စင်္ကာပူကလေးငယ်တွေအတွက် အွန်လိုင်းလုံခြုံရေး စိုးရိမ်ဖွယ်ဖြစ်လာနေ

နည်းပညာတွေဟာ လူနေမှူဘ၀ထဲ ၀င်လာတာနဲ့ အရင်တုန်းက သူငယ်ချင်းတွေနဲ့ ခုန်ပေါက်ဆော့ကစားတဲ့ အချိန်တွေဟာ မရှိသလောက် ဖြစ်နေပါပြီ။ လူအများစုဟာ အခုဆိုရင် ပုံရိပ်ယောင်လောကကြီးထဲမှာပဲ ပျော်နေကြပါပြီ။ ကာတွန်းတွေကို ကြိုက်သလောက်ဖတ်၊ ဗီဒီယိုတွေကို ကြိုက်သလောက် ကြည့်၊ ဂိမ်းတွေကို ကြိုက်သလောက် ကစားနိုင်တဲ့ နည်းပညာခေတ်ထဲမှာ ကလေးတွေဟာ ပျော်မွေ့နေကြပါပြီ။

စင်ကာပူမှာတော့ ကလေးတစ်ယောက်ရဲ့ ပျမ်းမျှ အင်တာနက်စတင်အသုံးပြုခွင့်ရတဲ့ အသက်ဟာ () နှစ်ဖြစ်ပါတယ်။ စစ်တမ်းကောက်ထားသမျှ နိုင်ငံတွေထဲမှာတော့ စင်ကာပူနိုင်ငံဟာ ကလေးတွေအတွက် အစောဆုံးအင်တာနက်အသုံးပြုခွင့်ရတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်နေပါတယ်။ 

The Straits Times

စင်ကာပူနိုင်ငံက မိဘပေါင်း အယောက်(၄၀၀) နဲ့ ဆရာအယောက်(၂၀၀) ကို လေ့လာကြည့်တဲ့အခါ (၉၆) ရာခိုင်နှူန်းလောက်က ကလေးတွေရဲ့ အွန်လိုင်းလုံခြုံရေးနဲ့ ပတ်သက်လို့ စိုးရိမ်ပါတယ်ဆိုပြီး ဖွင့်ဟလာကြတာပါ။ ကလေးတွေအဖို့ အွန်လိုင်းကနေ ဒီဂျစ်တယ်နည်းပညာနဲ့ ပညာရှာဖို့ လိုအပ်တဲ့နည်းတူ သူတို့လေးတွေအတွက် အွန်လိုင်းလုံခြုံမှူရှိဖို့ကလည်း အရေးကြီးပါတယ်ဆိုပြီး ပြောပြလာတာပါ။ 

READ
(၂၀၁၈)ခုနှစ် နြူလက်နက် အမြင့်ဆုံးပိုင်ဆိုင်ထားတဲ့ နိုင်ငံ(၅)နိုင်ငံ

စစ်တမ်းကောက်ချက်ထဲမှာ ပါဝင်တဲ့ (၇၆) ရာခိုင်နှူန်းသော ဆရာတွေကတော့ မိဘတွေဟာ ကလေးတွေရဲ့ အွန်လိုင်းအသုံးပြုမှူ အပေါ်ကို ကြပ်မတ်တာ ပြေလျော့လွန်းတယ်ဆိုပြီး သုံးသပ်ထားပါတယ်။ အချို့ကျောင်းဆရာတွေကတော့ အွန်လိုင်းလုံခြုံရေးနဲ့ပတ်သက်လို့ ကျောင်းမှာလည်း သင်ခန်းစာတွေ ပြဌာန်းထားတာပဲလို့ ဆိုပေမယ့် (၉၆) ရာခိုင်နှူန်းလောက်ရှိတဲ့ ဆရာတွေကတော့ ကျောင်းမှာ သင်တော့သင်ပါတယ်၊ ဒါပေမယ့် ကလေးတွေအတွက် အရမ်းထိရောက်တာကိုတော့ မတွေ့ရကြောင်း ပြန်လည် တုံ့ပြန်ခဲ့ကြပါတယ်။

todayonline

စစ်တမ်းကောက်ယူချက်မှာတော့ မိဘတွေရော ဆရာတွေပါ ပူးပေါင်းပါဝင်ပြီး ကျောင်းသားကျောင်းသူလေးတွေကို ကူညီဖေးမကြဖို့ တူညီတဲ့အမြင်ရှိကြပါတယ်။ မိဘတွေကတော့ ကလေးရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံရေးနဲ့ ကလေးတွေအဖို့ မသင့်တော်တဲ့ စာသား၊ ဓာတ်ပုံမျိုးတွေဟာ အရေးကြီးတယ်လို့ ယူဆခဲ့ပြီး ဆရာတွေကတော့ ဆိုက်ဘာအနိုင်ကျင့်ခံရခြင်းဟာ အရေးကြီးဆုံးဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

လင်းလင်း (ShweMom)

READ
Listening Skill ဘာလို့ညံ့ရတာလဲ?

Ref: businessinsider, todayonline

SHARE