တရုတ်ကနေ ငှားခဲ့တဲ့ ပန်ဒါဝက်ဝံကြီးသေဆုံးသွားလို့ ထိုင်းတာဝန်ရှိသူတွေမျက်နှာပျက်

Twitter "SCMP"

တရုတ်နိုင်ငံက ထိုင်းနိုင်ငံကို ငှားရမ်းခဲ့တဲ့ ချစ်စရာကောင်းတဲ့ဧရာမပန်ဒါကြီး Chuang Chuang ဟာရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။ဒီပန်ဒါကြီး Chuang Chuang ကို လွန်ခဲ့တဲ့(၁၆)နှစ်က နှစ်နိုင်ငံဆက်ဆံရေးကြား ကိုယ်စားပြုအနေနဲ့ထိုင်းက တရုတ်ကိုငှားရမ်းခဲ့တာဖြစ်ပါတယ်။

Chuang Chuang ဟာ ထိုင်းနိုင်ငံမြောက်ဘက်ရှိ Chiang Mai တိရိစ္ဆာန်ရုံမှာ စက်တင်ဘာလ(၁၆)ရက်နေ့ ညနေ(၄)နာရီမိနစ်(၄၀)အချိန်မှာ မမျှော်လင့်ပဲရုတ်တရက်သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ သူမသေဆုံးခင်မှာတောင်  ၀ါးတွေကိုစားနေပါသေးတယ်လို့ Chiang Mai တိရိစ္ဆာန်ရုံရဲ့ဒါရိုက်တာ Wuttichai Muangmun ကပြောကြားခဲ့တာ ကို AFP သတင်းဌာနကဖော်ပြခဲ့ပါတယ်။ Chuang Chuang ဟာ အသက်(၁၉)နှစ်အရွယ်မှာ ရုတ်တရက်သေဆုံးသွား ခဲ့တာပါ။

 

Chuang Chuang ဟာ လမ်းလျှောက်နေရင်း မြေပြင်ပေါ်လဲကျကာ အသက်သေဆုံးသွားခဲ့တာဖြစ်တယ်လို့ Muangmun ကပြောပါတယ်။

Chuang Chuang ဟာ မကြာသေးခင်ကမှ ကျန်းမားရေးစစ်ဆေးမှုတွေခံယူ ထားတာဖြစ်ပြီး ဆေးစစ်ချက်ရဲ့အဖြေကလည်း ကျန်းမာရေးကောင်းမွန်တဲ့အဖြေကိုရရှိခဲ့တယ်လို့ တိရိစ္ဆာန်ရုံအာဏာပိုင်တွေက  Sky News သတင်းဌာနကိုပြောပါတယ်။ ပန်ဒါတွေဟာ ပုံမှန်ဆိုရင် အသက်(၁၄)နှစ်ကနေအသက်(၂၀)အထိအသက်ရှင်နေထိုင်ကြပြီး ထိန်းသိမ်းစောင့်ရှောက်မှုအောက်မှာရှိရင်တော့ အသက်(၃၀)အထိနေထိုင်နိုင်ကြတယ်လို့ World Wildlife Foundation ကပြောပါတယ်။

Chuang Chuang သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး တရုတ်ကစုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့အတွက်တော့ ပြင်ဆင်နေကြပါပြီ။

READ
ကလေးသူခိုးလို့ မှားယွင်းစွာစွပ်စွဲခံရပြီး အုပ်စုလိုက်ဝိုင်းနှိပ်စက်တာခံခဲ့ရတဲ့ အမျိုးသမီး

Chuang Chuang သေဆုံးမှုကိုရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ဒါ့ကြောင့်စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင်သတင်းအေဂျင်စီကထုတ်ပြန်ကြေညာခဲ့ပါတယ်။

Chuang Chuang သေဆုံးမှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံသားတွေကဒေါသထွက်ခဲ့တဲ့အတွက် Weibo ဆိုရှယ်မီဒီယာပေါ်မှာ Chuang Chuang အကြောင်းကို hashtag ခံပြီးရေးသားထားတဲ့ ပို့စ်ပေါင်း သန်း(၂၅၀)ကျော်အထိရှိခဲ့ပါတယ်။ထိုင်းတိရစ္ဆာန်ရုံကိုလည်း ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့်ပြစ်တင်ဝေဖန်ခဲ့ကြပြီး ထိုင်းတိရိစ္ဆာန်ရုံမှာရှိတဲ့ ပန်ဒါမကြီး Lin Hui ကိုလည်းတရုတ်နိုင်ငံကိုပြန်ပို့ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။

ထိုင်းတိရိစ္ဆာန်ရုံကလည်း တရုတ်အာဏာပိုင်တွေမရောက်လာခင်အချိန်ထိကို Chuang Chuang ရဲ့အလောင်းကိုခွဲစိပ်စစ်ဆေးမှုတွေလုပ်မှာမဟုတ်ဘူးလို့ တိရိစ္ဆာန်ရုံရဲ့ဒါရိုက်တာ Muangmun ကပြောပါတယ်။

Thae

SHARE