သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို သင်းကွပ်ပစ်တော့မယ့် ကာဇက်စတန်နိုင်ငံ

Anonews.Co

သက်ငယ်မုဒိမ်းမှုတွေအတွက် ကာဇက်စတန်နိုင်ငံဟာဆိုရင်တော့ ဓာတုဆေးထိုးသွင်းပြီး သင်းကွပ်တာကို တရားဝင် ခွင့်ပြုလိုက်တဲ့ ပထမဦးဆုံးနိုင်ငံပဲ ဖြစ်ပါတယ်။ Turkestan ဒေသမှာရှိတဲ့ အမည်မသိ အမျိုးသားတစ်ဦးကတော့ နိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တရားဝင်ခွင့်ပြုမိန့်နဲအတူ ပထမဦးဆုံး သင်းကွပ်ခံမယ့် တရားခံအမျိုးသားတစ်ဦးပဲဖြစ်ပါတယ်။

east2west-news

ကာဇက်စတန်နိုင်ငံရဲ့ သမ္မတဖြစ်သူ Nursultan Nazarbayv ဟာ ဓာတုဗေတနည်းအရသင်းကွပ်ဖို့ လိုအပ်တဲ့ ထိုးဆေးတွေအတွက် ယိုရို (၂၀,၅၀၀) ကို ခွဲတမ်းချပေးထားကြောင်းသိရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ အခုအချိန်မှာတော့ တရားရုံးကနေ သင်းကွပ်ဖို့အမိန်းချမှတ်ထားတဲ့ လောလောလတ်လတ်အမှုတစ်ခုရှိနေပြီဖြစ်ကြောင်း ပြောထားပါတယ်။

east2west-news

ဒီလို ဆေးထိုးပြီးသင်းကွပ်မယ့် ဥပဒေကို ကာဇက်စတန်နိုင်ငံက (၂၀၁၈) ခုနှစ်ကမှ စတင်အဆိုပြုခဲ့တာပဲဖြစ်ပါတယ်။ အခုဥပဒေနဲ့ပတ်သက်လို့ လွှတ်တော်အမတ် Byganym Aitimova အရ သင်းကွပ်မှုတွေစာ ပြစ်မှုကျူးလွန်တဲ့ အလေးပေါ့ပေါ်လိုက်ပြီး အချိန်အတိုင်းအတာတစ်ခုအထိ ယာယီဖြစ်နိုင်သာ ဖြစ်နိုင်တယ်လို့ သိခဲ့ရပါတယ်။ အရင်ကတည်းက ကာဇက်စတန်နိုင်ငံမှာ ကလေးသူငယ်များ လိင်အကြမ်းဖက်မှုဆိုင်ရာ တရားခံများကို ထောင်ဒဏ် အနှစ် (၂၀) ဆိုပြီး သတ်မှတ်ထားတာပါ။

READ
နွားမနဲ့ပေါင်းဖက် နေထိုင်ဖို့အတွက် မိသားစုနဲ့ ဇနီးသည်ကို စွန့်ပစ်ခဲ့တဲ့ အမျိုးသား
east2west-news

ရက်(၁,၀၀၀) အတွင်း (၂၀၁၀) နဲ့ (၂၀၁၄) ခုနှစ်တွေအတွင်းမှာ သက်ငယ်မုဒိမ်းမှုတွေ နှစ်ဆတက်လာတာကြောင့်လည်း ဒီလိုဥပဒေကို ပြထမ်းခဲ့ရတာပဲ ဖြစ်ပါတယ်။ သို့ပေမယ့် လွှတ်တော်အမတ် ပြောသွားတဲ့အတိုင်း ဒီသင်းကွပ်နည်းဟာ ခွဲစိတ်ပြီး သင်းကွပ်တာ မဟုတ်တဲ့အတွက် ရေရှည်မှာဘာမှ ထူးခြားလာမှာ မဟုတ်ဘူးလို့ ပညာရှင်တွေက ဆိုကြပါတယ်။

Source: Mirror

Penny

SHARE