
လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါကြီး ဖြစ်နေဆဲ အချိန်ဖြစ်တာကြောင့် လူတိုင်းလူတိုင်း အပြင်သွားတာနဲ့ Face mask တွေကို မဖြစ်မနေ တပ်ဆင်ပြီး သွားလာရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်တော်များများမှာတော့ သက်ဆိုင်ရာ အစိုးရတွေက ပြည်သူတွေကို တက်နိုင်သမျှ အိမ်ထဲမှာပဲနေဖို့ အမိန့်ချမှတ်ထားသလို မဖြစ်မနေ အပြင်ထွက်မယ်ဆိုရင်လည်း Face mask တွေကို တောက်လျှောက်ဝတ်ဆင်ထားဖို့ မေတ္တာရပ်ခံထားပါတယ်။ အခုလည်း ချီလီနိုင်ငံရဲ့ သမ္မဖြစ်သူ Sebastian Pinera ကတော့ လူကြားထဲမှာ Mask မတပ်ပဲသွားနေတာကို တွေ့ရှိခဲ့တဲ့အတွက်ကြောင့် ဒဏ်ကြေးငွေ ပေးဆောင်ခဲ့ရကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
View this post on Instagram
ပြီးခဲ့တဲ့ ဒီဇင်ဘာလ အစောပိုင်းတုန်းက ချီလီသမ္မတဖြစ်သူ Pinera နဲ့ အမျိုးသမီးတစ်ယောက်ရဲ့ selfie ဓာတ်ပုံတစ်ပုံဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေခဲ့ပါတယ်။ ကမ်းခြေနောက်ခံပုံစံ background နဲ့ အဆိုပါဓာတ်ပုံထဲမှာ Pinera ဟာ Mask မတပ်ထားတာကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ အဆိုပါ ဓာတ်ပုံဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့ပြီး လူတော်တော်များများကလည်း Pinera ကို ဒီလို COVID 19 ကာလမှာ Mask ပဲ လျှောက်သွားနေတယ်ဆိုပြီး ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Pinera ဟာ ဒီလိုမျိုး စည်းကမ်းဖောက်ဖျက်တဲ့အတွက် ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ ၃,၅၀၀ ကို ပြီးခဲ့တဲ့ သောကြာနေ့(၁၈.၁၂.၂၀၂၀)တုန်းက ပေးဆောင်ခဲ့သလို တရားဝင်တောင်းပန်မှုတစ်ခုလည်း ပြုလုပ်ခဲ့ပါတယ်။
Multan a Piñera en Chile con US$ 3500 por no usar tapabocas en la playa https://t.co/VpDOxq7kd6 pic.twitter.com/hIAXCqfTnP
— LA NACION (@LANACION) December 19, 2020
“အဲဒီတုန်းက ကျွန်တော်ဟာ Cachagua ကမ်းခြေမြို့မှာရှိတဲ့ ကျွန်တော့်နေအိမ်ကို ပြန်ရောက်နေတဲ့အချိန်ပါ။ ကမ်းခြေမှာ လေကောင်းလေသန့် ရှုချင်လို့ Mask ကို ချွတ်ခဲ့မိတာပါ။ ကမ်းခြေမှာ လမ်းလျှောက်နေတုန်း အမျိုးသမီးတစ်ယောက်က ကျွန်တော်မှန်းသိသွားပြီး အမှတ်တရ ဓာတ်ပုံအတူရိုက်ချင်တယ်လို့ ခွင့်တောင်းလို့ selfie ဓာတ်ပုံရိုက်ခဲ့မိပါတယ်။ အခုလိုမျိုး ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့သွားမယ်လို့ မထင်ခဲ့ပါဘူး။ ဒီလို COVID 19 ကာလအတွင်းမှာ Mask မတပ်ခဲ့မိလို့ ကျွန်တော့်အနေနဲ့ တစ်ကယ်တောင်းပန်ပါတယ်”လို့ Pinera က ပြောကြားခဲ့ပါတယ်။
View this post on Instagram
Pyi Hein Kyaw