တစ်ခွင်လုံးမှိုင်းနေတဲ့ မြူခိုးတွေကြောင့် စိုးရိမ်ဖွယ်အခြေအနေဖြစ်လာတဲ့ ချင်းမိုင်မြို့

တောမီးတွေကြောင့် ထိုင်းနိုင်ငံက ချင်းမိုင်မြို့အပါအ၀င် ပြည်နယ်(၉) ခုရဲ့ လေအရည်အသွေးဟာ တော်တော်ကြီးဆိုးဆိုးဝါးဝါး ကျဆင်းနေကြောင်း သိရပါတယ်။ အင်္ဂါနေ့ညနေ (၄) နာရီအချိန် ချင်းမိုင်မြို့ထဲ တိုင်းထွာချက်အရ air quality index (AQI) ဟာ (၂၃၀) ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာမှာတော့ AQI (၁၇၀) နဲ့ အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်မှာ AQI(၁၆၄) ရှိတာကြောင့် လေထုအညစ်ညမ်းဆုံးဖြစ်နေတဲ့ ၄င်းမြို့တော်တွေထက်တောင် ချင်းမိုင်က သာလွန်သွားတာ ဖြစ်ပါတယ်။

bangkokpost

ဗုဒ္ဓဟူးနေ့မှာတော့ ချင်းမိုင်မြို့ရဲ့ AQI ဟာ (၂၉၆) ထိရှိလာတာကြောင့် မြို့နေထိုင်သူတွေအတွက် အန္တရာယ်အလွန်များတဲ့ အခြေအနေဖြစ်နေပါတယ်။ AQI ဟာ လေထုထဲမှာ ပါဝင်တဲ့ PM (2.5) ၊ PM10 နဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ဆို့ကို တိုင်းတာတဲ့ ရလဒ် ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ လေထုညစ်ညမ်းမှုထိန်းသိမ်းရေးဌာန Pollution Control Department (PCD) ကတော့ ထိုင်းနိုင်ငံမြောက်ပိုင်းရဲ့ လေထုဟာ စိုးရိမ်ဖွယ်အခြေအနေရှိနေပြီလို့ ဆိုလိုက်ပါတယ်။

READ
တစ်သက်မှာ တစ်ခါမြင်ဖူးဖို့တောင် ခက်ခဲလွန်းတဲ့ ကမ္ဘာ့အရှားပါးဆုံး တိရိစ္ဆာန်များ

PM (2.5) ဆိုတာကတော့ လေထုထဲပါဝင်တဲ့ အမှုန်တွေဟာ အချင်း (2.5) micrometres အောက် ရှိနေပြီလို့ ပြဆိုတာဖြစ်ပါတယ်။ (2.5) micrometres ဟာ လူ့ဆံပင် အချင်းရဲ့ (၃) ရာခိုင်နှုန်းရှိပါတယ်။ တကယ်လို့ အသက်ရှူလိုက်တဲ့အခါ ၄င်းအမှုန်တွေဟာ အဆုတ်ထဲရောက်သွားခဲ့ရင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်စေမယ့်အပြင် နှလုံးနဲ့ ဆက်စပ်ရောဂါတွေကိုပါ ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။

(Screenshot from airvisual.com)

ချင်းမိုင်ရဲ့ လေထုညစ်ညမ်းမှုဟာ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ပရာရွတ်ချန်အိုချာအတွက် ဖိအားများတဲ့ ပြဿနာတစ်ရပ်ဖြစ်နေပါတယ်။ လာမယ့် စနေနေ့မှာ ၀န်ကြီးချုပ်ဟာ ချင်းရိုင်ခရိုင်ကို သွားရောက်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ပြဿနာဖြစ်နေတဲ့ မီးခိုးမြူတွေနဲ့ ပတ်သက်လို့ ဖြေရှင်းမည်ဖြစ်ကြောင်း သိရပါတယ်။ ချင်းမိုင်နေထိုင်သူတစ်ဦးဖြစ်ပြီး လက်ရှိ ချင်းမိုင်တက္ကသိုလ်မှာ နှလုံးပညာရှင်၊ နည်းပြဆရာဖြစ်တဲ့ ဒေါက်တာ ရစ်ဆစ် ကန်ဂျန်နာဗာနစ်ကတော့ မီးခိုးတွေနဲ့ မှိုင်းနေတဲ့ ကောင်းကင်ပြင်ကို ကြည့်ပြီး တောမီးနဲ့ အမှိုက်စုံပြုံမီးရှို့မှုကို ပပျောက်အောင် အစိုးရက အများကြီး ကမ်ပိန်းလုပ်ဖို့ လိုအပ်နေသေးတယ်လို့ ဆိုခဲ့ပါတယ်။

bangkokpost

တောမီးဖြစ်အောင် အမှိုက်တွေကို စုပုံပြီး စတင်မီးရှို့ခဲ့တဲ့ လယ်သမားတွေကို ဖမ်းဆီးခြင်း၊ မီးငြိမ်းသတ်ဖို့ ကြိုးစားခြင်း၊ လေထုထဲ ပါဝင်တဲ့ အမှုန်ပမာဏကို ထိန်းချုပ်ဖို့ ကြိုးစားခြင်းထက် ရေရှည်မှာနိုင်ငံအတွက် အဆင်ပြေမယ့် အစီအမံတွေကို ပြန်လည်စဉ်းစားသင့်ကြောင်းလည်း ထောက်ပြခဲ့ပါသေးတယ်။ လေထုညစ်ညမ်းမှုပြဿနာဟာ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ရာသီပြဿနာဖြစ်နေတာ ဆယ်စုနှစ်တစ်ခုတောင် ရှိနေပြီဖြစ်ကြောင်းလည်း သိရပါတယ်။ များသောအားဖြင့် ဇန်န၀ါရီလကနေ ဧပြီလအထိမှာ ဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် မတ်လမှာ အပူပြင်းတဲ့အတွက် တောမီးတွေ လောင်လေ့ရှိကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

READ
တရုတ်ပြည်တစ်ဝှမ်း ချယ်ရီပန်းပွဲတော်မှ ပုံရိပ်များ

Ref: bangkokpost

SHARE