မီးဖွားတဲ့နာကျင်မှုကို အမျိုးသားတို့ ခံစားသိသွားစေမယ့် စက်တစ်မျိုး တရုတ်မှာခေတ်စားနေ

“Childbirth Bars” သို့မဟုတ် “Delivery Bars” လို့ ခေါ်တဲ့ စက်တွေကို အသုံးပြုကာ မခံမရပ်နိုင်အောင် နာကျင်မှုကြောင့် အော်ဟစ်နေကြတဲ့ တရုတ်အမျိုးသားတို့ရဲ့ ဗီဒီယိုတွေ အင်တာနက်ပေါ်မှာ လတ်တလော ပျံ့လို့နေပါတယ်။

“Childbirth Bars” တွေဟာ တရုတ်နိုင်ငံတဝှမ်းက ကုန်တိုက်တွေမှာ ဆွဲဆောင်မှုတစ်ခုလိုတောင် ဖြစ်လာနေပြီး အသည်းမာတယ်ဆိုတဲ့ အမျိုးသားတွေကတော့ ထိုစက်ကို စမ်းသပ်အသုံးပြုဖို့ စိန်ခေါ်ခဲ့ကြပါတယ်။ အဆိုပါစက်ဟာ အမျိုးသမီးတွေ မီးဖွားစဉ် ခံစားရတဲ့ နာကျင်မှုအတိုင်း ဖြစ်စေမယ့် လျှပ်စစ်ဓာတ်တွေကို ထုတ်လွှတ်ပေးတာဖြစ်ပါတယ်။

အမျိုးသားတွေ ဒီစက်ကို စမ်းသပ်အသုံးပြုလိုက်ချိန်မှာ ထွက်ပေါ်လာတာကတော့ ရှော့ပင်းမောတစ်ခွင် ပဲ့တင်ထပ်သွားစေတဲ့ သူတို့ရဲ့ ကျယ်လောင်တဲ့ အော်သံတွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ အော်သံတွေက ခံစားရတဲ့ နာကျင်မှုဟာ ဘယ်လောက်အတိုင်းအတာအထိ ကြီးမားနေလဲဆိုတာ ထင်ထင်ရှားရှား သိသွားစေပါတယ်။ မိန်းကလေးတွေကတော့ သူတို့ကို ရယ်မောပြီး ဗီဒီယိုတွေလည်း ဝိုင်းရိုက်နေခဲ့ကြပါသေးတယ်။

အောက်က ဗီဒီယိုတွေမှာ တွေ့ရမှာပါ။

ယခင်တုန်းကတော့ ဆေးရုံဆေးခန်းတွေမှာ မိဘဖြစ်လာတော့မယ့် စုံတွဲတွေအတွက် မီးဖွားမှု လေ့ကျင့်စက်ဆိုတာမျိုးတော့ ရှိခဲ့ပါသေးတယ်။

READ
ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲမှာ မထင်မှတ်ဘဲ မြင်တွေ့ခဲ့ရတဲ့ Neymar Challenge

ဘယ်လောက်ပဲ စက်ကြောင့် ခံစားရတဲ့ နာကျင်မှု ဆိုပေမယ့်လည်း မိခင်တို့ရဲ့ ပေးဆပ်မှုကို အမျိုးသားတို့ ထပ်တူနားလည်သွားခဲ့ကြပါတယ်။ အချို့ဆို ကိုယ့်မိန်းမကိုယ် ဖက်ပြီးတောင် ငိုကြွေးခဲ့ကြပါတယ်။

 

Ref: Next Shark, Twitter

SHARE