ဘိုဆန်တာတွေကို ဆန့်ကျင်နေတဲ့ တရုတ်နိုင်ငံရဲ့ အမျိုးသားရေး ပေါ်လစီ

provincial government of Hainan/Weibo

တရုတ်နိုင်ငံမှာ အနောက်တိုင်းဆန်မှုတွေကို လုံးဝ လက်မခံနိုင်ကြောင်း တိုးတက်နေတဲ့ ဇိမ်ခံ အိမ်ရာတွေ၊ နာမည်ကြီး ဟိုတယ်တွေရဲ့ နာမည်ပေးပုံတွေကို ကြည့်ရင် သိနိုင်ပါတယ်။

Hainan ပြည်နယ်မှာဆို အဆောက်အဦး ၈၄ ခုလောက်ရဲ့ နာမည်တွေဟာ သိပ် ဘိုဆန်လွန်းနေတာကြောင့် နာမည်ပြန်ပြောင်းပေးခဲ့ရတယ်လို့ သိရတယ်။ အဲ့ဒီ့နောက်ပိုင်းက စလို့ Shaanxi ပြည်နယ်ရဲ့ မြို့ဖြစ်တဲ့ Xi’an မှာလည်း အနောက်တိုင်းဆန်လွန်း၊ ကြောင်တောင်တောင်နိုင်လွန်းပြီး ခေါ်ရခက်၊ နားလည်ရခက်တဲ့ အဆောက်အဦး ၉၈ ခုရဲ့ စာရင်းကိုလည်း ထုတ်ပြန်ခဲ့တယ်။

Johannes Eisele/Reddit

ဒီ အမိန့်ထုတ်ပြန်မှုဟာ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာမှာ အမျိုးသားရေး လှုပ်ရှားမှုအဖြစ် တရားဝင်စတင်ခဲ့ပြီး ထွက်ပေါ်လာတဲ့ ရလဒ်တွေဖြစ်တယ်။ အထူးသဖြင့် ချဲ့ကားထားခြင်း၊ အဆက်အစပ်မရှိခြင်း၊ ပုံတူကူးခြင်းနဲ့ ထူးဆန်းပြီး ဟီရိသြတ္တပ ကင်းမဲ့တဲ့ နာမည်တွေကို ပစ်မှတ်ထားခဲ့ကြောင်း သိရတယ်။

READ
ဘဲကလေးတွေ လမ်းကူးရာမှာ အစအဆုံးကူညီပေးခဲ့တဲ့ လွှတ်တော်အမတ်

ယင်းကဲ့သို့ နာမည်တွေဟာ ဆိုရှယ်လစ်စနစ်ရဲ့ အနှစ်တန်ဖိုးကို ထိခိုက်စေတယ်၊ အမျိုးသားရေး ဂုဏ်ကို ထိခိုက်တယ်၊ တရုတ်ပြည်သူ ပြည်သားတွေရဲ့ ဘ၀အပေါ် မကောင်းတဲ့ သက်ရောက်မှုတွေ ရှိစေတယ်ဆိုပြီး အခုလို ပြောင်းခိုင်းတာဖြစ်ပါတယ်။

နာမည်ပြောင်းလိုက်ရတဲ့ Xi’an နဲ့ Hainan က အဆောက်အဦး စာရင်းကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

Central, International, riverside, mountain စတဲ့ အသုံးအနှုန်းတွေဟာလည်း ပေါ်လစီနဲ့ ညှိနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သောကြာနေမှာတော့ Chian’s Ministry of Civil Affairs ကလည်း ဒီ ကန်ပိန်းကို ထောက်ခံကြောင်း၊ အသစ်ဆောက်လုပ်နေတဲ့ ဧရိယာတွေ၊ အထင်ကရ ပရောဂျက်တွေပေါ် စူးစိုက်သင့်ကြောင့်လည်း ဖြည့်စွက်သွားခဲ့ပါတယ်။

READ
တစ်ခြားအမျိုးသမီးကိုချီးမွမ်းခဲ့တဲ့ ချစ်သူကို အညိုးနဲ့ ငယ်ပါဖြတ်ပစ်ခဲ့တဲ့ အမျိုးသမီး

အင်တာနက်ပေါ်မှာတော့ လူတွေက တရုတ်နိုင်ငံရဲ့ နာမည်ကြီးတွေဖြစ်တဲ့ Jack Ma ရဲ့ Alibaba၊ နာမည်ကြီး မော်ဒယ် မင်းသမီးဖြစ်တဲ့ Angelababy တို့ပါ နာမည်ပြောင်းရတော့မယ်ဆိုပြီး ဟာသတွေလုပ်နေကြောင်း ဖော်ပြလိုက်ရပါတယ်။

Matthew (ShweMOM)

SHARE