ကျောင်းသားတွေရဲ့ အာရုံစူးစိုက်မှုစွမ်းရည်ကို တိုင်းတာနိုင်မယ့်ခေါင်းစည်း တရုတ်တီထွင်

BrainCo

တရုတ်နိုင်ငံမှာ စာသင်ခန်းအတွင်း ကျောင်းသားတွေရဲ့ အာရုံစူးစိုက်နိုင်စွမ်းကို တိုင်းတာနိုင်မယ့် ဦးနှောက်လှိုင်းရှာဖွေထောက်လှမ်းတဲ့ကိရိယာကို စမ်းသပ်အသုံးပြုနေပြီဖြစ်ကြောင်း ladbible သတင်းအရ သိရပါတယ်။ ၄င်းကိရိယာဟာ ခေါင်းစည်းဖြစ်ပြီး Focus1 headbands လို့ အမည်ပေးထားပါတယ်။ ခေါင်းစည်းတွေကိုတော့ မန်ဆာချူးဆက်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ BrainCo က တီထွင်ထားတာ ဖြစ်ပါတယ်။

ကုမ္ပဏီတည်ထောင်သူကတော့ ဟန်ဘီချမ်းဆိုသူ တရုတ်အင်ဂျင်နီယာဖြစ်ပြီး သူက ဟားဗက်တက္ကသိုလ်မှာ PhD နဲ့ ကျောင်းပြီးလာခဲ့တာပါ။ BrainCo ရဲ့ကုမ္ပဏီဝက်ဆိုက်ဒ်အရ ၄င်းနည်းပညာဟာ ဆရာတွေကို အတန်းတွင်းမှာရှိတဲ့ ကျောင်းသားတွေရဲ့ အခြေအနေနဲ့ သင်ယူနိုင်စွမ်းကို ချက်ခြင်းတိုင်းတာပြီး သတင်းပေးပို့နိုင်တယ်လို့ ဆိုပါတယ်။

ပေါင် (၃၈၀) တန်ဖိုးရှိတဲ့ ၄င်း Focus 1 headband တွေမှာဆိုရင် sensor တွေ ပါဝင်ပြီး ခေါင်းစည်းတစ်ခု သို့မဟုတ် ခေါင်းစည်းအများအပြားကို စုစည်းကာ ၄င်းတို့ရဲ့အခြေအနေကို တစ်ပြိုင်နက်တည်း ခြုံငုံပြီး ထိန်းချုပ်ခုံတစ်ခုပေါ်ကနေ စောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ ခေါင်းစည်းကတော့ (၉၅) ဂရမ်ပဲ အလေးချိန်ရှိပါတယ်။ အထဲက ဘက်ထရီက (၄) နာရီကျော်အထိ တာရှည်ခံပါတယ်။

READ
မ၀ယ်ပဲမနေနိုင်လောက်အောင် ဆွဲဆောင်အားကောင်းလွန်းနေတဲ့ ပစ္စည်းဆန်းလေးများ

 

ပြီးခဲ့တဲ့ နှစ်တုန်းကတော့ ဟန်ဘီချမ်းဟာ သူ့ရဲ့ ခေါင်းစည်းအခု (၅၀) ကို တရုတ်နိုင်ငံအရှေ့ပိုင်းက ဂျင်ဟွာမှာရှိတဲ့ ရှောင်ရွှန်းမူလတန်းကျောင်းဆီ လှူဒါန်းခဲ့ပါသေးတယ်။ အဲ့ဒီကျောင်းကတော့ ခေါင်းစည်းတွေကို စမ်းသပ်အသုံးပြုနေခဲ့တာ တစ်နှစ်နီးပါးရှိနေပါပြီ။ ဟန်ဘီချမ်းကတော့ ခေါင်းစည်းဟာ ကျောင်းသားတွေကို အမှတ်တွေတိုးစေဖို့ အကူအညီပေးကြောင်း New Scientist ကို ပြောပြခဲ့ပါတယ်။

BrainCo

ကျောင်းမှာ သင်ကြားနေတဲ့ဆရာတစ်ယောက်ကတော့ ဒီခေါင်းစည်းတွေဟာ ကျောင်းသားတွေအတွက် အိမ်စာတွေလုပ်ရာမှာ ပိုပြီးအဆင်ပြေလာစေတဲ့အပြင် စာသင်ယူလေ့လာရာမှာလည်း အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။ “ကျောင်းသားတွေက သူတို့ကို ဆရာက စောင့်ကြည့်နေမှာပဲလို့ ခံစားရတယ်လေ။ အဲ့ဒီတော့ ပိုပြီး စာကို အာရုံစူးစိုက်ကြသလို အသံကျယ်ကျယ်အော်ပြီးလည်း ဖတ်ကြတယ်။ ဒီတော့ အမှတ်တွေလည်း သိသိသာသာ တက်လာတာပေါ့…” လို့ ဆရာကျန်းရီဝေက ပြောပြခဲ့ပါသေးတယ်။

READ
သင့်ရဲ့ အိမ်ကို အမိုက်အစား ပြင်ဆင်မွမ်းမံနိုင်ဖို့အတွက် အကောင်းစားအိုင်ဒီယာများ

 

လင်းလင်း (ShweMom)

SHARE