တရုတ်နိုင်ငံမှာ တော့ ထူးခြား ဆန်းပြားတဲ့ အဆောက်အအုံ တွေနဲ့ နေရာ တွေ အများကြီး ရှိပါတယ်။အဲ့ဒီ အထဲကမှ ဒီတစ်ခါ မှာ တော့ အရမ်းကို လှပတဲ့ ဟိုတယ် တစ်လုံး အကြောင်းကို ဖော်ပြ ပေးချင်ပါတယ်။တခြားဟိုတယ် တွေနဲ့ မတူ ပဲ ထူးခြားတဲ့ အချက်က တော့ ဟိုတယ် ဆို ပေမယ့် ရဲတိုက် ကြီး တစ်ခုလို တည်ဆောက် ထားတာပါ။ဒဏ္ဍာရီ ပုံ ပြင် တွေထဲက ရဲတိုက်ကြီး တစ်ခုအလား ထင် မှားရတဲ့ အဲ့ဒီ ဟိုတယ် ကြီး က တော့ ကြယ် လေးပွင့် အဆင့်ရှိပါတယ်။တည်နေရာ က တော့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Wanfeng ကန် အလယ် မှာ တည်ရှိ တာပါ။ဒီအ ကြောင်းကိုတော့ odditycentral မှာ ဖော်ပြထားတာပါ။
View this post on Instagram
၂၀၁၁ ခုနှစ်မှာတော့ Jilongbao Resort နဲ့ Jilong Castle ဟိုတယ်ကို တည်ဆောက် ခဲ့တာပါ။လှပတဲ့ ရှုခင်း အလှ တွေကို ရဲတိုက် ဟိုတယ် ကြီး မှာ ခံစားရမှာပါ။ပုံမှာ မြင်တွေ့ နေရတဲ့ အတိုင်း ရေထဲမှာ တည်ဆောက်ထားတဲ့ ရဲတိုက် ဟိုတယ်ကြီး ဆီကို တံတား နဲ့ ဆက် သွယ် ပေး ထားပါတယ်။တရုတ်ရိုးရာ အငွေ့ အသက်ပုံစံ တွေ က နေ လုံးဝ ကွဲ ထွက် နေပြီး ဥရောပ နိုင်ငံတွေ ဖြစ်တဲ့ ဂျာမနီ၊ပြင်သစ် တို့ မှာ တွေ့ ရ တဲ့ ရဲ တိုက် ဒီဇိုင်း မျိုး နဲ့ တည် ဆောက် ထားတာပါ။ကြယ်လေးပွင့် အဆင့်ရတဲ့ အဲ့ဒီ ဟိုတယ် ကြီး အ ကြောင်းကိုတော့ ၂၀၁၈ တုန်းက Global Times မှာ ဖော်ပြ ခဲ့ပါတယ်။
View this post on Instagram
View this post on Instagram
အဲ့ဒီအချိန် တုန်းက ဖော်ပြ ချက် မှာတော့ ရဲတိုက်ဟိုတယ်ကြီးမှာ တည်းခိုချင် ရင် တော့ တစ်ညကို အမေ ရိကန် ဒေါ်လာ (၄၀)၊ယွမ် ငွေ နဲ့ ဆိုရင် (၂၆၂)ယွမ် ကျသင့်မယ်လို့ ဆိုပါတယ်။ Jilongbao Resort မှာဆိုရင် တော့ ကိုယ်ပိုင် ရေအားလျှပ်စစ် စက်ရုံ ရှိပြီး လိုအပ် တဲ့ လျှပ်စစ် ဓါတ်အား ကို အလုံအလောက် ထုတ်ပေးနိုင်ပါတယ်။ Wanfeng ကန် ကြီးထဲမှာ တည် ဆောက် ထားတဲ့ ဒီ ရဲတိုက် ဟိုတယ် ကြီးကို တော့ တရုတ် ဗားရှင်း Neuschwanstein ရဲတိုက်ကြီး လို့လည်း ခေါ်ကြပါတယ်။ Disney World ရဲ့ စင်ဒရဲ လားရဲ တိုက်ကြီးကို တုပ မှီငြမ်းပြီး တည် ဆောက် ထားတာပါ။
#SHWEMOM
#SHWEMOM
// ]]>