ငရုတ်သီးနံ့လေးမွှေးပြီး အရမ်းစားကောင်းတဲ့ကြက်သား ပန်းဂေါ်ဖီစိမ်းကြော် ချိုစပ်ချက်နည်း

ဒီတစ်ခါ ကြက်သားနဲ့ ပန်းဂေါ်ဖီစိမ်းလေးကို ချိုချိုစပ်စပ်လေးချက်စားကြည့်ကြရအောင်နော်။

လိုအပ်သောပစ္စည်းများ

  • ကြက်သား အစိတ်သား
  • ငရုတ်ပွ တစ်လုံး
  • ငရုတ်သီးမှည့် ၁၀ တောင့်
  • ပန်းဂေါ်ဖီစိမ်း (သင့်တော်သလောက်)
  • ကြက်သွန်မြိတ် အနည်းငယ်
  • ပဲငံပြာရည် တစ်ဇွန်း
  • ကြက်သားမှုန့် တစ်ဇွန်း
  • ခရုဆီ တစ်ဇွန်း
  • ဆား
  • ကြက်သွန်ဖြူ ၅တက်
  • ကြက်သွန်နီ ၃ လုံး

ချက်ပုံအဆင့်ဆင့်

  • ပထမဆုံးကြက်သားကို တုံး၍ ဆား၊ ကြက်သားမှုန့်တို့နှင့်နယ်ထားပါ။
  • ပန်းဂေါ်ဖီစိမ်းကိုလည်း သေးသေးလေး ခွဲထားပါ။
  • ကြက်သွန်မြိတ်နှင့် ငရုတ်သီးများကိုလည်း ပါးပါးလေးလှီးလိုက်ပါ။
  • ငရုတ်ပွကိုလည်း ခပ်သေးသေးစိတ်လိုက်ပါ။။
  • ကြက်သွန်ဖြူ၊ နီများကိုထောင်းပါ။
  • ဒယ်အိုးထဲတွင်ဆီထည့်၍ အပူပေးလိုက်ပါ။
  • ဆီအနည်းငယ်ပူလာလျှင် ကြက်သွန်များနှင့် ငရုတ်ပွများကိုထည့်လိုက်ပါ။
  • ပဲငံပြာရည်၊ ခရုဆီတို့ကို ထည့်ပါ။
  • ဆီပြန်လာလျှင် ကြက်သားနှင့် ငရုတ်သီးတို့ကို ထည့်ပါ။
  • ကြက်သားကျက်ခါနီးလျှင် ပန်းဂေါ်ဖီစိမ်းကိုထည့်ပါ။
  • ဆီပြန်လာ၍ အနံ့မွှေးလာလျှင် မီးဖိုပေါ်မှချ၍ သုံးဆောင်နိုင်ပါပြီ။
READ
ထောပတ်သီးနေ့တိုင်းစားပေးတဲ့အခါ ခန္ဓာကိုယ်မှာရရှိလာမယ့်ကောင်းကျိုးများ

Em Em (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE