ကန်တေကိုခေါ်ယူခွင့်ပေးလို့ လက်စတာအသင်းဆီ လက်ဆောင်ပို့ပေးခဲ့တဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းရဲ့ နည်းစနည်းဒါရိုက်တာ Michael Emenalo ဟာ လက်စတာကစားသမား ဂိုလိုကန်တေကို ခေါ်ယူ ခွင့်ပေးခဲ့တဲ့ လက်စတာအသင်းကို ကျေးဇူးတုန့်ပြန်သည့်အနေဖြင့် လက်ဆောင်တွေ ပို့ပေးခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ ချယ်လ်ဆီးဟာ လက်စတာအသင်းရဲ့ အဓိကကစားသမား ကန်တေကို ပေါင်သန်း 30 ဖြင့် ယမန်နှစ် ဇွန်လနှောင်း ပိုင်းက ခေါ်ယုနိုင်ခဲ့ပါတယ်။

ကန်တေဟာ ပြင်သစ်လက်ရွေးစင်ကစားသမားတစ်ယောက်ဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ်ကမှ လက်စတာအသင်းကို ပြောင်းရွှေ့လာခဲ့
သူ ဖြစ်ပါတယ်။ ဒါပေမယ့် ခြေစွမ်းခြေစရှိလို့ ချယ်လ်ဆီးအသင်းဟာ ယင်းနှစ်မှာပင် ခေါ်ယူဖို့ ကြိုစားခဲ့ပြီး 2016 ခုနှစ် ဇူလိုင်မှာ အပြီးသတ် စာချုပ် ချုပ်ဆိုနိုင်ခဲ့တာ့ပါ။ ယခုဆို ကန်တေရဲ့ စွမ်းဆောင်မှု တစိတ်တဒေသပါဝင်တဲ့ ချယ်လ်ဆီးအ သင်းဟာ  ပရီးမီယားလိဂ်ဆုဖလားကြီးကို ကိုင်မြှောက်နိုင်ခဲံ့ပါတယ်။ 

ကန်တေဟာ PFA ဆုအပြင် Football Writers’ Player of the Year Awards ဆုတွေကိုလည်း ချယ်လ်ဆီးအ သင်းနဲ့အတူ လက်ခံရယူနိုင်ခဲ့ပါတယ်။ Emenalo က ” ကျနော်တို့ သူ့ကို ခေါ်ယူခွင့်ရလို့ ကံကောင်းခဲ့ပါတယ် … လက်စတာကို ကျေးဇူးတင်လွန်းလို့ ပန်းစည်းတွေတောင် ပို့ပေးခဲ့ပါတယ် “လို့ ထုတ်ဖော်ခဲ့ပါတယ်။

READ
၁၆-၂-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ချယ်လ်ဆီးအသင်း မန်နေဂျာ ကွန်တီကလည်း ချယ်လ်ဆီးအသင်းရဲ့ ချန်ပီယံသရဖူကာကွယ်ဖို့နဲ့ ချန်ပီယံလိဂ်မှာ ကြီးမားတဲ့ အောင်မြင်မှုရဖို့အတွက် ကန်တေဟာ အရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်လို့ မကြာသေးခင်ကမှ ထုတ်ဖော်ဝန်ခံခြင်း ခံထားရသူ ဖြစ်ပါတယ်။

ကန်တေက ” နောက်ရာသီက အသင်းအတွက် ပိုအရေးပါပါတယ် .. အကြောင်းကတော့ ချန်ပီယံကို ကာကွယ်ရမှာ ဖြစ်သလို ချန်ပီယံလိဂ်သာမက EPL နဲ့ FA မှာပါ ဗိုလ်ဆွဲဖို့ကြိုးစားမှာ ဖြစ်လို့ .. စိန်ခေါ်မှုအသစ်ပါဘဲ … ကျနော် ချယ်လ် ဆီးနဲ့အတူ ဆက်ကြိုးစားနေမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။

ညီလင်းထက် (Shwemom)

source : metro.co.uk

SHARE