လမ်းလျှောက်ပုံကို ကြည့်ရုံနဲ့ မည်သူမည်ဝါခွဲခြားနိုင်သည့် နည်းပညာ တရုတ်မှာ တီထွင်

တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ စီစီတီဗီကင်မရာ တပ်ဆင်မှု အများဆုံး နိုင်ငံဖြစ်ပါတယ်။ ယခုနှစ်အတွင်းမှာဆိုရင် လူအုပ်ထဲမှာ သံသယရှိသူတွေကို အလွယ်တကူ ရှာနိုင်မယ့် နည်းပညာသုံး မျက်မှန်ကိုတောင် တီထွင်အသုံးပြုနေတာဖြစ်ပြီး အခုဆို လမ်းလျှောက်ပုံကို စကန်ဖတ်တာနဲ့ မည်သူမည်ဝါဆိုတာ ခွဲခြားသိနိုင်မယ့် စောင့်ကြည့်စစ်ဆေးမှု ကိရိယာတစ်ခုကို တီထွင်လိုက်ပြန်ပါပြီ။

အဆိုပါ နည်းပညာသုံး ကိရိယာကို “gait recognition” ဆော့ဖ်ဝဲလို့ ခေါ်ပြီး လူတွေရဲ့ မျက်နှာကို မမြင်ရတဲ့ အနေအထားကနေတောင်မှ သူတို့ရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ လမ်းလျှောက်ပုံကို ဖတ်ပြီး လူတစ်ယောက်က မည်သူမည်ဝါဆိုတာ ခွဲခြားနိုင်မှာ ဖြစ်ပါတယ်။ ထိုကိရိယာကို သုံးပြီး မီတာ ၅၀ (၁၆၅ ပေ) အကွာကတည်းက လူတွေကို ခွဲခြားနိုင်မှာ ဖြစ်ပါတယ်။ “လူတွေရဲ့ သရုပ်မှန်ကို သိဖို့ မျက်နှာကို မြင်စရာ အထူးတလည် မလိုအပ်တော့ပါဘူး။ ပြီးတော့ လမ်းလျှောက် ခြေရာခံစနစ်ဆိုတာနဲ့ လမ်းလျှောက်တဲ့ ပုံစံ ပြောင်းတာနဲ့ စက်ကွင်းထဲက ထွက်ပြေးနိုင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ထိုစနစ်က လူတစ်ကိုယ်လုံးကို မှတ်သားထားနိုင်တဲ့ စနစ်ဖြစ်တာကြောင့်ပါ” လို့ gait recognition” ကို တီထွင်တဲ့ Watrix ကုမ္ပဏီရဲ့ စီအီးအို Huang Yongzhen က ပြောကြားခဲ့ပါတယ်။

READ
ဖုန်းကင်မရာ sensor တွေကို အားလုံးထက်အရင် အဆင့်မြှင့်တင်သွားတော့မယ့် Samsung
APNEWS

Watrix ကုမ္ပဏီက ထိုခြေလှမ်း စစ်ဆေးတဲ့ နည်းပညာသုံး ကိရိယာကို တီထွင်ဖို့ ယွမ်သန်း ၁၀၀ (ဒေါ်လာ ၁၄.၅ သန်း) အကုန်ကျခံထားခဲ့တာဖြစ်ပြီး ဘေကျင်းနဲ့ ရှန်ဟိုင်းလမ်းတွေမှာ အသုံးပြုနေပြီဖြစ်ပါတယ်။ ထိုနည်းပညာက ကမ္ဘာပထမဆုံးရယ်တော့ မဟုတ်ပါဘူး။ အမေရိကန်နဲ့ ဂျပန်တို့ကလည်း လမ်းလျှောက်ပုံ ထောက်လှမ်းတဲ့ နည်းပညာကို သုတေသနလုပ်နေကြတာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက ဖြစ်ပါတယ်။ ဂျပန်မှာဆို ရဲအဖွဲ့အစည်းနဲ့ အိုဆာကာ တက္ကသိုလ်တို့ ပူးပေါင်းပြီး “gait recognition” ကို ၂၀၁၃ ခုနှစ်ကတည်းက စသုံးစွဲခဲ့ကြတာပါ။

APNEWS

Watrix ကုမ္ပဏီကို ၂၀၁၆ တုန်းက ပူးတွဲတည်ထောင်ခဲ့တဲ့ သုတေသနပညာရှင်ဟောင်း Huang ကတော့ ထိုခြေလှမ်းစစ်နည်းပညာဟာ မျက်နှာတွေကို စကန်ဖတ်စစ်ဆေးတာလောက်တော့ တိကျမှုမရှိပေမယ့် ၉၄ ရာခိုင်နှုန်းအထိ မှန်ကန်တာကြောင့် လုပ်ငန်းသုံးအနေနဲ့တော့ အဆင်ပြေစွာ အသုံးပြုနိုင်ကြောင်း ပြောပြခဲ့ပါတယ်။ “gait recognition” နည်းပညာကို လူပျောက်တွေကို ရှာဖွေရာမှာနဲ့ ရာဇဝတ်မှုတွေ လိုက်ရာမှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားကြပါတယ်။

READ
Samsung Galaxy S8 ကို ပေ(၁၀၀၀) ကပစ်ချပြီးစမ်းသပ်တဲ့ အကြမ်းခံစမ်းသပ်မှု
APNEWS

Ref: PA News , Techcrunch.com

SHARE