ဟာသလေးတွေကြောင့် နာမည်ကြီးခဲ့တဲ့ ဘူရွန်ဒီ,ကလေးလူရွှင်တော်၊ ငှက်ဖျားဖြင့် ကွယ်လွန်

Vancee Official/YouTube

Kacaman လို့ လူသိများတဲ့ အာဖရိကနာမည်ကျော် လူရွှင်တော်လေးကတော့ ပြင်းထန်ငှက်ဖျားရောဂါကြောင့် အသက်ငယ်ငယ်မှာပဲ သေဆုံးသွားခဲ့ရပြီ ဖြစ်ပါတယ်။ Kacaman ရဲ့အမည်ရင်းမှာ Darcy Irakoze ဖြစ်ပြီး၊ သေဆုံးချိန်မှာ (၆)နှစ်သာ ရှိပါသေးတယ်။ Kacaman ရဲ့ဇာတိကတော့ အာဖရိက အရှေ့ဖျား၊ ဘူရွန်ဒီနိုင်ငံဖွား ဖြစ်ပါတယ်။

သူဟာ ရယ်မောဖွယ်ရာ သရုပ်ဆောင်မှုတွေကြောင့် အွန်လိုင်းကတစ်ဆင့် နာမည်ကျော်ကြားလာသူဖြစ်ပြီး၊ YouTube မှာ ကမ္ဘာသိ သရုပ်ဆောင်ဖြစ်လာခဲ့ပါတယ်။ အနာဂတ်မှာ ထွန်းလင်းတောက်ပလာမယ့် သရုပ်ဆောင်ကြယ်ပွင့်လေးဆိုပြီး သတင်းမီဒီယာတွေက Kacaman ကို ချီးမွှမ်းခဲ့ရဖူးပါတယ်။

Vancee Official/Instagram

BBC ရဲ့ ဖော်ပြချက်အရ Kacaman ဟာ ပြီးခဲ့တဲ့ သြဂုတ်လ (၇)ရက်၊ ဗုဒ္ဓဟူးနေ့က ငှက်ဖျားရောဂါ စွဲကပ်ခဲ့တာဖြစ်ပြီး၊ သြဂုတ်(၈)ရက်မှာပဲ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။ ကုန်းတွင်းပိတ်နိုင်ငံတစ်ခုလည်းဖြစ်၊ အာဖရိကတိုက်ရဲ့ ဆင်းရဲမွဲတေမှုအမြင့်ဆုံး နိုင်ငံထဲမှာ ပါဝင်ပါတယ်။

READ
ဝိသမလောဘသား ရွှေတူးဖော်သူတွေက အမေဇုံတောထဲမှ လူရိုင်း(၂၀)ခန့်ကို သတ်ပစ်ခဲ့

WHO ရဲ့ အဆိုအရ ဘူရွန်ဒီမှာ ယခုနှစ်တစ်နှစ်တည်းမှာပင် ငှက်ဖျားကြောင့် လူပေါင်း (၁၈၀၀)အထိ သေဆုံးခဲ့ပြီးပြီလို့ သိရပါတယ်။ ပြင်းထန်ငှက်ဖျားအမျိုးအစားဖြစ်လို့ တစ်ချို့ဟာ Kacaman လိုပဲ ကူးစက်ခံရပြီး ရက်ပိုင်းအကြာမှာ သေဆုံးသွားကြလေ့ ရှိပါတယ်။

Kacaman ရဲ့ နောက်ဆုံးဖျော်ဖြေမှုဟာ ပြီးခဲ့တဲ့ သြဂုတ်(၂)ရက်က ဖြစ်ပြီး၊ ဘူရွန်ဒီရဲ့ နာမည်ကြီး လူရွှင်တော်ဖြစ်တဲ့ Kigingi နဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖျော်ဖြေမှုအပြီး၊ နောက်ထပ် (၆)ရက်အကြာမှာ Kacaman တစ်ယောက် သေဆုံးလိမ့်မယ်လို့ ဘယ်သူကမှ တွေးထင်မိကြမှာ မဟုတ်ပါဘူး။ သင်္ခါရဆိုတာ စောတာနဲ့ နောက်ကျတာပဲ ကွာပါတယ်။

နာမည်ကျော်လူရွှင်တော် Kigingi  ကတော့ Kacaman သေဆုံးရခြင်းဟာ သူ့အတွက် အလွန်ကြီးမားတဲ့ ပြိုလဲခြင်းပါလို့ ပြောပါတယ်။ ငှက်ဖျားရောဂါဟာ အနောဖလိခြင်မတွေကြောင့် ဖြစ်ရတာပါ။ သူတို့ဟာ လူသွေးကို စုပ်နေချိန်မှာ ငှက်ဖျားကပ်ပါးပိုးကို လူတွေရဲ့သွေးထဲ ကူးစက်စေတာဖြစ်ပါတယ်။ အလွန်ဆိုးရွားတဲ့ ရောဂါဖြစ်ပြီး၊ နေရာဒေသပေါ်မူတည်ပြီး ရောဂါအနုအရင့် ကွဲပြားပါသေးတယ်။

READ
ရေကူးကန်ထဲက ရေစစ်စက်နဲ့ ဆံပင်ငြိပြီး သေမလိုဖြစ်ခဲ့တဲ့ 6နှစ်အရွယ်ကျောင်းသူလေး

လင်းဇော်ကို

SHARE