ရိုးမားနောက်ခံလူ ရူဒီဂါကို ပေါင်(34)သန်းဖြင့် ချယ်လ်ဆီးအသင်း ခေါ်ယူ

2016-17 ပရီးမီးယားလိဂ်ချန်ပီယံ ချယ်ဆီးအသင်းဟာ ရိုးမားအသင်းမှ ဂျာမနီလက်ရွေးစင်နောက်ခံကစားသမား ရူဒီဂါ
ကို ပေါင်(၃၄)သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ အသက်(၂၄)နှစ်အရွယ် ရူဒီဂါကို (၅)နှစ်စာချုပ်,ချုပ်ဆို
ခဲ့ပြီး ကျောနံပါတ်(၂)ကို ၀တ်ဆင်ကစားစေမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်းဟာ ရူဒီဂါရဲ့ပြောင်းရွှေ့ကြေးအတွက် ရိုးမားအသင်းကို ကနဦး ပေါင်(၃၁)
သန်းပေးခဲ့ပြီး ခြေစွမ်းနဲ့အောင်မြင်မှုပေါ်မူတည်ပြီး နောက်ထပ်(၃)သန်းထပ်ပေးရမှာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်း
ဟာ အခုနှစ်နွေရာသီမှာ မန်စီးတီးနဲ့လမ်းခွဲခဲ့တဲ့ ဂိုးသမား ကာဘယ်လာရိုကိုသာ ကိုခေါ်ယူထားပြီး ရူဒီဂါမှာ သူတို့ရဲ့
ဒုတိယမြောက်ခေါ်ယူမှုဖြစ်ပေမယ့် ငွေကြေးသုံးစွဲမှုမှာတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

အရပ်(၆)ပေ၊ (၃)လက်မရှိတဲ့ ရူဒီဂါဟာ ဗဟိုနောက်ခံကစားသမားဆိုပေမယ့် နောက်တန်းနေရာစုံကစားနိုင်တဲ့ကစား
သမားဖြစ်ပါတယ်။ ရူဒီဂါဟာ လူငယ်ကစားသမားဘ၀ကို ဒေါ့တ်မွန်မှာလည်း ဖြတ်သန်းခဲ့ဖူးပြီး စတုဂတ်ကိုရောက်ရှိခဲ့
သူပါ။ စတုဂတ်မှာတော့ သူ့ရဲ့စီနီယာကစားသမားဘ၀ကို စတင်ခဲ့ပြီး 2015-16ရာသီမှာ ရိုးမားကို အငှားနဲ့ရောက်ရှိ
ခဲ့ပါတယ်။ ခြေစွမ်းပြနိုင်တာကြောင့် ရူဒီဂါဟာ ပြီးခဲ့တဲ့ရာသီမှာတော့ ရိုးမားရဲ့တရားဝင်ကစားသမားဖြစ်ခဲ့ပေမယ့် အခု
နှစ်နွေရာသီမှာ ချယ်လ်ဆီးကို ရောက်လာခဲ့တာဖြစ်ပါတယ်။

READ
အလိမ်ခံလိုက်ရ၍ ပြိုင်ကားတွေထုတ်ရောင်းနေရတယ်ဆိုတဲ့ မေ၀ဲလ်သာ

သူဟာ ရိုးမားအသင်းအတွက် (၇၂)ပွဲမှာ (၂)ဂိုးသွင်းယူပေးထားပြီး ၈ျာမနီလက်ရွေးစင်အသင်းအတွက်လည်း (၁၇)ပွဲ
ကစားပေးထားသူပါ။ ချယ်လ်ဆီးနဲ့ တရားဝင်လက်မှတ်ထိုးပြီးနောက် ရူဒီဂါက ”ဒီလိုအသင်းမျိုးကို ပြောင်းရွှေ့ခွင့်ရတဲ့
အခွင့်အရေးရှိသူအနည်းငယ်သာရှိလို့ ကျွန်တော်အနေနဲ့ ချယ်လ်ဆီးကိုရောက်တာ ပျော်ပါတယ်။ အသင်းဖော်တွေနဲ့
အမြန်ဆုံးတွေ့ဆုံဖို့ မျှော်လင့်နေပါပြီ”လို့ ပြောဆိုခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းအားကစားဒါရိုက်တာ အီမန်နာလိုကလည်း ”ကျွန်တော်တို့အသင်းရဲ့ နောက်တန်းထဲကို အရည်အ
သွေးရှိတဲ့ ကစားသမားတစ်ဦးထပ်ထည့်လိုက်လို့ အားရမိပါတယ်။ ရူဒီဂါဟာ ငယ်ရွယ်သေးပေမယ့် ကလပ်အဆင့်နဲ့
ရော နိုင်ငံတကာအဆင့်ပြိုင်ပွဲတွေမှာပါ အတွေ့အကြုံကောင်းကောင်းရှိသူပါ။ သူ့အနေနဲ့ အသင်းနဲ့အလျင်အမြန်အ
ထိုင်ကျမယ်လို့ မျှော်လင့်မိပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင်
ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ဘာသာပြန်ဆောင်းပါး
များကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်
ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

M2T (Shwemom), Source ; thesun.co.uk
SHARE