမျိုးတောင် မေ့လောက်အောင် ကောင်းတယ်လို့ ပြောကြတာပါပဲ။ ပြစ်ပြစ်နှစ်နှစ်နဲ့ အရသာစိမ့်နေတဲ့  ချိစ်တွေရယ်၊ ကြွပ်မွတဲ့ အပေါ်ယံပေါင်မုန့်သားရယ်၊ နူးညံ့မွှေးစိမ့်နေတဲ့ အမဲသားကင်ရဲ့ အရသာကို တော်တန်ရုံလူတော့ မမြည်းချင်ပဲနေနိုင်မယ် မထင်ပါဘူး။ ဘာဂါက သေချာလုပ်ထားတဲ့ အထူးစပါယ်ရှယ်ဘာဂါမို့လို့လားတော့ မပြောတတ်ပါဘူး။ တစ်နေ့ကို ဆိုင်က အဲဒီလို ချိစ်နှစ်ထပ်ဆမ်းဘာဂါမျိုး (၁၀) လုံးပဲပြုလုပ်ကြောင်း သိရပါတယ်။ ဒီဘာဂါစားပြီးတဲ့သူတွေကတော့ ချိစ်နှစ်ထပ်ဆမ်း ဘာဂါကို အရသာတွေ့လွန်းလို့ ပုံမှန်ဘာဂါတောင် မစားချင်တော့ဘူးရယ်လို့ ဆိုနေပါတယ်။ ဘာဂါရဲ့ တန်ဖိုးကတော့ အအေးနဲ့ အာလူးကြော် အပါအ၀င် အမေရိကန်ဒေါ်လာ (၂၄.၆၅) ဖြစ်ကြောင်း soranews24 အရ သိရပါတယ်။ သွားရည်တွေ ယိုနေပါပြီနော်…

instagram

လင်းလင်း (ShweMom)

SHARE