မိုရာတာကို ပေါင်သန်း(70)နဲ့ ခေါ်ယူဖို့ ချယ်လ်ဆီး သဘောတူညီရရှိမှုနဲ့ အခြားသတင်းအတိုများ

၁။ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းဟာ ရီးယဲလ်အသင်းမှ စပိန်တိုက်စစ်မှူး မိုရာတာကို ပေါင်သန်း
(70)နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိပြီလို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မိုရာတာဟာ အရင်တုန်းက မန်ယူအသင်းနဲ့ သ
တင်းပိုထွက်ခဲ့ပေမယ့် လူကာကူကို ခေါ်ယူခဲ့တာကြောင့် ချယ်လ်ဆီးအသင်းမှာ မိုရာတာကို ပစ်မှတ်ထားလာခဲ့တာပါ။ အခုအခါမှာတော့ ချယ်လ်ဆီးဟာ ထွက်ခွာတော့မယ့် တိုက်စစ်မှူး ကော်စတာရဲ့နေရာမှာ မိုရာတာနဲ့ အစားထိုးတော့မှာ
ဖြစ်ပါတယ်။ မိုရာတာဟာ ပြီးခဲ့တဲ့ရာသီက ရီးယဲလ်မှာ ပုံမှန်ပွဲထွက်ခွင့်မခဲ့ပေမယ့် ပြိုင်ပွဲအရပ်ရပ် ဂိုး(20)သွင်းယူပေးနိုင်
ခဲ့ပါတယ်။

၂။ စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်စ်အသင်းဟာ အာဆင်နယ်အသင်းမှ ပိုလန်ဂိုးသမား ဆက်ဇီနီကို ယူရို(၁၂.၂)
သန်းနဲ့ ခေါ်ယူခဲ့ပြီး (၄)နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ဆက်ဇီနီရဲ့ လက်စွမ်းနဲ့ အောင်မြင်မှုပေါ်မူ
တည်ပြီး နောက်ထပ်ယူရို(၃)သန်း အာဆင်နယ်ကို ထပ်ပေးဦးမယ်လို့ သိရပါတယ်။ ဂိုးသမားဆက်ဇီနီဟာ ဂျူဗင်တပ်စ်
အသင်းမှာ ၀ါရင့်ဂိုးသမားဘတ်ဖွန်နဲ့ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ယှဉ်ပြိုင်ကြိုးစားရတော့မှာဖြစ်ပါတယ်။

၃။ မန်စီးတီးအသင်းဟာ ရီးယဲလ်အသင်းရဲ့နောက်ခံကစားသမား ဒန်နီလိုကို ပေါင်(26)သန်းနဲ့ ခေါ်ယူဖို့ ရီးယဲလ်အသင်း
ဆီဆက်သွယ်နေတယ်လို့ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါကစားသမား ဒန်နီလိုကို ချယ်လ်ဆီးအသင်းကလည်း
ခေါ်ယူဖို့ ကြိုးစားနေရာ မန်စီးတီးနဲ့ ချယ်လ်ဆီးတို့ ကြိုးပမ်းဖွယ်ရှိနေပါတယ်။

၎။ ပြီးခဲ့တဲ့ 2016-17ရာသီ ပရီးမီးယားလိဂ်မှာ လူငယ်အကယ်ဒမီထွက်ကစားသမား အများဆုံးအသင်းအဖြစ် မန်ယူ
အသင်းက ထိပ်ဆုံးမှ ရပ်တည်ခဲ့ပြီး ဒုတိယနေရာမှာ စပါးအသင်းက ရပ်တည်ခဲ့ပါတယ်။ စစ်တမ်းအရ ပြီးခဲ့တဲ့ ရာသီက
မန်ယူအသင်းအကယ်ဒမီမှထွက်ခဲ့တဲ့ ကစားသမားအားလုံးဟာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေမှာ ပုံမှန်ပွဲထွက်ခွင့်
တွေရခဲ့ပြီး မိနစ်ပေါင်း(44,054)ကစားခဲ့ပါတယ်။ စပါးရဲ့ အကယ်ဒမီထွက်ကစားသမားတွေမှာ မိနစ်ပေါင်း(19,995)
သာကစားခွင့်ရခဲ့လို့ မန်ယူထက် နှစ်ဆလောက် နိမ့်ကျခဲ့ပါတယ်။ ပေါ့ဂ်ဘာ(26,09မိနစ်)၊ ရက်ရှ်ဖို့ဒ်(1702မိနစ်)၊
မိုက်ကယ်ကိန်း(3150မိနစ်)၊ ဂျိုရှူအာကင်း(2721မိနစ်)နဲ့ ရှောခရော့စ်၊ အိုရှီးယား၊ ဒိုနယ်လပ်ဖ်၊ မက္ကနဲရား၊ ဂစ်ဆင်၊
၈ျာနူဇက်၊ အီဗန်၊ ဖလက်ချာတို့ဟာ မန်ယူအကယ်ဒမီကနေ ထွက်သွားကြတာဖြစ်ပါတယ်။

READ
(၁၂-၃-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

၅။ မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား ဂျူအန်မာတာဟာ Real Sal Lake အသင်းကို (2-1)ဂိုးနဲ့ အနိုင်ရခဲ့တဲ့
ချစ်ကြည်ရေးခြေစမ်းပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာကြောင့် အသင်းရဲ့ လက်ကျန်ရာသီကြိုခြေစမ်းပွဲစဉ်တွေကို လွဲချော်ဖွယ်ရှိနေပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ရာသီမစခင် မာတာ ဒဏ်ရာမှသက်သာလာမယ်လို့ မန်ယူအသင်း
ကမျှော်လင့်နေပါတယ်။

၆။ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အာဂျင်တီးနားတိုက်စစ်မှူးအဂွီရိုမှာ အီးတီဟတ်ကနေ ထွက်ခွာမှာမဟုတ်ဘူး
လို့ ပြောခဲ့ပါတယ်။ အဂွီရိုဟာ ပြီးခဲ့တဲ့ရာသီကတည်းက မန်စီးတီးအသင်းကို ဘရာဇီးတိုက်စစ်မှူး ဂျီးဆပ်ရောက်ရှိလာက
တည်းက အသင်းမှထွက်ခွာဖွယ်ရှိနေတယ်လို့ သတင်းထွက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ မန်စီးတီးအ
သင်းနည်းပြဂွါဒီယိုလာက အဂွီရိုမှာ သူရဲ့အစီအစဉ်ထဲမှာ ပါဝင်နေဆဲဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

၇။ ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌ ရူမင်နစ်ဂီက အသင်းအနေနဲ့ ပေါ်တူဂီကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်စ်ကို
ရောင်းချမယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို ဈေးပေါပေါနဲ့ရောင်းမည်မဟုတ်ဘဲ ပေါင်(42)သန်းနဲ့ ရောင်းမှာ
ဖြစ်တယ်လို့ တစ်ဆက်တည်းဆိုခဲ့ပါတယ်။ ရီနာတိုဆန်းချက်စ်အား အေစီမီလန်အသင်းနဲ့ မန်ယူအသင်းတို့က ခေါ်ယူဖို့
ကြိုးစားနေကြပါတယ်။

၈။ အင်္ဂလန်ရဲ့နံပါတ်(၁)ဂိုးသမား ၈ျိုးဟတ်ဟာ မန်စီးတီးအသင်းကနေ ၀က်စ်ဟမ်းအသင်းကို ပေါင်(4.5)သန်းနဲ့ တစ်
ရာသီအငှားစာချုပ်ချုပ်ဆိုကာ တရားဝင်ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။ ဂျိုးဟတ်ဟာ ၀က်စ်ဟမ်းအသင်းမှာ တစ်ပတ်လုပ်
ခ ပေါင်(55000)ရမယ်လို့ သိရပါတယ်။ ”၀က်စ်ဟမ်းကို ရောက်လာတာ ကျွန်တော့်အတွက်တော့ အခွင့်အရေးတစ်ခု
ပါပဲ။ ကျွန်တော်ဟာ ၀က်စ်ဟမ်းအသင်းကို ချစ်မြတ်နိုးသူတစ်ယောက်ပါ”လို့ ပြောခဲ့ပါတယ်။

READ
၂၃-၁၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

၉။ အသက်(21)နှစ်အောက် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးလူငယ်ကစားသမားအဖြစ် စပါးအသင်းမှ ကွင်းလယ်ကစားသမား ဒယ်လီအလီက ထိပ်ဆုံးမှရပ်တည်နိုင်ခဲ့ပါတယ်။ အလီရဲ့ တန်ဖိုးဟာ ယူရို(82.6)သန်းရှိပြီး မိုနာကိုကြယ်ပွင့် အမ်ဘတ်
ပီ(ယူရို61.7သန်း)ကို ကျော်ဖြတ်ကာ ထိပ်ဆုံးမှာရပ်တည်နိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ အလီ၊ အမ်ဘတ်ပီတို့ရဲ့နောက်မှာ
တော့ ဒေါ့တ်မွန်ကစားသမား ဒမ်ဘီလီ(ယူရို 60.9သန်း)၊ မန်စီးတီးကစားသမား ဆာနေး(ယူရို 51.1သန်း)၊ ရီးယဲလ်
ကွင်းလယ်လူ အဆန်စီယို(ယူရို 42.7သန်း)၊ မန်စီးတီးတိုက်စစ်မှူး ဂျီးဆပ်(ယူရို 42.6သန်း)၊ မန်ယူတိုက်စစ်မှူး ရပ်ရှ်
ဖို့ဒ် (ယူရို 40.6သန်း)တို့က အစဉ်လိုက်ရပ်တည်နေကြပါတယ်။ အဆိုပါအစစ်တမ်းကို soccerexကုမ္ပဏီက ကစားသ
မားရဲ့ အသက်၊ နေရာ၊ လက်ရှိကလပ်၊ စာချုပ်၊ ဂိုးနဲ့ နိုင်ငံလက်ရွေးစင်ပွဲစဉ် စတာတွေကို တွက်ချက်ခဲ့တာဖြစ်ပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင်
ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ဘာသာပြန်ဆောင်းပါး
များကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်
ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

M2T (Shwemom)
Source ; thesun.co.uk / dailymail.co.uk

 

SHARE