ဆယ်လီမိဘတွေရဲ့ ခြေရာကိုမီကြတယ်လို့ဆိုနိုင်တဲ့ ခပ်မိုက်မိုက်သားသမီးများ

ဘယ်ကလေးပဲဖြစ်ဖြစ် အများစုသောကလေးတွေဟာ ငယ်စဉ်အချိန်က မိဘတွေကို သူတို့ရဲ့လက်ဦးဆရာအားကျအတုယူးစရာ ဘဝရဲ့ role model တွေအဖြစ် သတ်မှတ်တတ်ကြပါတယ်။ လေ့လာချက်အရ ဥပမာ သူနာပြုဆရာမရဲ့သမီးဟာ တခြားကလေးတွေထက် သူနာပြုအလုပ်နဲ့ အသက်မွေးဖို့အတွက် ၃.၇၅ ဆ လောက်ပိုများတယ်လို့ သိရပါတယ်။ ဒါကြောင့် လူသိများကျော်ကြားတဲ့ အနုပညာရှင်တွေလိုမျိုးရဲ့ ကလေးတွေဟာလည်း သိတတ်စအရွယ်ကတည်းက ကင်မရာမစိမ်းတာတို့၊ မော်ဒယ်လုပ်တာ ဓာတ်ပုံရိုက်တာတွေ ဝါသနာပါတာတို့ နာမည်ကြီးလူသိများရင် ကျေနပ်တာတို့ ဖြစ်လေ့ဖြစ်ထရှိကြပါတယ်။

ဒီတစ်ခေါက်မှာတော့ သူတို့ရဲ့အလန်းဇယားမိဘတွေအတိုင်း သားသမီးတွေဟာလည်း မိဘခြေရာမီပြီး ခပ်မိုက်မိုက်ဖြစ်နေကြတဲ့ ဆယ်လီသားအမိ၊ သားအဖတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

ဗန်ဒိမ်း (Van Damme) ရဲ့ သမီးကတော့ သူ့အဖေရဲ့ခြေရာကို အမီလိုက်နိုင်တယ်လို့ ဆိုနိုင်ပါတယ်။ သိတတ်စအရွယ်ကတည်းက ကိုယ်ခံပညာကို သင်ယူခဲ့ပေမယ့် ငယ်တုန်းကတော့ စိတ်မင်စားခဲ့ပါဘူး။ ဒါပေမဲ့ Cianca Van Varenberg ဟာ ကြီးလာတာနဲ့အမျှ ကိုယ်ခံပညာကို လေ့လာလိုက်စားကာ အဲဒီအလုပ်နဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုနေပါတယ်။

Bright Side

အိန်ဂျလီနာဂျိုလီမှာ မွေးစားသားသမီးတွေရော ကလေးအရင်းတွေပါ ရှိပေမယ့် ၂၀၁၄ ခုနှစ်တုန်းက Maleficent ရိုက်တဲ့အခါ မင်းသမီးလေး Aurora ရဲ့ ငယ်ဘဝကို သရုပ်ဆောင်ဖို့အတွက် သူ့ကလေးတွေထဲကရော အပြင်ကကလေးတွေထဲကပါ ဘယ်သူ့ကိုမှ ရိုက်ခိုင်းလို့မရခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အိန်ဂျလီနာဂျိုလီရဲ့ အပြင်အဆင်ကြီးကို ကြောက်ကြလို့ပါတဲ့။ ဒါပေမဲ့ သူမရဲ့ ၁၀ နှစ်အရွယ် သမီးလေး Vivienne Marcheline လေးကတော့ အမေကိုမကြောက်တဲ့အပြင် ဒါရိုက်တာတွေလိုချင်တဲ့ ပုံစံအတိုင်း တစ်ပုံစံတည်းတူအောင် သရုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်တဲ့။

READ
ပြောင်းလဲသွားတဲ့ ပုံစံသစ်နဲ့ ပရိသတ်ရဲ့အချစ်တွေကို သိမ်းပိုက်ဆဲ စိုးပြည့်သဇင်
Bright Side

David Beckham နဲ့ Victoria တို့ရဲ့ အကြီးဆုံးသားချောလေး Brooklyn ကိုတော့ မီဒီယာတွေတော်တော်များများက ဖော်ပြနေကြမို့လို့ ပရိတ်သတ်တွေနဲ့တေင် သိပ်စိမ်းကြတော့မယ်မထင်ပါဘူး။ Brooklyn ဟာ ကျန်တဲ့ ညီအစ်ကိုမောင်နှမသုံးယောက်ထက်ကို ပိုပြီးလူသိများကာ မကြာခဏလည်း ဓာတ်ပုံမော်ဒယ်အဖြစ်လုပ်ကိုင်လေ့ရှိပါတယ်။ သူ့ရဲ့မျက်နှာဘေးနဲ့ ဖက်ရှင်ကျပုံ၊ ဆန့်ကျင်ဘက်အမျိုးသမီးတွေကို ဆွဲဆောင်နိုင်မှုတို့ဟာ မိခင်ဖြစ်တဲ့ Victoria နဲ့ အရမ်းကို တူလွန်နေးခဲ့ပါတယ်။

Bright Side

မက်ဒေါနားရဲ့သမီးဖြစ်သူ Lourdes Leon ကတော့ မိခင်ရဲ့ခြေရာကို မီအောင်နင်းနိုင်တယ်လို့ ဆိုလို့ရပါတယ်။ မက်ဒေါနားရဲ့ Superstar သီချင်းမှာလည်း သမီးဖြစ်သူဟာ ပါဝင်အားဖြည့်သီဆိုပေးဖူးလို့ အသံကောင်းမကောင်းကိုတော့ ငြင်းနိုင်မှာမဟုတ်တဲ့အပြင် အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူနဲ့ ခန္ဓာကိုယ်ရဲ့လိုအပ်ချက်တွေအပေါ် ကဲ့ရဲ့ခြင်းတို့ကို ရှုံချသူအဖြစ် သားအမိနှစ်ယောက်စလုံးက အားတက်သရောပါဝင်နေပြီး ပရိတ်သတ်တွေကို အံ့သြအောင်လုပ်တာတွေနဲ့ ဖက်ရှင်ပိုင်းတွေမှာလည်း မက်ဒေါနားရဲ့ပါရမီတွေ Lourdes Leon သွေးထဲ စီးနေတယ်လို့ ဆိုကြပါတယ်။

Bright Side

သူကတော့ ဟောလိဝုဒ်အက်ရှင်ကားတွေထဲက မင်းသားတစ်လက်ဖြစ်တဲ့ Dolph Lundgren ရဲ့ သမီးဖြစ်သူ Ida ပါ။ Ida ဟာ ဖခင်နဲ့နေ့တိုင်းလိုလို Gym မှာ အချိန်ဖြုန်းလေ့ရှိပြီး တိုက်ခိုက်တဲ့အကွက်တွေ၊ လက်ဝှေ့ထိုးနည်းနဲ့ ခန္ဓာကိုယ်ကျစ်လျစ်အောင် အားကစားလုပ်လေ့ရှိပါတယ်။ မော်ဒယ်အဖြစ်လည်းလုပ်ကိုင်နေပြီး ဖက်ရှင်လောကထဲကိုလည်း ခြေဆန့်နေပြီဖြစ်တဲ့ Ida ကတော့ ဖခင်နဲ့ အနေနီးပုံပါပဲ။

READ
မြင်သူတိုင်းကို ကြည်နူးသွားစေတဲ့ သူရိယနဲ့ ဆုအိမ့်စံတို့ရဲ့ စေ့စပ်ပွဲဗီဒီယိုဖိုင်
Bright Side

ကမ္ဘာကျော်မော်ဒယ် Cindy Crawford ရဲ့ ၁၇ နှစ်အရွယ်သမီးလေး Kaia ကတော့ မိခင်ရဲ့ခြေရာကို တစ်ထပ်တည်းကျအောင်နင်းနိုင်သူလေးဆိုတာ ကမ္ဘာ့ဖက်ရှင်မော်ဒယ်လောကမှာ ပွဲဆက်တွေမပြတ်ရှိနေတာက သက်သေပါပဲ။ နာမည်ကြီးမဂ္ဂဇင်းတွေနဲ့ ဈေးကြီးဖက်ရှင်တံဆိပ်တွေကလုပ်တဲ့ ရှိုးတွေမှာ လျှောက်လမ်းထက်နေရာယူလေ့ရှိပြီး ၂၀၁၈ ခုနှစ်တုန်းကတော့ တစ်နှစ်တာအတွက် အကောင်းဆုံးမော်ဒယ်ဆုကိုလည်း ရရှိခဲ့ပါသေးတယ်။

Bright Side

Bruce Willis နဲ့ Demi Moore တို့ရဲ့ သမီးဖြစ်တဲ့ Rumer Willis ကတော့ မိဘတွေရဲ့ခြေရာအတိုင်းနင်းပြီး သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ စိတ်အားထက်သန်နေသူတစ်ယောက်ပါ။

Bright Side

ဒါကတော့ Johnny Deep ရဲ့သမီးလေး Lily-Rose ဖြစ်ပါတယ်။ Kari Lagerfeld ရဲ့ ရခဲ့တဲ့ သမီးဖြစ်ပြီး ကမ္ဘာကျောအမှတ်တံဆိပ်ဖြစ်တဲ့ Chanel ရဲ့ ambassator အဖြစ် အသက် ၁၅ နှစ်ကတည်းက ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ မော်ဒယ်လောကမှာသာမကဘဲ ရုပ်ရှင်နယ်ပယ်မှာပါ ရုပ်ရှင်ကားတော်တော်များများမှာ သရုပ်ဆောင်ဖူးခဲ့ပါသေးတယ်။ သူလေးဟာလည်း အဖေရောအမေရောရဲ့ ခြေရာကို အမီလိုက်နိုင်သူလေးလို့ ဆိုနိုင်ပါတယ်။

Bright Side

Source: Bright Side

Penny

SHARE