“ကင်မ်ချီ” ရဲ့ မူလဇာစ်မြစ်နဲ့ ပတ်သတ်ပြီး အငြင်းပွားနေတဲ့ တရုတ်နဲ့ ကိုရီးယား

Freepik- timolina

ကင်မ်ချီဆိုတာ မုန်ညှင်းကို ရိုးရာဆော့၊ ဆား၊ သကြား စတဲ့ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ရောနယ်ပြီးတော့ အချဉ်တည်ထားတဲ့ အရာပဲဖြစ်ပါတယ်။ ကိုရီးယားတွေရဲ့ မရှိမဖြစ်အရံဟင်းလည်းဖြစ်၊ ရိုးရာစားစရာလည်းဖြစ်ပါတယ်။ ကိုရီးယားကားတွေထဲအမြဲတမ်းတွေ့နေရတဲ့ ကင်မ်ချီကို တရုတ်နိုင်ငံဖက်ကနေပြီး သူတို့ရဲ့အစားအစာပါဆိုပြီးတော့ ပြောလာခဲ့ပါတယ်။

Freepik- mayura_ben

The Guardians ရဲ့ ဖော်ပြချက်အရ တရုတ်မီဒီယာတစ်ခုကနေပြီး ကင်မ်ချီဟာ တရုတ်အပိုင်ဆိုတာမျိုးကို ရေးထားခဲ့တာပါတဲ့။ “International standard for the kimchi industry led by China” ဆိုပြီး နိုင်ငံတကာကိုတင်ပို့တဲ့ ကင်မ်ချီလုပ်ငန်းတွေကို တရုတ်က ဦးဆောင်တဲ့ ပုံစံမျိုး ရေးသားထားတာ ဖြစ်ပါတယ်။ ဒီအပြင် ကင်မ်ချီဟာ တရုတ်နိုင်ငံမှာ နိုင်ငံတကာအသိအမှတ်ပြုတဲ့ ISO လက်မှတ်ကိုလည်း တင်ပို့ကုန်အဖြစ် ရရှိသွားခဲ့တဲ့အကြောင်းကိုလည်း သတင်းထဲမှာဖော်ပြထားပါတယ်။

Freepik- firsovanina

ဒီသတင်းကြောင့် တောင်ကိုရီးယားပြည်သူတွေ တော်တော်များများက ဒေါသထွက်နေကြတာပါ။

Freepik- topntp26

တရုတ်လူမျိုးတွေဟာလည်း လူမှုကွန်ယက်ကနေတစ်ဆင့် မုန်ညှင်းကိုအချဉ်တည်ထားတာဟာ တရုတ်လူမျိုးတွေရဲ့ ရိုးရာအစားအစာဖြစ်တာကြောင့် ကင်မ်ချီဟာလည်း သူတို့ရဲ့ ရိုးရာအစားအစာပါပဲဆိုပြီး ဝိုင်းပြောလာခဲ့ကြပါတယ်။ လက်ရှိအချိန်မှာတော့ လူမှုကွန်ယက်မှာ တရုတ်နဲ့တောင်ကိုရီးယား လူမျိုးတွေဟာ ရန်ဖြစ်နေကြပါတယ်။ 

“ငါတို့ရိုးရာကို ခိုးတဲ့သူခိုးတွေ။ အဓိပ္ပာယ်မရှိဘူး” ဆိုပြီးတော့ တောင်ကိုရီးယားလူမျိုးတွေဟာ တရုတ်နိုင်ငံဖက်ကို ပြင်းပြင်းထန်ထန်ဝေဖန်နေတာပဲဖြစ်ပါတယ်။

penny

SHARE