အမူးသမား ဒရိုင်ဘာကြောင့် Accident ဖြစ်ပွားခဲ့တဲ့ Park Ji Yoon နဲ့ Choi Dong Suk

ig/@jiyoon_voice,@khh.asf

အမူးသမား ဒရိုင်ဘာကြောင့် ဖြစ်ပွါးခဲ့ရတဲ့ car accident ထိခိုက်မှုမှာ အစီအစဉ် တင်ဆက်သူစုံတွဲဖြစ်တဲ့ Park Ji Yoon & Choi နဲ့ Dong Suk တို့အပြင် rapper မလေး Cheetah လည်း ပါဝင်နေတယ်လို့ ထုတ်ပြန်ကြေညာခဲ့တဲ့အကြောင်းကို allkpop က ခုလိုဖော်ပြထားပါတယ်။

ဒီဖြစ်ပွါးမှုမှာ အစီအစဉ်တင်ဆက်သူ Park Ji Yoon & Choi Dong Suk နဲ့ သူတို့ရဲ့ ကလေးနှစ်ယောက်တို့စီးလာတဲ့ကားဟာ အရက်မူးနေတဲ့ ဒရိုင်ဘာ မောင်းလာတဲ့ 2.5 tons ကုန်တင်ကားနဲ့ တိုက်မိခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့မိသားစုဝင် အားလုံးဟာ အသက်အန္တရယ်ကနေ လွတ်မြောက်သွားပေမယ့် ထိခိုက်ဒဏ်ရာတွေတော့ ရရှိခဲ့ကြပါတယ်။

အခုနောက်ဆုံးရတဲ့ သတင်းတွေအရတော့ ဒီ car accident ဖြစ်ပွါးမှုမှာ Cheetah ဟာလည်း ပါဝင်သွားခဲ့တယ်လို့ သိရပါတယ်။ Cheetah က truck ကားနဲ့ မတိုက်မိအောင် ရှောင်နိုင်ခဲ့ပြီး သူမက ချက်ချင်း ရဲစခန်းကို သတင်းပေးခဲ့တယ်လို့ သိရပါတယ်။

READ
“လျှာနဲ့သွား” ရိုက်ကွင်းပုံရိပ်များ

Khin

SHARE