ပိုလာဝက်ဝံလောက်ရှိတဲ့ ဧရာမဝက်ကြီးတွေ မွေးနေတယ်ဆိုတဲ့ တရုတ်

အာဖရိကဘက်ကနေ ပျံ့နှံ့လာတဲ့ ဝက်တုပ်ကွေးက တရုတ်နိုင်ငံ ဝက်မွေးမြူရေးလုပ်ငန်းရှင်တွေကို ခြိမ်းခြောက်လျှက် ရှိပါတယ်။ ဒီအခြေအနေကနေ ဝက်သား ရှားပါးပြတ်တောက်မှုကို ကြိုတင်ကာကွယ်နိုင်စွမ်းရှိစေဖို့ တရုတ်ဝက်မွေးတောင်သူတွေဟာ ဧရာမအသားတိုးဝက်ကြီးတွေကို မွေးမြူနေတယ်လို့ သိရပါတယ်။

ဂေါင်ဇီစီရင်စု၊ နန်နင်းမြို့က ဝက်မွေးမြူရေး လုပ်ငန်းတစ်ခုမှာ မွေးထားတဲ့ ဝက်တစ်ကောင်ကတော့ (၇၅)စတုံ သို့မဟုတ်၊ (၅၀၀)ကီလိုဂရမ် သို့မဟုတ်၊ (၁၁၀၂)ပေါင်အထိတောင် ရှိပါသတဲ့။ ဝန်ရိုးစွန်းဝက်ဝံကြီးတွေရဲ့ အရွယ်အစားနဲ့တောင် တူညီနေပြီး၊ တရုတ်နိုင်ငံမှာ ဝက်သားမပြတ်တောက်စေဖို့ ကြိုတင်ခြေကန်ထားကြတဲ့ သဘောပါ။

 

ဒီဝက်ကြီးက ဝက်မွေးတောင်သူ Pang Cong ရဲ့ ဝက်တွေထဲက တစ်ကောင်ဖြစ်ပါတယ်။ တရုတ်မှာ ဝက်တုပ်ကွေး Swine Flu ကြောင့် ဝက်တွေ အကောင်ရေ သိန်းနဲ့ချီ သုတ်သင်ပစ်ခဲ့ရခြင်းက ယခုနှစ် ဝက်သားဈေးကွက်ကို ယမန်နှစ်ကထက် (၇၀)အထိ ပိုကောင်းသွားစေတယ်လို့ ဆိုပါတယ်။ တစ်ဖက်ကလည်း ဝက်သား လျှာထားချက် မပြည့်မီနိုင်လို့ ဈေးက မြောက်လာတဲ့ သဘောပါ။

READ
ကမ္ဘာ့လှည့် သုတ်ရေလှူဒါန်းပြီး ကလေး(၂၆)ယောက်မွေးထားနိုင်ခဲ့တဲ့ သချာင်္ဆရာ

တကယ်လို့ ဝက်တစ်ကောင်ဟာ ပေါင်ချိန် (၁၁၀၀)အထက် ရှိတယ်ပါဆိုပါ တရုတ်ယွမ် (၁၀၀၀၀)လောက်ထိ ပေါက်ဈေးရှိပြီး၊ အမေရိကန်ဒေါ်လာအားဖြင့် (၁၄၀၀)လောက်ထိ ရနိုင်ပါတယ်။ အရွယ်ရောက်ပြီး ဝက်တစ်ကောင်ဟာ သာမန်အားဖြင့် ပေါင်(၃၀၀)ကနေ ပေါင်(၇၀၀)လောက်ထိ ရှိပါတယ်။

အရွယ်အစားအကြီးဆုံးမှတ်တမ်းအဖြစ် ဝင်ရောက်နိုင်ခဲ့တဲ့ ဝက်ကတော့ အမေရိကန် Jackson, Tennessee က ပိုင်ရှင်တစ်ဦးရဲ့ Big Bill အမည်ရ ဝက်ကြီး ဖြစ်ပါတယ်။ ဒီဝက်ကြီးကတော့ ပေါင်ချိန် (၂၅၅၂)အထိရှိခဲ့ပါတယ်။ ဒီဝက်ကြီးကို (၁၉၃၃)ခုနှစ်က  Chicago World Fair မှာ သွားရောက်ပြသဖို့ ပိုင်ရှင်က ပြင်ဆင်ခဲ့ပေမယ့် ခြေထောက်ကျိုးသွားတဲ့အတွက် အနိစ္စချောပေးလိုက်ရတယ်လို့ မှတ်တမ်းက ဆိုပါတယ်။

READ
မီတာစစ်မလို့ဆိုပြီး အိမ်သားတွေအကုန် အပြင်ထွက်ခိုင်းကာ ပစ္စည်းခိုးခဲ့တဲ့ အမျိုးသား

တရုတ်အစိုးရကတော့ လာမယ့်နှစ် (၂၀၂၀)မှာ တရုတ်ပြည်တွင်းမှာ Swine Flu ကြောင့် ဝက်သားဈေးကွက် ပျက်လောက်သည်အထိ ဝက်သား ရှားပါးနိုင်တယ်လို့ သတိပေးထားပါတယ်။ ဒါကြောင့် ဝက်မွေးမြူရေးလုပ်ငန်းတွေအနေနဲ့ ဝက်တွေကို စနစ်တကျ ရောဂါပိုးကင်းအောင် ကြိုတင်ကာကွယ်ပြီး၊ လာမယ့်နှစ်အတွက် ပြင်ဆင်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။

လင်းသုတ

SHARE