ကမ္ဘာလှည့်ခရီးသွားတွေရဲ့ဖုန်းထဲ app အတင်းသွင်းခိုင်းတဲ့တရုတ်အာဏာပိုင်များ

Shutterstock/ StreetVJ

တရုတ်နိုင်ငံရဲ့ ရှင်းကျန်းနယ်စပ်ဒေသထဲ ၀င်ရောက်လာတဲ့ ခရီးသွားဧည့်သည်တွေကို တရုတ်အာဏာပိုင်တွေဟာ စစ်ဆေးရေး app တစ်မျိုး အတင်းအကြပ်သွင်းခိုင်းခဲ့ကြောင်း သိရပါတယ်။ ၄င်း app ဟာ ဖုန်းထဲမှာပါတဲ့ စာသားတွေ၊ ဖုန်းနံပတ်တွေအပါအ၀င် ပြက္ခဒိန်နဲ့သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို အကုန်ဒေါင်းလုပ်ဒ်ဆွဲသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းထဲမှာ အစ္စလာမ်နဲ့သက်ဆိုင်တဲ့ဖိုင်တွေ ရှိမရှိကိုလည်း စကန်ဖတ်ပြီး စစ်ဆေးသွားမယ်လို့ သိရပါတယ်။

Shutterstock/ BartlomiejMagierowski

သိရတဲ့သတင်းအရတော့ တရုတ်အာဏာပိုင်တွေဟာ ရှင်းကျန်းထဲမှာ လူနည်းစုမျိုးနွယ်စုဝင်တွေအဖြစ် ရှိနေတဲ့ Uighurs လို့ခေါ်တဲ့  မူဆလင်မျိုးနွယ်စုတွေကို စောင့်ကြည့်လိုတာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ အစိုးရဟာ နိုင်ငံသားတွေကိုလည်း လူမြင်ကွင်းတွေမှာ facial-recognition ကင်မရာတွေကို လိုက်လံတပ်ဆင်ဖို့ စီရင်ချက်ချထားပါသေးတယ်။ ရှင်းကျန်းမှာတော့ Uighurs လူဦးရေ(၈)သန်းလောက် နေထိုင်ပါတယ်။ Uighurs လူဦးရေ (၁) သန်းလောက်ကတော့ အစိုးရရဲ့ လူငယ်စောင့်ရှောက်ထိန်းသိမ်းရေးဂေဟာတွေမှာ ရောက်နေတယ်လို့ သိရပါတယ်။

READ
Porn ၀က်ဘ်ဆိုက် အမြဲ့ကြည့်ရှုသူတွေကို မှတ်တမ်းတင်ထားဖို့ ဆန္ဒရှိတဲ့ ဗြိတိန်အစိုးရ

၎င်း app ကို ရှင်းကျန်းနယ်စပ်ကနေ ၀င်လာသမျှ ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေဆီ တရုတ်အာဏာပိုင်တွေက သွင်းခိုင်းခဲ့တာ ဖြစ်ပါတယ်။ BXAQ သို့မဟုတ် Feng Cai အမည်ရတဲ့ ၄င်း app ဟာ ဖုန်းတွေအားလုံးဆီက ပြက္ခဒိန်တွေ၊ ဖုန်းနံပတ်တွေ၊ ဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေ၊ စာပို့မှတ်တမ်းတွေအားလုံးကို စုစည်းပြီး server ပေါ်တင်မှာ ဖြစ်ပါတယ်။ အဓိကအားဖြင့် ၄င်းမှတ်တမ်းတွေထဲကနေ အစ္စလမ်နဲ့ နှီးနွယ်နေတဲ့ ဖိုင်တွေနဲ့ မှတ်တမ်းမှတ်ရာတွေကို ရှာဖွေမှာဖြစ်ကြောင်းလည်း သိရပါတယ်။

Shutterstock/ Motortion Films

BXAQ တွေဟာ Android ဖုန်းတွေကို ဖောက်ထွင်းဝင်ရောက်နိုင်အောင် အထူးဖန်တီးတီထွင်ထားတဲ့ app အမျိုးအစား ဖြစ်ပါတယ်။ ဒါပေမယ့် iPhones တွေကိုလည်း ရှင်းကျန်းနယ်စပ်မှာ လိုက်လံရှာဖွေနေတယ်လို့ဆိုပါတယ်။ တရုတ်အစိုးရဟာ Uighurs တွေရဲ့ နိုင်ငံရေးအမြင်၊ သွေးအမျိုးအစားက အစ Uighurs တစ်ယောက်ကို ဂက်စ် ဘယ်လောက်သုံးတယ်၊ လျှပ်စစ်အားဘယ်လောက်သုံးတယ်ဆိုတာ အဆုံး အရာရာကို မျက်ခြေမပြတ် ကြည့်ရှုနေတယ်လို့လည်း သိရပါတယ်။

READ
အအိပ်မက်သူတွေကို လစာပေးပြီး ခန့်အပ်သွားမယ့် ရှန်ဟိုင်းကုမ္ပဏီ

လင်းလင်း (ShweMom)

SHARE