မီးရထားသံလမ်းတွေကို မီးလိုက်ရှို့နေကြတဲ့ ချီကာဂိုမှတာဝန်ရှိသူများ

အမေရိကတစ်ခွင်မှာ တစ်သက်မှတစ်ခါသာ ကြုံရတဲ့ အကြီးအကျယ်အအေးလွန်ကဲမှုကြီးဖြစ်ပေါ်လျက်ရှိပါတယ်။ အအေးဒဏ်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ သေဆုံးသွားသူဟာ (၁၀) ယောက်ကျော်တောင် ရှိနေပါပြီ။

ချီကာဂိုမှာလည်း ၂၀၁၉ ဇန်နဝါရီလ (၃၁) ရက်နေ့ တိုင်းတာချက်အရ အပူချိန်ဟာ -၂၀ နဲ့ -၂၅ အတွင်းသာရှိတော့ပြီး တချို့အချိန်တွေမှာတော့ -၃၅ လောက်အထိ ကျဆင်းလျက်ရှိပါတယ်။ လေကလည်း ပြင်းနေတာကြောင့် လေအားနဲ့သာပေါင်းမယ်ဆိုရင်တော့ အပူချိန်ဟာ -၄၅ နဲ့ အတူတူပဲလို့လည်း သိရပါတယ်။

EPA

ဒီလိုအေးခဲလှတဲ့ ရာသီဥတုကြောင့် နှင်းတွေလည်း လက်မနဲ့ချီကာ ဖုံးလွှမ်းနေကြပါတယ်။ လမ်းမတွေပေါ်မှာ ကားတွေသွားလာရခက်သလို လေဆိပ်တွေမှာလည်း လေတိုက်နှုန်းများပြီး ဆီထည့်တာတောင် ဆီပိုက်လိုင်းခဲသွားတာတွေ ဖြစ်နေတဲ့အတွက် လေယာဉ်တော်တော်များများ ရပ်နားထားနေရပါတယ်။

ရေကြောင်းလိုင်းမှာလည်း ရေမျက်နှာပြင်အေးခဲမှုတွေကြောင့် ပြေးဆွဲနေတဲ့ သင်္ဘောအနည်းငယ်သာ ရှိပါတော့တယ်။ ဆီးနှင်းများကြောင့် ရထားသံလမ်းများမှာလည်း နှင်းများဖြင့်ဖုံးလွှမ်းကာ ရေခဲနေခဲ့ပါတယ်။

Metra

ဒီလိုအခြေအနေမျိုးမှာ သံလမ်းဟာ ချောနေပြီး အရှိန်နဲ့ခုတ်မောင်းလာတဲ့ရထားကြောင့် လမ်းချော်မှုတွေ၊ ရထားတိမ်းမှောက်မှုတွေဖြစ်ပေါ်တတ်ပါတယ်။ ဒီအပြင် အအေးဒဏ်ကြောင့်ရထားသံလမ်းတွေဟာ ရှုံ့သွားပြီး သံလမ်းရဲ့ အကွာအဝေးကိုလည်း ပြောင်းလဲသွားစေခဲ့တယ်လို့ ချီကာဂိုမြို့မှ Metra ခရီးသည်တင်ရထားဘူတာရဲ့ Instagram မှာ ရေးထားခဲ့ပါတယ်။ ဒါကြောင့် ချီကာဂိုမြို့ကတော့ သူတို့ရဲ့ရထားလမ်းတွေကို ပုံမှန်အနေအထားအတိုင်းပြန်ဖြစ်အောင် အစီအစဉ်တစ်ခုကို အင်္ဂါနေ့မှာ ပြုလုပ်ခဲ့ပါတယ်။

READ
13နှစ်အရွယ်မိန်းကလေးကိုလိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ဖိလစ်ပိုင်သင်းအုပ်ဘုန်းကြီးအဖမ်းခံရ

သံလမ်းတွေကို မီးရှို့ပစ်တာပါ။ Metra ဘူတာရဲ့ ပြောရေးဆိုခွင့်ရှိသူ Micheal Gillis ဟာ ပြုလုပ်ပုံအဆင့်အဆင့်ကို CNN အားပြောပြခဲ့ပါတယ်။ မီးရှို့တယ်ဆိုတာ လောင်စာဆီသုံးပြီး မီးရှို့လိုက်တာမျိုးမဟုတ်ဘဲ ဂတ်စ်အပူပေးစနစ်ဖြင့် သေသေချာချာစနစ်တကျ အပူပေးတာပဲဖြစ်ပါတယ်။ ဒီစနစ်ဟာ မြောက်အမေရိကမှာလည်း အသုံးပြုနေကြပါတယ်။

Metre

သံလမ်းတွေကို အပူပေးဖို့အတွက် ဘူတာရုံအင်ဂျင်နီယာဝန်ထမ်းတွေဟာ (၁၂) နာရီလောက် အလုပ်လုပ်ခဲ့ကြရပါတယ်။ အပူပေးတာဟာ လောင်စာဆီလောင်းပြီး လူကိုယ်တိုင်လက်နဲ့မီးရှို့တာထက်စာရင် ဒီဇယ်နဲ့ခုတ်မောင်းတဲ့ ရထားတွေအတွက်ရော၊ ဝန်ထမ်းတွေအတွက်ပါ ပိုလုံခြုံတာကြောင့် အချိန်ကြာသော်လည်း အခုလိုမျိုး ဖြေးဖြေးချင်းလုပ်ခဲ့ရတာပါလို့ Micheal Gillis က ပြောခဲ့ပါတယ်။

Source: CNN

Penny

 

SHARE