၁၄ နှစ်ကြာ အမျိုးသမီးငယ်များအား အဓမ္မပြုကျင့်ကာသတ်ပစ်ခဲ့သူအမျိုးသားရဲ့ ပြစ်ဒဏ်

အသက် (၅၄) နှစ်အရွယ် Gao Chengyong ဆိုသူအမျိုးသားဟာ တရုတ်နိုင်ငံရဲ့ Jack the Ripper အဖြစ်လူသိများပါတယ်။ Jack the Ripper ဆိုသည်မှာ ၁၈၈၈ ပတ်ဝန်းကျင်တုန်းက လန်ဒန်မြို့မှာ အမျိုးသမီးငယ်များကို ဖမ်းဆီးကာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများပြုလုပ်ကာ ရက်ရက်စက်စက် သတ်ဖြတ်ပစ်လေ့ရှိခဲ့တဲ့ စိတ္တဇကွင်းဆက် လူသတ်သမားတစ်ဦးဖြစ်ပါတယ်။

Daily Mail

တရားခံဖြစ်သူ Gao Chengyong ဟာလည်း ရှေးကလန်ဒန်မှာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ Jack the Ripper ရဲ့ လမ်းစဉ်နဲ့ အလွန်ဆင်တူတဲ့ အမှုပေါင်းများစွာကို ကျူးလွန်ခဲ့တဲ့အတွက် တရုတ်ပြည်ရဲ့ Jack the Ripper အဖြစ် နာမည်တွင်ခဲ့ခြင်းကဖြစ်ပါတယ်။

Gao Chengyong ဟာ ဓားပြတိုက်မှု၊ ပြန်ပေးမှု၊ လိင်ပိုင်းဆိုင်ရာကျူးလွန်မှု၊ လူသတ်မှုတို့အပြင်အခြားအမှုပေါင်းများစွာကို ကျူးလွန်ခဲ့တဲ့အတွက် နိုင်ငံရဲ့အလိုအရှိဆုံးတရားခံဖြစ်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှ ၂၀၀၂ ခုနှစ်အတွင်း တရုတ်နိုင်ငံရဲ့ Baiyin နဲ့ မွန်ဂိုးလီးယားအတွင်း Baotou ဒေသအတွင်း ပြစ်မှုပေါင်းများစွာတို့ကို ကျူးလွန်ခဲ့ပြီး တိမ်းရှောင်နေခဲ့ပါတယ်။

READ
အထင်ကရလမ်းမကြီးရဲ့ဘေး လူမြင်ကွင်းမှာ ကဲနေတဲ့ စပိန်အတွဲ ဝေဖန်ခံနေရ

၂၀၀၄ ခုနှစ်မှာတော့ တရုတ်အစိုးရဘက်မှ တရားခံဝရမ်းပြေး Gao Chengyong ရဲ့ မည်သည့်တိကျတဲ့ သတင်းအစအနကိုမဆို ဖမ်းမိဖို့အတွက် အထောက်အကူပြုပေးရန် သတင်းပေးသည့်လူကို ယွမ် (၂) သိန်းဆုချမယ်လို့တောင် ထုတ်ပြန်ကြေငြာခဲ့ပါသေးတယ်။

AFP

လက်ဗွေရာပေါင်း (၁) သိန်းကျော်နဲ့ အခြားသောစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ရပါတယ်။ အမှုဖြစ်စဉ်နေရာတွေမှာ ကျန်နေခဲ့တဲ့ မျိုးရိုးဗီဇသက်သေတွေနဲ့တကွ လိုက်ရာ Gao Chengyong ရဲ့ ဆွေမျိုးထဲမှ တစ်ဦးကို စစချင်းမှားဖမ်းမိခဲ့ပါတယ်။ အဲဒီကနေမှတစ်ဆင့် အမှုကိုဆက်လက်စုံစမ်းရာ ၂၀၁၆ သြဂုတ်လမှာတော့ Baiyin ဒေသမှာ Gao Chengyong ကို ဖမ်းမိခဲ့ပါတယ်။

၂၀၁၆ ခုနှစ် သြဂုတ်လမှာ ဖမ်းဆီးမိခဲ့ပြီး Gao Chengyong ရဲ့ အမှုတွေကို ရုံးတင်စစ်ဆေးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် မတ်လအရောက်မှာတော့ Gao Chengyong ကို ပြည်သူ့တရားရုံးမှ သေဒဏ်ချမှတ်ပစ်ခဲ့ပါတယ်။ ၂၀၁၉ ဇန်နဝါရီလ (၃) ရက်နေ့ ကြာသပတေးနေ့က Baiyin မှာပဲ သေဒဏ်ပေးခဲ့ပါတယ်။

READ
ငွေကိစ္စနဲ့ ပတ်သက်လာတဲ့အခါ မိသားစုဝင်ချင်းတောင် မငဲ့ညှာနိုင်တော့တဲ့ အဖြစ်
CCTV

Gao Chengyong ဟာ အသက် (၂၀) ပတ်ဝန်းကျင်၊ တစ်ဦးတည်းနေထိုင်သူအမျိုးသမီးများအား အထူးပစ်မှတ်ထားကာ အမှုတွေကိုကျူးလွန်ခဲ့တာပဲဖြစ်ပါတယ်။ အသက် (၈) နှစ်အရွယ် အငယ်ဆုံးကလေးလေးအပါအဝင် အမျိုးသမီးငယ်ပေါင်း (၁၁) ဦးကို ရက်ရက်စက်စက်သတ်ပစ်ခဲ့တာပါ။

အမှုကျူးလွန်ခဲ့တဲ့အချိန်တွေဟာ နေ့ခင်းဘက်တွေဖြစ်ပြီး အနီရောင်အကျီင်္ကိုဝတ်ထားတဲ့အမျိုးသမီးတွေချည်း ပစ်မှတ်ထားတာ အမှုကျူးလွန်ခဲ့ပါတယ်။ နေ့ခင်းဘက်အိမ်ထဲတစ်ရောက်တည်းရှိနေစဉ် ဝင်ရောက်ကာ အဓမ္မပြုကျင့်ပြီးကာမှ သတ်ပစ်ခဲ့ပါတယ်။ ဒီအပြင် နားရွက်တွေ၊ လက်တွေနဲ့ မ အင်္ဂါတွေကို ဖြတ်ထုတ်ဖျက်ဆီးပစ်ထားတဲ့အတွက် တာဝန်ရှိသူတွေ အလောင်းများကို ရှာတွေ့ချိန်မှာတော့ တော်တော်လေးကို ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရပါတယ်။

Source: SCMP, Daily Mail

Penny

SHARE