နျူကလီးယားတိုက်ခိုက်မှုဖြစ်ရင် လိုက်နာရမယ့်စည်းကမ်းချက်များကို တရုတ်ထုတ်ပြန်

တရုတ်နဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံရဲ့ တင်းမာမှုအခြေအနေဟာစိုးရိမ်ဖွယ်ဖြစ်လာတာကြောင့် တရုတ်နိုင်ငံက နျူကလီးယားဘေးအန္တရာယ်ကျရောက်လာတဲ့အခါ လိုက်နာကျင့်သုံးရန်လမ်းညွှန်ချက်တွေထုတ်ပြန်ခဲ့ကြောင်း The Sun ကဆိုထားပါတယ်။

မြောက်ကိုရီးယားရဲ့တောင်ဘက်စွန်းနဲ့နီးစပ်နေတဲ့ တရုတ်နယ်စပ်ဒေသ Jilin ပြည်နယ်သတင်းစာကတော့ နျူအန္တရာယ်ကာကွယ်ရေးနဲ့ပတ်သက်ပြီး ဆောင်းပါးတစ်ပုဒ်ရေးသားခဲ့ပါတယ်။ Jilin သတင်းစာဟာ လူဦးရေ (၂၃.၅)သန်းနေထိုင်တဲ့ Jilin ပြည်နယ်ကနေ့စဉ်ထုတ်သတင်းစာတစ်စောင်ဖြစ်ပါတယ်။

နားအတွင်းသန့်ရှင်းခြင်း

သတင်းစာမှာတော့ နျူလက်နက်ဟာ သမရိုးကျလက်နက်တွေနဲ့ဘယ်လိုကွာခြားကြောင်း ရှင်းပြတာတွေရှိပေမယ့် နျူတိုက်ခိုက်မှုမျိုးသေချာပေါက်ဖြစ်လာမယ်လို့တော့ မဖော်ပြထားပါဘူး။ မြောက်ကိုရီးယား အာဏာရှင်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကင်ဂျုံအန်က ဟွာဆောင်းအမှတ်(၁၅) ဒုံးကျည်စမ်းသပ်မှုနဲ့ပတ်သက်ပြီး ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန်နဲ့စစ်ဖြစ်နိုင်ခြေမြင့်တက်နေတာကြောင့် အခုလိုသတိပေးချက်တွေပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

ရေများများသောက်ခြင်း

ဗုဒ္ဓဟူးနေ့က အမေရိကန်ဗုံးကျဲသမားတွေ ကိုရီးယားကျွန်းဆွယ်မှာ ပျံသန်းနေခဲ့ပြီး မြောက်ကိုရီးယားနဲ့စစ်ဆင်ဖို့ စစ်ရေးလေ့ကျင့်နေကြပါတယ်။ မြောက်ကိုရီးယားကလည်း စစ်လေ့ကျင့်ရေးတွေက ကိုရီးယားကျွန်းဆွယ်ကို စစ်ဖြစ်ဖို့တွန်းအားပေးနေကြောင်း သတိပေးခဲ့ပါတယ်။

အိမ်တံခါးတွေပိတ်ထားခြင်း

သတင်းစာမှာတော့ နျူလက်နက်အဖျက်အစီးနဲ့ပတ်သက်ပြီး (၅)မျိုးရှိကြောင်း ရှင်းပြထားပါတယ်။ အလင်းရောင်ခြည်ဖြာထွက်ခြင်း၊ ပေါက်ကွဲမှုလှိုင်းတွေဖြစ်ပွားခြင်း၊ ကနဦးပိုင်းရေဒီယိုဓာတ်သတ္တိကြွခြင်း၊ နျူလျှပ်စစ်သံလိုင်းလှုပ်ရှားမှုတွေဖြစ်ပွားခြင်းနဲ့ ရေဒီယိုသတ္တိကြွပစ္စည်းတွေကြောင့် ၀န်းကျင်ညစ်ညမ်းခြင်းတို့ဖြစ်ပါတယ်။

READ
ဝက်ဝံတိုက်ခိုက်တာကို ခံခဲ့ရလို့ တစ်ဘဝစာ စုတ်ပြတ်ဒဏ်ရာတွေရခဲ့တဲ့ သမင်မုဆိုး
နေ့စဉ်ကိုယ်လက်သန့်ရှင်းရေးပြုလုပ်ခြင်း

ပထမဆုံး(၄)မျိုးက ချက်ခြင်းအသက်သေစေနိုင်ပါတယ်။ သတင်းစာကတော့ နျူတိုက်ခိုက်မှုအတွင်း အပြင်ရောက်နေတယ်ဆိုရင် မြောင်းတွေကြားတဲ့ဝင်နေဖို့၊ အရောင်ဖျော့ပြီး ကိုယ်လက်ချောင်ချိတဲ့အ၀တ်အစားတွေဝတ်ဆင်ဖို့နဲ့ မြစ်၊ ကန်နဲ့နီးရင် ရေထဲခုန်ဆင်းဖို့သတိပေးတိုက်တွန်းထားပါတယ်။

ဖိနပ်တွေကိုဆေးကြောခြင်း

သရုပ်ဖော်ကာတွန်းတွေမှာဆိုရင်လည်း ရေဒီယိုဓာတ်သတ္တိကြွညစ်ညမ်းမှုတွေကနေ ပပျောက်နိုင်အောင် ဖိနပ်ကိုရေနဲ့ဆေးကြောဖို့နဲ့ နားတွင်းကို နားကြပ်ဝါဂွမ်းနဲ့သန့်ရှင်းရေး ပြုလုပ်ဖို့ ဖော်ပြထားပါတယ်။ ကလေးအန်နေတဲ့ဓာတ်ပုံတစ်ပုံမှာတော့ အစာအိမ်စုပ်ထုတ်ပြီး သို့မဟုတ် ဆီးသွားပြီး ရေဒီယိုဓာတ်ရောင်ခြည်သင့်မှုကိုလျော့ချကာ ဆေးအကူအညီယူနိုင်ကြောင်းပြောထားပါတယ်။

ကလေးအန်နေတဲ့ပုံကိုသရုပ်ပြစဉ်

ဒါ့အပြင် သတင်းစာမှာ (၁၉၄၅)တုန်းက ဂျပန်နိုင်ငံ ဟီရိုရှီးမားမှာ ကျဲချခဲ့တဲ့နျူကလီးယားဗုံးအကြောင်းလည်း သမိုင်းသက်သေတွေနဲ့ပြောပြခဲ့ပါတယ်။ အဆိုပါဗုံးကြဲမှုမှာ ဓာတ်ရောင်ခြည်တွေပျံ့နှံ့မှုနဲ့အတူ ရောင်ခြည်လှိုင်းတွေဟာ မီးတောက်လောင်စေပြီး လေပြင်းမုန်တိုင်းတွေကိုဖြစ်ပွားစေခဲ့ပါတယ်။အကျိုးဆက်အနေနဲ့ အဆောက်အဦးပေါင်း(၈၁)ရာခိုင်နှုန်းပြိုကျပျက်စီးခဲ့ပြီး လူပေါင်း(၇)သောင်းသေဆုံးခဲ့ကြောင်း သိရပါတယ်။

KCNA VIA KNS
KCNA VIA KNS

လင်းလင်း(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE