Detective Pikachu သွားကြည့်ပြီး စစချင်းမှာတင်ကြောက်လို့ ငိုခဲ့ရတဲ့ကလေးတို့အဖြစ်

လူလတ်ပိုင်းတွေရဲ့ ငယ်ဘဝတုန်းက တော်တော်လေးလွှမ်းမိုးထားနိုင်ခဲ့တဲ့ ဂျပန်က Pokémon ကာတွန်းဇာတ်လမ်းတွဲလေးကို အားလုံ့း အမှတ်တရရှိနေကြဦးမယ်ထင်ပါတယ်။ ဒီနှစ်ထဲမှာတော့ Pokémon အကောင်လေးတွေထဲ ဇာတ်လိုက်မင်းသားလို့ ဆိုလို့ရနိုင်တဲ့ Pikachu လေးကို အဓိကထားပြီး ဖန်တီးရိုက်ကူးထားတဲ့ Detective Pikachu ဆိုတဲ့ ရုပ်ရှင်လေး မကြာသေးခင်က ရုံတင်နေပါပြီ။

Detective Pikachu

လူငယ်လူလတ်ပိုင်းတွေသာမကဘဲ Pokémon နဲ့ မစိမ်းကြတဲ့ ကလေးလေးတွေအထိပါ Detective Pikachu ကို ရုံတင်တင်ချင်းကတည်းက အားပေးလိုက်ကြတာ သိပ်ကိုအားရဖို့ကောင်းခဲ့ပါတယ်။

မတ်လ ၁၀ ရက်နေ့တုန်းက Montreal မှာရှိတဲ့ Guzzo Marche Central ရုပ်ရှင်ရုံမှာ မိဘတွေဟာ ကလေးတွေကိုခေါ်ပြီး Detective Picachu ရုပ်ရှင်ကို လိုက်ပြပေးခဲ့ပါတယ်။ ရုပ်ရှင်အစစ်မပြခင်မှာ နောက်လာမယ့် ဇာတ်ကားတွေရဲ့အမြည်းကိုပြလေ့ရှိပြီး များသောအားဖြင့် တကယ်ပြမယ့်ရုပ်ရှင်နဲ့ အမျိုးအစားချင်းတူညီဆက်စပ်တဲ့ ဇာတ်ကားမျိုးတွေကိုပဲ အမြည်းပြလေ့ရှိကြပါတယ်။

Detective Pikachu

သို့ပေမယ့် အဲဒီနေ့တုန်းက အဲဒီရုံမှာပြသွားခဲ့တဲ့ အမြည်းရုပ်ရှင်အပိုင်းလေးတွေကတော့ Detective Pikachu လိုမျိုး နူးနူးညံ့ညံ့လေးမဟုတ်ဘဲ သရဲကားတစ်ကားနဲ့ စဖွင့်ခဲ့ပါတယ်။ စစချင်းအမြည်းပြခဲ့တဲ့ ရုပ်ရှင်ကတော့ Annabelle ဆိုတဲ့ ရုပ်ရှင်ကားပါ။ မိဘတွေကကလေးတွေကို မကြည့်ရဲရင်မကြည့်ဖိွုှ့တွက် သတိတွေပေး၊ လန့်သွားတဲ့ကလေးတွေကို ချော့မြူရင်း အစပိုင်းမှာတင် တော်တော်လေး လှုပ်လှုပ်ရှားရှားဖြစ်နေခဲ့ပါပြီ။

READ
ချစ်သူကို တောင်းပန်ဖို့ မြို့အနှံ့ ပိုစတာတွေ ချိတ်ဆွဲခဲ့တဲ့ အိန္ဒိယက အချစ်သူရဲကောင်းကြီး
Twitter
IT Chapter 2

ဒုတိယမြောက်အမြည်းပြခဲ့တဲ့ ဇာတ်ကားကတော့ IT Chapter 2 ပါ။ IT ဟာ ကြောက်စရာကောင်းတဲ့ လူရွှင်တော်ပုံသဏ္ဍာန်နဲ့ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ဇာတ်ဖြစ်တာမို့ ဒီ trailer ကို ကြည့်ပြီးသူတိုင်း လူကြီးတွေတောင် ဘယ်လောက်ကျောစိမ့်ရတယ်ဆိုတာ သိထားပြီးကြမှာပါနော်။ ဒီအကြောင်းတွေကိုတော့ အဲဒီအချိန်ရုံထဲရောက်နေတဲ့ Ryan George ဆိုသူက သူ့ရဲ့ Twitter မှာအချိန်နဲ့တပြေးညီ tweet လုပ်နေခဲ့တာပါ။ နောက်ဆုံးအနေနဲ့ကတော့ ငယ်ငယ်တုန်းက အရုပ်ကိုမိစ္ဆာဝင်ပြီး လူတွေကိုလိုက်သတ်တဲ့ Child’s Play ဇာတ်လမ်းကို အသစ်ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကို ပြသခဲ့သေးတယ်လို့လည်း တင်ထားခဲ့ပါတယ်။

Twitter

နောက်ဆုံး Detective Pikachu ကို ပြမယ့်အချိန်ရောက်လာခဲ့ပါပြီ။ သို့သော်လည်း ပိတ်ကားထက်မှာ ပေါ်လာတာကတော့ Pokémon လောကနဲ့ လားလားမျှမသက်ဆိုင်တဲ့ ရုပ်ရှင်တစ်ခုဖြစ်လို့နေပါတယ်။ စစချင်းအခန်းမှာတင် ကလေးလေးကို သူ့အမေကိုယ်တိုင်က ရေနှစ်သတ်နေတဲ့ အခန်းနဲ့ စတင်ထားခဲ့တဲ့ The Curse of La Lloirana ရုပ်ရှင်ကို ပြနေခဲ့တာပါ။

လက်မှတ်ဝယ်ထားတုန်းက Detective Pikachu ရုပ်ရှင်ဖြစ်ပေမယ့်လည်း တကယ်တမ်းပြတဲ့အခါမှာတော့ The Curse of La Llorona ရုပ်ရှင်ဖြစ်နေခဲ့တာပါ။ အမှတ်တကယ်တော့ ဘေးရုံမှာ The Curse of La Llorona ကိုပြပြီး ဒီဘက်ရုံမှာကျ Detective Pikachu ကိုပြဖို့ စီစဉ်ထားခဲ့ပမေယ့် ဝန်ထမ်းတွေရဲ့ ပေါ့ဆမှုကြောင့် ရုံလွဲပြီး ပြမိသွားခဲ့ပါတယ်။

READ
လေထီးချို့ယွင်းမှုဖြစ်ခဲ့သော်လည်း ပုရွက်နီရာချီ အကိုက်ခံလိုက်လို့ အသက်မသေသူ

ကြားထဲကကလေးတွေခင်ဗျာတော့ အစပိုင်းမှာပြနေတဲ့ ရုပ်ရှင်အမြည်းတွေမှာကတည်းကိုက ကြောက်လွန်းလို့ ငိုမဲ့မဲ့တွေဖြစ်နေခဲ့ကြပြီး The Curse of La Llorona ရဲ့ ကလေးကိုမိခင်ကိုယ်တိုင်က ရေနှစ်သတ်တဲ့အခန်းလည်းရောက်ရော ထိန်းမရသိမ်းမရတွေဖြစ်သွားခဲ့ပါတယ်။ ကလေးမိဘတွေက ထပြဿနာရှာတော့မှပဲ ရုံနှစ်ရုံကပရိတ်သတ်တွေ ဟိုဘက်ရုံဒီဘက်ရုံပြောင်းကာ ရုပ်ရှင်အမှန်ကို ကြည့်ခဲ့ရပါတယ်။

Detective Pikachu

Source: News Sky

Penny

SHARE