Plus-size ကောင်လေးတွေပဲ စုပေါင်းပြီး ဖွဲ့ထားတဲ့ တရုတ်နိုင်ငံက Produce Pandas အဖွဲ့

[email protected] producepandas

ဒီဘက်ခေတ်ကြီးထဲမှာ မိန်းကလေးတော်တော်များများ သဘောကျ ကြိုက်နှစ်သက်တဲ့ ယောကျာ်းလေး အဆိုတော်အဖွဲ့ပေါင်းများစွာရှိပါတယ်။ အဆိုပါ ယောကျာ်းလေးသီချင်းဆိုတဲ့ အဖွဲ့တွေထဲမှာမှာ BigBang, BTS, EXO အစရှိတဲ့ နာမည်ကြီး K-pop အဖွဲ့တွေကတော့ ကိုရီးယားနိုင်ငံမှာသာမက ကမ္ဘာ့အနှံ့မှာပါ ပရိသတ်တွေကို ပိုင်ဆိုင်ထားတဲ့ ယောကျာ်းလေး သီချင်းဆိုတဲ့ အဖွဲ့တွေပဲ ဖြစ်ပါတယ်။ အခုပြောပြချင်တဲ့ ယောကျာ်းလေးအဖွဲ့တစ်ဖွဲ့တော့ ဆိုရှယ်မီဒီယာမှာ လူသိများလာတဲ့ တရုတ်နိုင်ငံက အဖွဲ့တစ်ဖွဲ့ပဲ ဖြစ်ပြီး အဖွဲ့နာမည်ကတော့ Produce Pandas လို့ အမည်ရကြောင်း The Guardian သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ Produce Pandas အဖွဲ့ဟာ တစ်ခြားယောကျာ်းလေး သီချင်းအဆိုတော်အဖွဲ့တွေနဲ့ မတူတာကတော့ အဖွဲ့ဝင် ၅ ယောက်စလုံးဟာ plus-size ကောင်လေးတွေပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ်အမျိုးသားအဆိုတော်အဖွဲ့တော်တော်များများဟာ မိန်းကလေးတော်တော်များများ ကြွေလောက်တဲ့ ရုပ်ကလေးတွေကို ပိုင်ဆိုင်ထားကြပေမယ့် Produce Pandas အဖွဲ့မှာတော့ အဲဒီလို ရုပ်ရည်မျိုးမရှိကြပါဘူး။

 

Otter, DING, Mr 17, Cass, Husky အစရှိတဲ့ အမျိုသား ၅ ယောက်ပါဝင်တဲ့ Produce Pandas အဖွဲ့ဟာ အသက် ၂၂ နှစ်ကနေ ၃၁ နှစ်အထိရှိတဲ့ အမျိုးသားတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ အဖွဲ့ဝင် ၅ ယောက်လုံးရဲ့ ထူခြားချက်ကတော့ သူတို့သီချင်းတွေဟာ ပျော်ရွှင်စရာကောင်းတဲ့ သီချင်းတွေ ဖြစ်သလို အမြဲလိုလို ပြုံးရွှင်နေတတ်တဲ့ လူတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ ၅ ယောက်စလုံးဟာ ဝဝကစ်ကစ်နဲ့ ကြည့်လို့ကောင်းသလို ၅ ယောက်စလုံးဟာ နှုတ်ခမ်းမွှေး၊ ပါးသိုင်းမွှေး၊ မုတ်ဆိတ်မွှေးတွေကို ပိုင်ဆိုင်ထားတဲ့ ယောကျာ်းပီသသူတွေပဲ ဖြစ်ပါတယ်။

READ
ထောင်ဒဏ် (၁၅)နှစ်လောက်အထိ ကျနိုင်ခြေရှိနေတဲ့ မင်းသား Park Yoochun

 

 

View this post on Instagram

 

Great Day Great Show 開心 #producepandas

A post shared by ProducePandas (@producepandas) on

“ကျွန်တော်တို့ Produce Pandas အဖွဲ့ဟာ ဂီတလောကထဲရောက်လာတာကတော့ ၂၀၁၉ ခုနှစ်ထဲမှပါ။ စစပေါ်ချင်းတုန်းကတော့ လူတော်တော်များများရဲ့ နှစ်သက်တာကို မခံရပါဘူး။ ကျွန်တော်တို့ တင်တဲ့ ပို့စ်တွေ၊ MTV တွေ အောက်မှာဆိုရင် ကျွန်တော်တို့ကို body shaming လုပ်နေတဲ့ လူတွေ ရှိသလို အားပေးတဲ့ ပရိသတ်တွေလည်း ရှိပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီလိုလူနည်းစုပဲရှိတဲ့ ပရိသတ်တွေကြောင့် ဒီနေ့ဒီအချိန်အထိ ဆက်လက်ရပ်တည်နိုင်ခဲ့တာပါ”လို့ Produce Pandas အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Husky က ပြောကြားခဲ့ပါတယ်။

READ
မင်းသမီး Hedy Lamarr အဖြစ် သရုပ်ဆောင်ဖို့ ဆွေးနွေးနေတဲ့ Gal Gadot

Pyi Hein Kyaw

SHARE