ဘဏ်ကတ်၊ အကြွေးဝယ်ကတ်တွေအစား Facial payment ကို ကျင့်သုံးနေတဲ့ တရုတ်နိုင်ငံ

Alibaba/weibo

ငွေသုံးစွဲမှုအလေ့အထဟာ တဖြည်းဖြည်း ခေတ်စံနစ်နဲ့အညီ ပြောင်းလဲလာသည်နှင့်အမျှ အတော်လေးကို ထိရောက်လာခဲ့ပါတယ်။ ငွေသားစံနစ်ကနေ၊ အွန်လိုင်းစနစ်ဘက်ကို ကူးပြောင်းချိန်မှာလည်း စိန်ခေါ်မှုတွေ အမျိုးမျိုးရင်ဆိုင်ခဲ့ရပေမယ့်၊ နည်းပညာတိုးတက်လာသည်နှင့်အမျှ ဒါတွေဟာ ပြောပလောက်တဲ့ ပြဿနာတွေ မဟုတ်တော့ပါဘူး။

အခု တရုတ်နိုင်ငံက ဈေးဝယ်သူတွေဟာ Facial payment စနစ်ကို စတင်ကျင့်သုံးနေပြီဖြစ်ပြီး၊ ငွေကိုင်စရာမလို၊ ကတ်တွေ၊ ပိုက်ဆံအိတ်တွေ တနင့်တပိုး သယ်နေစရာမလိုတော့တဲ့ အနေအထားပါ။ နောက်ပြီး ငွေပေးချေဖို့အတွက် စမတ်ဖုန်းကြီး တကားကားလုပ်ရမယ့် ခေတ်ကို သူတို့ ကျော်ဖြတ်နိုင်ခဲ့ပါပြီ။

 

သူတို့တစ်တွေဟာ ငွေပေးချေဖို့အတွက် Facial payment ကို အထာကျကျ စတင်အသုံးပြုနေကြပြီဖြစ်ပြီး၊ မျက်နှာလေးကို ဟိုလှည့်သည်လှည့် လုပ်လိုက်တာနဲ့ ဈေးဝယ်တဲ့ကိစ္စ၊ ငွေရှင်းတဲ့ကိစ္စက ပြီးသွားမှာပါ။ တရုတ်ရဲ့ မိုဘိုင်းငွေပေးချေမှုစနစ်တွေဟာ ကမ္ဘာပေါ်မှာ အများနဲ့ ရင်ပေါင်တန်းနိုင်ခဲ့သလို၊ အခု စနစ်ကတော့ လက်တလော တွင်ကျယ်နေတဲ့ QR စနစ်ကိုတောင် နောက်ကောက်ချသွားပါလိမ့်မယ်။

READ
ထီပေါက်တဲ့ ပိုက်ဆံတွေကြောင့် မိသားစုကိုပြန်သတ်ခဲ့တဲ့ အမျိုးသားအကြောင်း

ကာစတမ်မာတွေဟာ ဝယ်ယူမှုပြီးဆုံးပြီဆိုတာနဲ့ Point-of-sale (POS) စက်တွေရှေ့မှာ အသာရပ်ပြီး မျက်နှာလေးကို ဟိုလှည့်သည်လှည့် လုပ်လိုက်ရုံပါ။ POS စက်မှာ ကင်မရာများစွာထည့်သွင်းထားပြီး၊ လူတစ်ယောက်ရဲ့မျက်နှာအသေးစိတ်ကို ဘဏ်အကောင့် သို့မဟုတ် မိုဘိုင်းငွေပေးချေမှုနဲ့ ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။

သို့ပေမယ့် ဒီစနစ်မှာ တစ်ခြားဘက်ကတွေးရင် အားနည်းချက်တွေ များစွာရှိနေပြီး၊ အထူးသဖြင့်တော့ လူပုဂ္ဂိုလ်တစ်ဦးချင်းဆီကို CCTV တွေလို စောင့်ကြည့်နေမှုတွေ၊ စောင့်ကြည့်ကြပ်မက်မှုတွေ၊ နိုင်ငံရေးအရ စောင့်ကြည့်ခံရမှုတွေ၊ သတင်းချက် ထိန်းချုပ်မှုတွေ၊ Ethnic profiling ပတ်သက်တဲ့ အငြင်းပွားဖွယ်ရာ ကိစ္စရပ်တွေကို အာဏာပိုင်တွေက အသုံးချလာနိုင်တယ်လို့ ဆစ်ဒနီအခြေစိုက်၊ Macquarie University မှ တရုတ်သုတေသနပညာရှင် Adam Ni က ပြောပါတယ်။

ဒီလို လူပုဂ္ဂိုလ်တစ်ဦးချင်းဆီရဲ့ အခြေခံအချက်အလက်တွေ ကျိုးပေါက်နိုင်မှုတွေက အထူးစိုးရိမ်စရာ ကောင်းနေသော်လည်း၊ တရုတ်လူငယ်ထုကတော့ လူစည်ကားရာ စတိုးဆိုင်တွေ၊ စူပါမားကတ်တွေမှာ Facial payment စနစ်ကို ကျေကျေနပ်နပ်ကြီး ကျင့်သုံးနေကြပါတယ်။ Facial payment စနစ်ကို Alibaba ရဲ့ကုမ္ပဏီခွဲ Alipay က ဒီဇိုင်းရေးဆွဲခဲ့တာဖြစ်ပြီး၊  “Smile-to-Pay” စနစ်ကို အသုံးပြုထားတာပါ။ အခုဆိုရင် မြို့ကြီး (၁၀၀)ကျော်မှာ သုံးနေပါပြီတဲ့။

READ
ဝက်သယ်သည့်ကား အက်ဆီးဒင့်ဖြစ်ပြီးနောက် ကားပေါ်ပြန်မတက်ပဲကဲနေတဲ့ဝက်စုံတွဲ

လင်းဇော်ကို

SHARE