မိခင်က ကားထဲမှာ တမင်ပိတ်ထားခဲ့တဲ့ ကလေးနှစ်ဦး၊ အပူချိန်လွန်ကဲပြီး သေဆုံး

အမရိကန် တက္ကဆက်မှာ အသက် 25 နှစ်အရွယ် ကလေးနှစ်ယောက် မိခင် Cynthia Randolph ဟာ အသက် 2 နှဟ်အရွယ် Juliet Ramirez လို့ အမည်ရတဲ့ သမီးလေးနဲ့၊ အသက် အသက် 16 လအရွယ် သားလေး Cavanaugh Ramirez နှစ်ဦးကို တမင် ကားထဲမှာ ပိတ်ထားခဲ့ပါတယ်။

ထိုအချိန်မှာ အပူချိန်ဟာ 35 ဒီကရီဖာရင်ဟိုက် ဖြစ်ပြီး၊ မိခင် Cynthia ကတော့ ကလေးတွေကို ကားထဲမှာ ထွက်ခွင့်မပေးဘဲ၊ သုံးနာရီကြာ ပိတ်လှောင်ထားခဲ့ပါတယ်။ သူမက ယင်းနောက်မှာတော့ ကိုကင်းတစ်ချို့ သုံးစွဲပြီး ကားရဲ့အပြင်မှာ တရေးတမော အိပ်ခဲ့ပါတယ်။

တံခါးဖွင့်ကြည့်တဲ့အခါ ကလေးနှစ်ဦးစလုံးဟာ ပြင်းထန်လှတဲ့ အပူရှိန်၊ ကားစက် အပူရှိန်ကြောင့် နှစ်ယောက်စလုံး တုန့်ပြန်မှု မရတော့ပါဘူး။ အစကတော့ မိခင်ဖြစ်သူ Cynthia ဟာ ရဲတပ်ဖွဲ့ဝင်တွေကို သူမရဲ့ ပယောဂမဟုတ်သလိုလိုနဲ့ လှိမ့်ခဲ့ပေမယ့်၊ နောက်ပိုင်းမှာ သူမကို တမင်သေကြောင်းကြံစည်မှု နှစ်မှု၊ ကလေးသူငယ် ညှင်းပန်းနှိက်စက်မှုတွေနဲ့ ဖမ်းဆီးခဲ့ပါတယ်။

READ
စူပါဟီးရိုးနှစ်ဦးနမ်းတဲ့ပုံပါတဲ့ ကလေးကာတွန်းစာအုပ်ကြောင့် ဘရာဇီးမှာဂယက်ထ

သူမတို့ မိသားစုဟာ ခရီးရှည်တစ်ခုမှ ပြန်လာခဲ့ကြပြီး၊ ကလေးနှစ်ယောက်ကို ကားအပြင် ထွက်ခွင့် မပေးပါဘူး။ အကြောင်းပြချက်ကို ဖော်ပြထားခြင်း မရှိပေမယ့်၊ ကလေးနှစ်ယောက်ကို အပြစ်ပေးတဲ့ သဘောနဲ့ ဒီလိုလုပ်တာလို့ ဆိုပါတယ်။ သူမကတော့ အပြင်မှာ ဆေးခြောက်ကလေး ရှုပြီး၊ သုံးနာရီကြာ တရေးတမော အိပ်စက်ခဲ့ပါတယ်။ သူမ ကားဆီပြန်လာတော့ ကလေးတွေက သတိလစ် မေ့မြော့နေကြပါပြီ။

ဒီအခါမှာ Cynthia ဟာ ကားတံခါးကို သော့ပြန်ပိတ်ပြီး၊ အရေးပေါ်ဌာနက ဆက်သွယ်ခဲ့ပါတယ်။ ယင်းနောက် သူမရဲ့ ပယောဂ မဟုတ်သယောင်နဲ့ ကားမှန်ကို ခွဲကာ ကလေးတွေကို ကယ်ဆယ်စေပါတယ်။ ဒါပေမယ့် ကလေးနှစ်ဦးစလုံးဟာ မိနစ်ပိုင်းအတွင်းမှာ သေဆုံးသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေက မိခင်ဖြစ်သူ Cynthia ကို အရေးယူထားပြီး၊ နောက်ထပ် အရေးယူမှုတွေ ပြုလုပ်နိုင်ဖို့အတွက် သူမနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းကိုလည်း ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

READ
ပေါင်တန်ဖြောင့်စင်းပြီး ရုပ်အလွန်လှတဲ့ ကျောင်းသူတွေကို ကင်ဂျုံအန်က ရွေးချယ်လေ့ရှိဟုဆို

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE