အစမ်းဝတ်ကြည့်ပြီးထွက်ပြေးချင်ယောင်ဆောင်တဲ့ ဗီဒီယိုတွေကြောင့်ဆိုင်ရှင်တွေစိတ်ညစ်

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးခဲ့တဲ့ ဖိနပ်ဆိုင်တစ်ခုက ဗီဒီယိုကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ဖိနပ်ဝယ်ဖို့ရောက်လာသူဟာ ဖိနပ်ကိုစီးပြီး အပြင်ဖက်ကို ထွက်ပြေးသွားခဲ့လို့ အရောင်းဝန်ထမ်းက အနောက်ကနေ ပြေးလိုက်ခဲ့ရတာပါ။ ဒါပေမယ့် ပြေးထွက်သွားခဲ့သူက ဖိနပ်ကောင်းမကောင်း စမ်းသပ်ပြေးကြည့်တာဖြစ်လို့ အရောင်းဝန်ထမ်းလည်း စိတ်သက်သာရာ ရသွားခဲ့ပါတယ်။

အဲဒီနောက် ရက်အနည်းငယ်အကြာမှာပဲ တရုတ်ပြည်ထဲက ရတနာဆိုင်တစ်ခုမှာ လည်ဆွဲတစ်ခုကို အစမ်းဝတ်ကြည့်နေတဲ့ အမျိုးသမီးတစ်ဦးက ၀တ်ပြီးပြီးချင်းပဲ အပြင်ဖက် ပြေးထွက်သွားမလို လုပ်ခဲ့လို့ အရောင်းဝန်ထမ်းက ကောင်တာမှန်ပုံးကို ကျော်ပြီး ပြေးလိုက်ခဲ့ရပါသေးတယ်။ ဒါပေမယ့် အဲဒီအမျိုးသမီးက လည်ဆွဲနဲ့သူ လိုက် မလိုက်ဆိုတာ မှန်သွားကြည့်တာ ဖြစ်တဲ့အတွက် အရောင်းဝန်ထမ်းက အားတုံ့အားနာ ဖြစ်သွားခဲ့ရတာပါ။

READ
လက်အမူအရာ သင်္ကေတလေးတွေနဲ့ သီချင်းဆိုနေကြတဲ့ ဒေါင်းဝေဒနာရှင်လေးများ

အဲဒီ ဗီဒီယိုဖိုင်လေးက ကြည့်ရှုသူ သန်းနဲ့ချီရှိခဲ့ပြီးနောက် တရုတ်ပြည်ထဲက ဆိုင်တွေမှာ ဒီလို ဟာသလုပ်တဲ့ ဗီဒီယိုလေးတွေကို လာလုပ်တဲ့သူတွေ ရှိလာခဲ့ကြပါတယ်။ အထူးသဖြင့် ရတနာပစ္စည်းရောင်းတဲ့ဆိုင်တွေမှာ ဒီလိုတွေ လုပ်လာကြပြီး အရောင်းဝန်ထမ်းတွေဟာ အချိန်ပြည့်အလုပ်ရှုပ်နေခဲ့တာပါ။

Youtube

အောက်မှာဖော်ပြထားတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ ဟာသလုပ်ထားတဲ့ ဗီဒီယိုပေါင်းများစွာကို တွေ့ရမှာဖြစ်ပြီး ရတနာဆိုင်တွေက အရောင်းဝန်ထမ်းတွေဟာ ဒီလိုဗီဒီယိုဖိုင်မျိုး ပြုလုပ်ချင်ကြသူတွေကြောင့် ဈေးဝယ်သူနောက်ကို မကြာခဏ ပြေးလိုက်နေရတာမျိုး ဖြစ်နေခဲ့တာပါ။

ဆိုရှယ်မီဒီယာအသုံးပြုသူအချို့ကတော့ ဒါဟာ ဟာသအဖြစ်ကနေ တကယ်ထွက်ပြေးသွားတာမျိုး ဖြစ်နိုင်လို့ ဆိုင်ရှင်တွေနဲ့ ၀န်ထမ်းတွေ သတိရှိကြဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

Linn

Source : worldofbuzz

 

 

SHARE