ပါကစ္စတန်ရဲ့ကျိုင်းကောင်ပြဿနာကိုဖြေရှင်းဖို့ ဘဲတပ်သားတွေလွှတ်ပေးခဲ့တဲ့တရုတ်

Pixabay-NickyPe Shiutterstock-Jen Watson

ဒီ ၂၀၂၀ ခုနှစ်ကတော့ တော်တော်ကို ပြဿနာများတဲ့နှစ်တစ်နှစ်ပဲ ဖြစ်ပါတယ်။ သြဇီမှာလည်း တောမီးကလောင်တဲ့အပြင် မိုးတွေရွာပြီး ရေကြီး၊ တရုတ်မှာလည်း ရောဂါတွေဖြစ်နဲ့ ဒီကြားထဲ အာဖရိကအရှေ့ပိုင်းမှာလဲ စိုက်ခင်းတွေထဲ ကျိုင်းကောင်တွေ ဝင်ရောက်နဲ့ တကယ့်ကို ကပ်ဘေးတွေ ကျရောက်လာတဲ့ ခုနှစ်လို့တောင် ဆိုနိုင်နေပါပြီ။

Pixabay-NickyPe

ဒီနှစ်ရဲ့ ကျိုင်းကောင်ပြဿနာဟာ ၂၀၂၀ ခုနှစ်အစပိုင်းကစပြီးအာဖရိက အရှေ့ပိုင်းဒေသတွေမှာ ပထမဆုံး စတင်ဖြစ်ပွားခဲ့ပြီး စိုက်ခင်းတော်တော်များများလည်း ပျက်ဆီးခဲ့ကြောင်း သိရပါတယ်။ အာဖရိကအရှေ့အလာယ်ပိုင်းက စိုက်ခင်းတွေကုန်သလောက်ဖြစ်သွားတဲ့အချိန်မှာတော့ ကျိုင်းကောင်အုပ်ကြီးဟာ တဖြည်းဖြည်း နေရာရွှေ့လာပြီး အခုအချိန်မှာတော့ ပါကစ္စတန်နိုင်ငံကို ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်လဲ တရုတ်နိုင်ငံဟာ သူတို့ရဲ့ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ပါကစ္စတန်နိုင်ငံကို ကူညီဖို့အတွက် အခုလို ဘဲအကောင်ရေ တစ်သိန်းကျော်ပါတဲ့ ဘဲတပ်မတော်ကြီးကို စေလွှတ်ခဲ့တာပဲ ဖြစ်ပါတယ်။

“ ဒီကျိုင်းကောင်တွေက နှိမ်နှင်းဖို့ တော်တော်ခက်ပါတယ်။ စိုက်ခင်းတွေရှိတဲနေရာမှာပဲ သူတို့က ကျက်စားတာဆိုတော့ ပိုးသတ်ဆေးတွေ ဖျန်းရင်လည်း အဲဒီစိုက်ခင်းတွေက ပျက်ဆီးမှာ။ အကောင်တွေက တစ်ရာနှစ်ရာမဟုတ်ဘူး။ ကျိုင်းကောင်ရေက သန်းနဲ့ ချီရှိတယ်။ ဒါ့ကြောင့် လွယ်လွယ်နဲ့ ဒီကောင်တွေကို သတ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် တိရစ္ဆာန်ဂေဟ စနစ်အရ သူတို့ကို စားတာ ဘဲတွေပဲ။ ဒါ့ကြောင့် အခုလို ဘဲ အကောင်ရေ တစ်သိန်းကို ပါကစ္စတန်နိုင်ငံကို စေလွှတ်လိုက်တာပဲ ဖြစ်ပါတယ်” လို့ တရုတ်နိုင်ငံမှ တိရစ္စဆန်ဗေဒ သုတေသနပညာရှင်တစ်ဦးဖြစ်တဲ့ Lu Lizhi က ပြောကြားခဲ့ပါတယ်။

READ
လက်ထပ်ပွဲ ကျင်းပမယ့်ရက်နဲ့နေရာကို ကြေညာလိုက်တဲ့ မင်းသားဟယ်ရီတို့စုံတွဲ
Shutterstock-Jen Watson

ဘဲတပ်သားတွေအသာစီးရပြီး ကျိုးကောင်ပြဿနာကြီး ဖြေရှင်းနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါပဲ။

Pyi Hein Kyaw

SHARE