Chelsea Vs Manchester United ပွဲကြိုသုံးသပ်ချက် (ဖုန်းကဒ်တစ်ကဒ်မဲဖောက်ပေးမည်)

ဒီတစ်ပတ် တနင်္ဂနွေနေ့မှာတော့ ပရီမီယားလိဂ်မှာ ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ ချယ်လ်ဆီးအသင်းနဲ့ မန်ယူအသင်းတို့ရဲ့
ထိပ်တိုက်တွေ့ဆုံမှု ပွဲကောင်းတစ်ပွဲ ပါဝင်လာပါတယ်။ အားလုံး သိကြတဲ့အတိုင်း ချယ်လ်ဆီးဟာ ဇယားအောက်ခြေ
ကနေ အပေါ်ကိုတက်ဖို့ ရုန်းကန်နေရသလို၊ မန်ယူအသင်းကလည်း နည်းပြဗန်ဂေါရဲ့လက်အောက်မှာ ပုံမှန်ခြေစွမ်းရ
ဖို့ ရုန်းကန်နေရပါတယ်။

လက်ရှိခြေစွမ်းအရ မန်ယူအသင်းက အနည်းငယ်သာတယ်လို့ ပြောလို့ရပေမယ့် သွားရောက်ယှဉ်ပြိုင်ရမယ့်ကွင်းက
စတမ်းဖို့ဘရစ်ခ်ျဖြစ်နေတာကိုလည်း ထည့်တွက်ရမှာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ နောက်ဆုံး ငါးပွဲမှာ ခြောက်
မှတ်သာ ရယူထားနိုင်ပြီး၊ မန်ယူကလည်း ကိုးမှတ်သာ ရယူထားနိုင်သေးတာမို့ ခြေစွမ်းပိုင်း ကွာခြားမှု မရှိဘူးလို့လည်း
ကောက်ချက်ချလို့ရပါတယ်။ ဒါပေမယ့် နောက်ဆုံး ငါးကြိမ်ထိပ်တိုက် တွေ့ဆုံမှုမှာ မန်ယူအသင်းဟာ ချယ်လ်ဆီကို
အသာမရခဲ့ပဲ ငါးပွဲမှာ သုံးပွဲသရေ နှစ်ပွဲရှုံးရလာဒ်ကို ပိုင်ဆိုင်ထားပါတယ်။

READ
ဗာဒီရဲ့နာမည်ပါအင်္ဂလန်အသင်းအင်္ကျီကိုလိုချင်နေတဲ့ ရူးနီရဲ့သားငယ်လေးKai

ချယ်လ်ဆီအသင်းဟာ ဂိုးရရင် ပိတ်ကစားတဲ့ အလေ့အထကို ပြီးခဲ့တဲ့ ပွဲတွေမှာ ဆက်လက်တွေ့ခဲ့ရပြီး ကွင်းလယ်နဲ့
တိုက်စစ်ချိတ်ဆက်မှုအပိုင်းမှာတော့ မန်ယူထက် ပိုကောင်းတယ်လို့ သတ်မှတ်လို့ရပါတယ်။ ဒါ့အပြင် နောက်တန်း
ကစားပုံကလည်း မန်ယူထက် အနည်းငယ် သာတယ်လို့ ဆိုရမှာပါ။ မန်ယူဘက်က ကြည့်ရင် နောက်တန်း အမှား
အယွင်း များနေပြီး ကွင်းလယ်မှာ key player သတ်သတ်မှတ်မှတ်မရှိခြင်းကလည်း အခြားအသင်းတွေနဲ့ယှဉ်ရင်
အားနည်းချက် ဖြစ်ပါတယ်။

ဒါပေမယ့် လူငယ်ကစားသမားတွေနဲ့ အသင်းခေါင်းဆောင် ရွန်းနီရဲ့ ချိတ်ဆက်မှုဟာ တစ်ပွဲနဲ့တစ်ပွဲ နားလည်မှုပိုရှိ
လာတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဖယ်လိုင်နီကဲ့သို့သော ကွင်းလယ်အဖျက်အားသန်တဲ့ ကစားသမားတွေရဲ့ အားနဲ့
ချယ်လ်ဆီးကို ဂိုးရ ခက်ခဲစေမှာပါ။ နှစ်သင်းစလုံး ခြေရည်တူလို့ သရေရလဒ်နဲ့သာ အဆုံးသတ်သွားမယ်လို့ ခန့်မှန်း
ရပြီး နှစ်သင်းပေါင်း သွင်းဂိုးလည်း နည်းနိုင်ပါတယ်။ ချယ်လ်ဆီးကတော့ မာရှယ်လ်ကို အဓိကထိန်းဆော့သွားဖို့
များပါတယ်။

READ
၁၀-၄-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ချယ်လ်ဆီး vs မန်ယူ
ကစားမည့်ကွင်း- စတမ်းဖို့ဘရစ်ခ်ျ-ချယ်လ်ဆီး
နေ့ရက်- 7.6.2016 တနင်္ဂနွေ

ဖြစ်နိုင်ဖွယ်ရလာဒ်
ချယ်လ်ဆီး 0-0 မန်ယူ
ချယ်လ်ဆီး 1-1 မန်ယူ

Myanmar Online Media

 

SHARE