အအေးဒဏ်ကြောင့် အိမ်ခြေယာမဲ့ ၇၀ အတွက် ဟိုတယ်ခန်းစီစဉ်ပေးတဲ့အမည်မသိအလှူရှင်

အမေရိကတစ်ခွင်မှာ တစ်သက်မှတစ်ခါသာ ကြုံရတဲ့ အကြီးအကျယ်အအေးလွန်ကဲမှုကြီးဖြစ်ပေါ်လျက်ရှိပါတယ်။ အအေးဒဏ်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ သေဆုံးသွားသူဟာ (၁၀) ယောက်ကျော်တောင် ရှိနေပါပြီ။

EPA

ချီကာဂိုမှာလည်း ၂၀၁၉ ဇန်နဝါရီလ (၃၁) ရက်နေ့ တိုင်းတာချက်အရ အပူချိန်ဟာ -၂၀ နဲ့ -၂၅ အတွင်းသာရှိတော့ပြီး တချို့အချိန်တွေမှာတော့ -၃၅ လောက်အထိ ကျဆင်းလျက်ရှိပါတယ်။ လေကလည်း ပြင်းနေတာကြောင့် လေအားနဲ့သာပေါင်းမယ်ဆိုရင်တော့ အပူချိန်ဟာ -၄၅ နဲ့ အတူတူပဲလို့လည်း သိရပါတာ်။

အိမ်ယာရှိသူတွေအတွက်ကတော့ အအေးဒဏ်ကို အံတုနိုင်ပေမယ့် အိမ်ခြေယာမဲ့ပုဂ္ဂိုလ်တွေအတွက်ကတော့ ဆောင်းတွင်းရဲ့အေးခဲမှုကို လမ်းမပေါ်မှာခံရဖို့အတွက် သိပ်ကို ခက်ခဲနေခဲ့ပါတယ်။

အိမ်ခြေယာမဲ့တွေအတွက် အချို့သော ချီကာရို ပြည်သူများဟာ South Loop ဒေသတစ်ဝိုက်မှာ နားခိုစရာနေရာလေးတစ်ခုရစေရန်အတွက် tent တွေ လှူဒန်းခဲ့ကြပါတယ်။ သို့ပေမယ့် လှူပြီးပြီးချင်းနေ့နဲ့ နေ့လည်ပိုင်းလောက်မှာတင် ဖြစ်ရပ်ဆိုးကြီးတစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။

Twitter

လှူထားတဲ့ tent ထဲကတစ်လုံးဟာ ရုတ်တရက်မီးလောင်ကာ ပေါက်ကွဲမှုဖြစ်သွားခဲ့ပါတယ်။ အပူပေးစက်နဲ့ tent အစတို့ဟာ ပူးကပ်နေတာကို သတိမထားမိဘဲ အချိန်အတော်ကြာရှိနေတဲ့အတွက်ကြောင့် မီးလောင်ရင်း အပူပေးစက်ကိုပါ မီးကူးသွားခဲ့တာကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ ပေါက်ကွဲမှုဖြစ်စဉ် အနီးအနားမှာရှိတဲ့ tent တွေကိုပါ အလွယ်တကူကူးစက်သွားကာ အိမ်ခြေယာမဲ့များ ထပ်ပြီး အိမ်ခြေယာမဲ့ဖြစ်ခဲ့ကြပြန်ပါတယ်။

READ
အကြွေး ဒေါ်လာ(၃)သောင်းကျော်ထားခဲ့ပြီး မိန်းကလေးနောက်လိုက်ပြေးသွားတဲ့ သတို့သမီး

ပေါက်ကွဲမှုဖြစ်ပွားစဉ်ဟာ နေ့ဖက်ဖြစ်ပြီး ညဖက်တွေမျာ အအေးဒဏ်ပိုကဲတဲ့အတွက် tent ဆုံးရှုံးသွားခဲ့ရတဲ့ အိမ်ခြေယာမဲ့ပေါင်း (၇၀) အတွက် ခိုလှုံရာနေရာကင်မဲ့လို့သွားခဲ့တပါတယ်။

Google Street View

ဒီသတင်းတွေတက်လာပြီးနောက်ပိုင်း အိမ်ခြေယာမဲ့ အယောက် (၇၀) အတွက် ခိုလှုံလို့ရမယ့်နေရာပေးဖို့အတွက် Salvation Army မှ ကမ်းလှမ်းခဲ့ပါတယ်။ Salvation Army ဆိုတာ နိုင်ငံအရပ်ရပ်ရှိ ခရစ်ယာန်ဘုရားကျောင်းများမှ ဖွဲ့စည်းထားတဲ့ ပရဟိတအဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါတယ်။

ကမ်းလှမ်းခဲ့သော်လည်း ထိုအိမ်ခြေယာမဲ့ အယောက် (၇၀) အတွက် အနီးအနားမှာရှိတဲ့ ဟိုတယ်တစ်ခုမှ လာရောက်ခေါ်ယူခဲ့ပါတယ်။ အယောက် (၇၀) လုံးအတွက် ဟိုတယ်အခန်းတွေ စီစဉ်ပေးဖို့အတွက် အမည်မသိလူတစ်ဦးမှ ပိုက်ဆံပေးခဲ့ကြောင်းပြောကာ အိမ်ခြေယာမဲ့များကို လာခေါ်သွားတာပါ။

AP

ဟိုတယ်ဖက်မှလည်း အိမ်ခြေယာမဲ့များကို သူတို့ရဲ့တကယ့်ဧည့်သည်အတိုင်း ဝန်ဆောင်မှုပေးကာ ဆက်ဆံခဲ့ကြပါတယ်။

အမေရိကန်တစ်ဝိုက်မှာရှိတဲ့ လမ်းမထက်မှာ အအေးဒဏ်ကြောင့် အိမ်ခြေယာမဲ့များအတွက် ပြည်သူလူထုမှ တတ်နိုင်သလောက် ခေတ္တခိုလှုံခွင့်များပေးနေခဲ့ပါတယ်။ စူပါမားကတ်များမှ ညဖက်ပိတ်ချိန်မှာ နွေးနွေးထွေးထွေးအိပ်စက်ခွင့်ပေးခြင်း၊ ကျောင်းပိတ်ပေးထားတဲ့ ပုဂ္ဂလိကကျောင်းများရဲ့ အားကစားခန်းမအတွင်း အစားအသောက်များပါကျွေးပြီး ခေါ်ယူထားခြင်းတို့ကို ပြုလုပ်လျက်ရှိတဲ့အပြင် လေကာအကျီင်္များ၊ ပူပူနွေးနွေးအစားအသောက်များကိုလည်း အိမ်တိုင်းလိုလိုမှ တတ်နိုင်သလောက် ထောက်ပံ့ပေးလျက်ရှိပါတယ်။

READ
အိမ်ယာမဲ့၁၈ဦးကို ကျွန်အဖြစ်ခိုင်းစေခဲ့တဲ့မိသားစုကို စုပေါင်းထောင်ဒဏ်အနှစ်(၈၀)ချမှတ်

အအေးဒဏ်ကြောင့် ကမ္ဘာ့ပဉ္စမမြောက်အကြီးဆုံးရေကန်ဖြစ်တဲ့ Lake Michigan ဟာလည်း သမိုင်းတစ်လျှောက်ဖြစ်ထောင့်ဖြစ်ခဲ့အခြေအနေမျိုးနဲ့ ရေတွေခဲသွားခဲ့ပါပြီ။ National Weather Service မှ ထုတ်ပြန်ချက်အရ လွန်ကဲတဲ့အအေးဒဏ်ကြောင့် ပြည်သူများကိုသတိပေးချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အသက်ရှူရာမှာ အရမ်းကြီးရှိုက်မရှူမိစေဖို့နဲ့ ခြောက်သွေ့တဲ့လေထုကြောင့် စကားအများကြီးမပြောနဲ့ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

Source: Ladbible, CNN

Penny

SHARE