အစ္စတန်ဘူလေဆိပ်မှာ အကြမ်းဖက်သမားကိုပြန်ခုခံခဲ့တဲ့ရဲအရာရှိ

လက်ရှိအင်တာနက်သတင်းဝိုင်းမှာ ရေပန်းစားနေတဲ့ သတင်းကတော့ တူရကီနိုင်ငံ အစ္စတန်ဘူလေဆိပ် အကြမ်းဖက်တိုက်ခိုက်ခံရမှု သတင်းပဲ ဖြစ်ပါလိ့မ်မယ်။ နောက်ဆုံးရထားတဲ့ သတင်းအရတော့ IS အကြမ်းဖက်သမား သုံးယောက်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ 36 ယောက်အထိ သေဆုံးခဲ့ပြီး 147 ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။ လေဆိပ်ကို စီးနင်းတိုက်ခိုက်သူတွေအားလုံးဟာ အသေခံဗုံးခွဲသမားများ ဖြစ်ကြပြီး မည်းမည်းမြင်ရာကို သေနက်နဲ့ ပစ်ခက်ခဲ့ပါတယ်။ ဒီအထဲမှာမှ ရဲအရာရှိတစ်ယောက်ဟာ အကြမ်းဖက်သမားကို ပြန်လည်တိုက်ခိုက်ခဲ့တာကို လေ
ဆိပ် CCTV ကနေ အမိအရ ဖမ်းယူရရှိခဲ့ပါတယ်။

ဗီဒီယိုမြင်ကွင်းထဲမှာတော့ အကြမ်းဖက်သမားဟာ လူအုပ်ရှိရာကို AK-47 ရိုင်ဖယ်ကို ကိုင်ကာ ပြေးလာခဲ့ပါတယ်။ အဲဒီအချိန်မှာ ရဲသားဟာ အကြမ်းဖက်သမားကို ၀င်ရောက်တိုက်ခိုက်ခဲ့လို့ အဲဒီလူရဲ့လက်ထဲမှာရှိတဲ့ AK-47 ရိုင်ဖယ်ဟာ အဝေးကို လွင့်စင်သွားခဲ့ပါတယ်။ ရဲသားဟာ လဲကျနေတဲ့ အကြမ်းဖက်သမားကို ဆက်လက်ကန်ကျောက်နေခဲ့ပါသေးတယ်။ ဒါပေမယ့် အကြမ်းဖက်သမားဟာ နောက်ဆုံးမှာတော့ သူ့ခန္ဓာကိုယ်မှာ စည်းနှောင်ထားတဲ့ ဗုံးတွေကို ခလုတ်နှိပ်ကာ ဖောက်ဖို့ ပြင်နေတာမို့ ရဲသားလည်း လွတ်ရာကို ထွက်ပြေးခဲ့ပါတယ်။ မကြာခင်မှာပဲ အကြမ်းဖက်သမားမှာ စည်းနှောင်ထားတဲ့ ဗုံးတွေက ပြင်းထန်စွာ ထပြီး ပေါက်ကွဲခဲ့ပါတယ်။

READ
ဝန်ထမ်းတွေကို အခွန်အကောက်လျော့ချနည်းသင်တန်းပေးမယ့် Google

source : metro.co.uk

sm

SHARE