ကမ္ဘာ့ဆွဲအားကို အံတုတည်ဆောက်ထားတဲ့ နှစ်ပေါင်း(၁၅၀၀) အလွန်ကဘုရားကျောင်း

ဗိသုကာပညာရပ်ကို စိတ်ဝင်စားကြသူတွေအနေနဲ့ တရုတ်နိုင်ငံ ဒါတွန်မြို့  ဟန်ရှန်းတောင်ခြေမှာတည်ဆောက်ထားတဲ့ ဘုရားကျောင်းကို လေ့လာကြည့်သင့်ပါတယ်။ ၄င်းဘုရားကျောင်းကို Xuan Kong Si Hanging Temple လို့ လူသိများကြပါတယ်။ ဘုရားကျောင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း(၁,၅၀၀) ကျော်က တည်ဆောက်ထားတဲ့ ဘုရားကျောင်းဖြစ်ပြီး မြေပြင်ကနေ အမြင့် (၂၄၆) ပေမှာ ကြိုးနဲ့ ဆိုင်းဆွဲထားတဲ့ဟန် ဖြစ်ပါတယ်။

HAP/ Quirky China News/ REX
HAP/ Quirky China News/ REX

၎င်းကြိုးဘုရားကျောင်းကို ဘုန်းတော်ကြီးတွေက ရေကြီးရေလျံမှုဘေးဒဏ်ကနေလွတ်ဖို့ တည်ဆောက်ထားခဲ့တာလို့ ယူဆရပါတယ်။ ဘုရားကျောင်းဟာ နေဒဏ်၊ မိုးဒဏ်၊ နှင်းဒဏ်တွေကနေ လွတ်မြောက်ဖို့ ဘုန်းတော်ကြီးတွေကနေ မဟာဗျူဟာကျကျ တည်ဆောက်ထားခဲ့တာ ဖြစ်ပါတယ်။

HAP/ Quirky China News/ REX
HAP/ Quirky China News/ REX

ဘုရားကျောင်းမှာ အဓိကထောက်ပံ့ပေးထားတာတွေက သစ်သားတိုင်လုံးကြီးတွေသာ ဖြစ်လို့ အခုအချိန်ထိ တည်တံ့ခိုင်မာနေဆဲဖြစ်တဲ့ ဘုရားကျောင်းရဲ့ ဗိသုကာလက်ရာဟာ အလွန်ပဲ ဆန်းကြယ်လှတာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ်ထူးခြားတာတစ်ခုက ရှေးဟောင်းတရုတ်ကိုးကွယ်မှုဘာသာတွေဖြစ်တဲ့ ဗုဒ္ဓ၀ါဒ၊ တာအိုဝါဒနဲ့ ကွန်ဖြူးရှပ်ဝါဒတို့ ပေါင်းစုံရာ ကမ္ဘာပေါ်က တစ်ခုတည်းသော ဘုရားကျောင်းဖြစ်တယ်လို့လည်း သိရပါတယ်။

READ
နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှာ အခန့်မသင့်ရင် အဖမ်းခံရနိုင်တဲ့ သာမန်လုပ်နေကျအရာများ
HAP/ Quirky China News/ REX
HAP/ Quirky China News/ REX

ဘုရားကျောင်းကို တောင်စွန်းပေါ်မှာ တည်ဆောက်ထားပေမယ့်လည်း ၄င်းကြိုးဘုရားကျောင်းကို သွားရောက်လည်ပတ်ရတာတော့ လွယ်ကူလွန်းပါတယ်။ ဘုရားကျောင်းကြီးတစ်ခုလုံးကို ကျောက်သားကျောက်ဆောင်ကြီးတွေက နောက်ခံ ဖေးမပေးထားတဲ့အပြင် တောင်စွန်းမှာ ထွင်းထားတဲ့ တွင်းပေါက်တွေထဲကို ၀က်သစ်ချတိုင်လုံးတွေက အံဝင်ခွင်ကျဖြစ်နေတာတွေက ဘုရားကျောင်းကြီးကို တပေါင်းတစည်းတည်း ဖြစ်နေအောင် ထောက်ပံ့ပေးထားတာပဲ ဖြစ်ပါတယ်။

HAP/ Quirky China News/ REX
HAP/ Quirky China News/ REX
HAP/ Quirky China News/ REX

လင်းလင်း (ShweMom)

Ref: elitereaders

SHARE