လေလံပွဲမှာ ဒေါ်လာရာ၊ထောင်ချီကာပေးဝယ်နေတာခံနေရတဲ့ ကလေးပုံပြင်စာအုပ်များ

ကလေးတွေအတွက် နိုင်ငံခြားကနေ စာအုပ်လေးတွေဝယ်ပေးကာ အရွယ်ရောက်သွားကြတဲ့အခါအထိ စာအုပ်တွေကိုသိမ်းထားကြတဲ့လူမျိုးတွေ ရှိတတ်ကြလားမသိဘူး။ ဒီလိုမျိုး လူတွေအတွက် သတင်းကောင်းလေးတစ်ပုဒ်ပါးပါရစေနော်။

ရှေးဟောင်းပစ္စည်းကျွမ်းကျင်ပုဂ္ဂိုလ် David Harper ဟာ သာမန်ကလေးပုံပြင်စာအုပ်လေးတွေဟာ လေလံတင်ပွဲတွေမှာ ဒေါ်လာရာထောင်ချီကာ၊ တချို့ဆို ဒေါ်လာ သောင်းနဲ့ချီပြီးတောင် အမြတ်ရနိုင်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း ပေးရတဲ့ ဈေးနဲ့တန်အောင်လို့ကတော့ စာအုပ်အခြေအနေကကောင်းကောင်းမွန်မွန်လေးတော့ရှိရမှာပါနော်။ စာရွက်တွေစုတ်ပြဲနေမယ်၊ အဖုံးပြုတ်တာတွေဘာတွေဖြစ်နေခဲ့မယ်ဆိုရင်တော့ အခုဖော်ပြမယ့်ဈေးထက် ပိုနည်းသွားပါလိမ့်မယ်။ တစ်ခါတုန်းကဆိုရင် Harry Potter ရဲ့ အမှားတွေ၊ စာရေးဆရာမရဲ့ နုတ်တွေနဲ့ မူရင်းစာအုပ်ဟာ လေလံဆွဲလိုက်တာ ယူရိုငွေ ၆၈,၀၀၀ တောင်ရသွားခဲ့ပါတယ်။ ကဲဒီတော့ အခုကလေးပုံပြင်တွေမှာရာ ဘယ်စာအုပ်တွေပါဝင်ပြီး ဘယ်လောက်တောင် တန်ကြေးရှိမလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါနော်။

ယူရို ၁၂,၀၈၅ တန်ကြေးရှိနေတဲ့ ၁၉၆၉ ခုနှစ်ထုတ် The Very Hungry Caterpillar

The Sun

ယူရို ၆,၉၇၁ ရှိနေတဲ့ ၁၉၂၂ ခုနှစ်ထုတ် The Velveteen Rabbit

READ
(၁၃) ရက် သောကြာမှာ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပျက်ခဲ့ကြတဲ့ ဖြစ်ရပ်ဆိုးများ
The Sun

ယူရို ၅,၀၉၀ ရှိနေတဲ့ ၁၉၆၃ ခုနှစ်က Where the Wild Things Are

The Sun

ယူရို ၃,၄၉၁ ရှိနေတဲ့ ၁၉၆၄ ခုနှစ်ထုတ် The Giving Tree

The Sun

၈၃၁ ယူရို တန်တဲ့ ၁၉၅၇ ခုနှစ်ထုတ် The Cat in the Hat

The Sun

၆၄၁ ယူရို တန်တဲ့ ၁၉၆၈ ခုနှစ်ထုတ် The Tiger Who Came to Tea

The Sun

၅၃၈ ယူရိုတန် ၁၉၃၁ ခုနှစ်ထုတ် Histoire de Babar

The Sun

၄၇၅ ယူရိုတန် ၁၉၈၅ ခုနှစ်ထုတ် The Polar Express

READ
အကုသိုလ်နည်းအောင် Facebook အသုံးပြုနည်း
The Sun

Source: The Sun

Penny

SHARE