ကွေ့ပေါင်း(၆၈)ကွေ့ရှိနေပေမယ့် ဒေသခံတွေက မဖြစ်မနေ အားကိုးနေရတဲ့လမ်းမကြီး

REX

ခရီးသွားလာတဲ့အခါ ကြုံတွေ့ရတတ်တဲ့ တောင်ပတ်လမ်းတွေတောင် ကားစီးသူတွေ မူးနောက်နေအောင်ခံစားရတာ ဒီလိုလမ်းမျိုးဆိုပိုဆိုးမှာပါ။ ဆိုးရွားလှတဲ့ကွေ့ကြမ်းတွေရှိတဲ့အပြင် လမ်းအစမှအဆုံးအထိ ကွေ့တွေချည်း (၆၈) ကွေ့ရှိနေတာဆိုတော့ တော်ရုံကားမူးတတ်တဲ့လူတွေကို နေမကောင်းတောင်ဖြစ်နိုင်ပါတယ်။

REX

လမ်းရဲ့အရှည်ဟာ (၃.၉) မိုင်ရှိပြီး တရုတ်နိုင်ငံ၊ Kunming မြို့ရဲ့ Yiliang မှာ တည်ရှိနေပါတယ်။ ၁၉၉၅ ခုနှစ်က လမ်းကိုအပြီးသတ် ဆောက်လုပ်ဖွင့်လှစ်ခဲ့ပြီး အဓိကဆက်သွယ်ပေးတဲ့နေရာတွေကတော့ တောင်ပေါ်နဲ့တောင်အောက်မှာရှိတဲ့ရွာတွေဖြစ်တဲ့ Jinxing နဲ့ Jinganshao တို့ကိုပဲဖြစ်ပါတယ်။ ဒီလမ်းဆောက်လုပ်မှုဟာ ကမ္ဘာ့သမိုင်းတစ်လျှောက် ထူးခြားတဲ့ ဆောက်လုပ်မှုတစ်ရပ်အဖြစ် ကျော်ကြားခဲ့ပါသေးတယ်။

REX

အပေါ်စီးကနေလမ်းကိုကြည့်လိုက်မယ်ဆိုရင်ပဲ ကြက်သီးထဖွယ်ောင်းနေမှာပါ။ ဒါပေမဲ့ဒေသခံတွေအတွက်ကတော့ ဒီလမ်းရှိနေတာပဲ သူတို့အတွက်ကံကောင်းနေလှပါပြီ။ လမ်းဆောက်လုပ်ပြီးစီးသွားတော့မှပဲ ရွာနှစ်ရွာကြားလမ်းပန်းဆက်သွယ်ရေးကောင်းလာတာဖြစ်ပါတယ်။ တောင်အောက်ဖက်မှာရှိတဲ့ရွာက ကုန်ပစ္စည်းနဲ့ စားသောက်ကုန်တွေဟာ ဈေးပိုသက်သာတဲ့အပြင် တောင်ပေါ်မှာ ဘာပဲလိုလိုတောာင်အောက်ကရွာလေးဆီကို ဆင်းဝယ်နေရတုန်ပါပဲ။ လမ်းမဖောက်လုပ်သေးခင်အချိန်တုန်းက ဝယ်လာတဲ့စ္စည်းတွေကို ခွန်အားသုံးပြီးသယ်ရတာဖြစ်တဲ့အတွက် သိပ်ကိုပင်ပန်းခဲ့ကြတာပါ။

REX

ဘာကြောင့် အခုလိုမျိုးကွေ့ကွေ့ကောက်ကောက် လမ်းဖောက်ထားရတာလဲဆိုတဲ့ မေးခွန်းကိုတော့ တချို့တလေဟာမေးလေ့ရှိပါတယ်။ လမ်းဖောက်ထားတဲ့တောင်ဟာ တောင်တန်းသဖွယ်ဖြစ်နေတဲ့အတွက် အနိမ့်အမြင့်တွေ များလျက်ရှိနေပါတယ်။ မတ်စောက်တဲ့အပြင် မြေပြင်အနေအထားမညီတဲ့အတွက် လမ်းကိုတဖြောင့်တည်းဆောက်လုပ်လိုက်တဲ့အခါ ယာဉ်တွေသွားလာရာမှာ မတော်တဆမှုတွေဖြစ်ပွားနိုင်တာကြောင့် ဆောက်လုပ်ရေးပညာအရ အခုလိုမျိုး ကွေ့ပေါင်းများစွာထည့်သွင်းဖို့ လိုအပ်နေတာကြောင့်ပဲဖြစ်ပါတယ်။

READ
သြစတေးလျှ ရေပိုင်နက်မှာ တွေ့ရှိသမျှ ထူးထူးဆန်းဆန်း ရေနေသတ္တ၀ါများ
REX

လမ်းကနေတစ်ခါဖြတ်တိုင်း ခေါင်းမူးပြီးပျို့အန်ချင်သလိုဖြစ်ပေမယ့်လည်း အရင်ကထက်စာရင်တော့ အချိန်ကုန်လူပင်ပန်းသက်သာသွားတာကြောင့် ဘယ်သူသဘောကျကျ မကျကျ ဒေသံခံတွေအတွက်ကတော့ အားကိုးအားထားပြုလို့ရတဲ့ လမ်းမကြီးတစ်ခုပဲဖြစ်ပါတယ်။ လမ်းရဲ့လှပမှုကြောင့် နောက်ပိုင်းမှာတော့ ခရီးသွားတွေကိုဆွဲဆောင်နိုင်တဲ့နေရာတစ်နေရာဖြစ်လာခဲ့ပါတယ်။

REX

Source: Ladbible, Daily Mail

Penny

 

SHARE