နှင်းလူအရုပ်ပေါင်းများစွာနဲပ အလှဆင်ထားတဲ့ တရုတ်နိုင်ငံရဲ့ ရေခဲမြို့တော်

ဟာဘင်မြို့ဟာ တရုတ်နိုင်ငံရဲ့ ရေခဲမြို့တော်လို့ ဆိုနိုင်ပါတယ်။ အပူချိန်အနေနဲ့ကတော့ ညရောက်တဲ့အခါ တစ်ခဏအတွင်း -၂၀ အထိကျဆင်းနိုင်လေ့ရှိပါတယ်။

Sipa Asia/REX

ဒီနှစ်မှာတော့ ၂၀၁၉ ကို ကြိုဆိုတဲ့အနေနဲ့ မြို့ခံတွေနဲ့ ခရီးသွားတွေ ပူးပေါင်းပြီး ဆောင်ဟွာမြစ်ကမ်းနဘေးမှာ နှင်းလူရုပ်ပေါင်း (၂၀၁၉) ရုပ်တိတိကို ပြုလုပ်ကာ အလှဆင်ခဲ့ကြပါတယ်။

Sipa Asia/REX
Sipa Asia/REX
Sipa Asia/REX

ဟာဘင်မြို့ဟာ တရုတ်နိုင်ငံရဲ့ ခရီးသွားများဝင်ရောက်မှု အများဆုံးမြို့များထဲမှ တစ်မြို့အပါအဝင်ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ လေဆိပ်မှတ်တမ်းအရ ခရီးသွားပေါင်း မီလီယံ (၂၀) ကျော်အထိ ဝင်ရောက်ခဲ့ပြီး ဆောင်းတွင်းကာလရောက်ကာမှ အခုလိုများပြားလေ့ရှိတာပဲဖြစ်ပါတယ်။

ညဖက်တွေမှာ အအေးကဲသဘောက် မနက်နဲ့နေ့ခင်းပိုင်းဆိုလျှင်တောင်မှ အပူချိန်ဟာ -၉ လောက်ရှိနေပါတယ်။ ဒီအပြင် မြို့ရဲ့အထင်ကရလည်ပတ်စရာနေရာဖြစ်တဲ့ ဆရပ်ဘီယမ်ကျားဥယျဉ်လည်း ရှိပါတယ်။ ကျားအကောင်ရေပေါင်း (၁,၀၀၀) ကျော်ရှိပြီး ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးနေရာပဲဖြစ်ပါတယ်။

မြို့ခံများဟာ နှစ်တိုင်းလိုလို နှင်းလူများပြုလုပ်ပြီး ဟာဘင်နှင်းပွဲတော်ကို ကျင်းပလေ့ရှိပါတယ်။ ဒါကြောင့် ဟာဘင်ကိုသွားလည်ဖို့ အကောင်းဆုံးကာလကတော့ ယခုလို ခရစ်စမတ် ပတ်ဝန်းကျင်ကာလစ်ြပြီး နှင်းတွေကြားထဲ ဓာတ်ပုံရိုက်ကာ အပန်းဖြေနိုင်ပါတယ်။

READ
ဘာစီလိုနာမြို့မှာ လည်ပတ်စရာနေရာများ
Sipa Asia/REX
Sipa Asia/REX
Sipa Asia/REX

 

Source: Daily Mail

Penny

SHARE