အတိတ်က လူသတ်သမားကို လူဝင်စားအဖြစ်နဲ့ ပြန်ပြီးဖော်ထုတ်ခဲ့တဲ့ ကလေးငယ်

တစ်ချို့က လူဝင်စားဆိုတာ မရှိနိုင်ဘူးလို့ ယုံကြည်ကြပါတယ်။ ဒါပေမယ့် ဘုရားရှင်ရဲ့ သံသရာစက်ဝန်းအရဆိုရင်တော့ ကျနော်တို့ဟာ ဘဝပေါင်းများစွာက ဘဝအသီးသီးကို ကျော်ဖြတ်ပြီး၊ အရင်ဘဝတွေက ကြွင်းကျန်နေဆဲ အထုံ၊ ပါရမီ၊ ၀ါသနာတွေနဲ့ ဘဝအသစ်မှာ ဆက်ပြီး ကြင်လည်ရပါတယ်။ ဒါဟာ အရိယာမဖြစ်သေးသမျှ ကြုံရတဲ့ သံသရာ လည်ခြင်းပါဘဲ။

လူဝင်စားတွေရဲ့ ထူးခြားချက်က ဆယ်ဘ၀၊ ငါးဘ၀၊ သုံးဘဝ၊ နှစ်ဘဝ စသည်တို့ကို မှတ်မိနေခြင်းပါဘဲ။ ဒါကို တစ်ချို့က မယုံကြပါဘူး။ သိပ်ကို ထူးခြားတဲ့ လူဝင်စားတွေကတော့ အရင်ဘဝက သေပြီး၊ အဲဒီဘဝက အပေါင်းအဖော်တွေ သက်ရှိထင်ရှား ရှိနေချိန်မှာ ချက်ချင်း လူပြန်ဖြစ်၊ ဘယ်သူက ဘယ်ဟာကို ၀ါသနာပါတယ်၊ ဘယ်နေရာမှာ ဘာတွေ လုပ်ခဲ့တာ၊ သူ့ကို ရန်ညှိုးရှိတဲ့သူက ဘယ်သူ စသဖြင့် တကယ့်ကို အံ့သြဖွယ်ရာ အမှန်အတိုင်း ပြောနိုင်ကြပါတယ်။

READ
လိင်ပြောင်းအလှမယ်တစ်ဦးကို ပထမဆုံးအကြိမ် သရဖူချီးမြှင့်လိုက်တဲ့ Miss Universe Spain

အခုလည်း YouTube မှာ ကျော်ကြားနေတဲ့ ဗွီဒီယိုဖိုင်ပါ ကလေးငယ်လေးဟာ သူရဲ့ ယခင်ဘဝကို ကောင်းကောင်း မှတ်မိပြီး၊ သူဟာ လူသတ်လို့ သေခဲ့ရတဲ့အကြောင်း၊ သူ့အလောင်း ဘယ်မှာ မြှုပ်ထားတယ်၊ သူ့ကို လူသတ်သမားက ဘယ်လို သတ်ဖြတ်ခဲ့တယ်၊ နဖူးပေါ်က မွေးရာပါ အမှတ်အသားဟာ အရင်ဘဝက ပုဆိန်နဲ့ ခုတ်သတ်ခံထားရတဲ့ ဒဏ်ရာ စသ
ဖြင့် တိတိကျကျ ဖော်ထုတ်နိုင်ခဲ့ပြီး၊ လူသတ်တရားခံကိုပါ ဖမ်းမိစေခဲ့ပါတယ်။

ဒီဖော်ထုတ်မှုတွေကို အဲဒီကလေး အသက် 3 နှစ်အရွယ်မှာပင် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကလေးရဲ့ နာမည်ကိုတော့ ဖော်ပြထားခြင်း မရှိပေမယ့်၊ အဆိုပါ ကလေးဟာ လွန်ခဲ့တဲ့ 4 နှစ် ယခင်ဘ၀က လက်ရှိနေထိုင်တဲ့ မြို့နဲ့ အတော် အလှမ်းကွာတဲ့ ရွာကလေးမှာ လူ ဖြစ်ခဲ့ကြောင်း၊ အပေါင်းအသင်းဟောင်းတွေရဲ့ နာမည်တွေကိုပါ ပြောပြနိုင်ခဲ့ပါတယ်။

သူဟာ သူ့အလောင်းကို မြှုပ်နှံခဲ့ရာ နေရာနဲ့၊ သူ့ကို သတ်ခဲ့တဲ့ ပုဆိန်ကို လူသတ်သမားက ဘယ်နေရာမှာ မြှုပ်နှံခဲ့သလဲဆိုတာကိုပါ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ သူ့အလောင်း မြှုပ်နှံထားရာ နေရာကို ဖော်ကြည့်တော့လည်း တကယ့် လူတစ်ယောက်ရဲ့ ရုပ်အလောင်းဟာ ဦးခေါင်းခွံကြေမွှ ဒဏ်ရာနဲ့ သေဆုံးနေတယ်ဆိုတာကို ဦးဆောင် သုတေသန ဆရာဝန်အဖွဲ့က တွေ့ရှိခဲ့ပါတယ်။ လူသတ်တရားခံကလည်း လုံးဝ မငြင်းကွယ်နိုင်လို့ ၀န်ခံခဲ့ရတယ်လို့ သိရပါတယ်။

READ
(၁,၆၀၁)ပေအရှည်ရှိ ကမ္ဘာ့အရှည်ဆုံး မှန်တံတားအသစ် တရုတ်နိုင်ငံတွင် ဖွင့်လှစ်

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

နတ်စည်တော် (Shwemom)

source : rachfeed.com

SHARE