ကန့်ကွက်မှုတွေကြားက ယူလင်းခွေးသားစားပွဲတော် ကျင်းပ

နှစ်စဉ် ဇွန်လ 21 ရက်နေ့မှာ ကျင်းပမြဲဖြစ်တဲ့ ယူလင်းခွေးသားစာပွဲတော်ကို အစဉ်အလာမပျက် ကျင်းပနေပြီ ဖြစ်ပါတယ်။ ဒီပွဲတော် မတိုင်ခင် တစ်လလောက်အလိုက တိရစ္ဆာန်အခွင့်ရေး လှုပ်ရှားသူသန်းနဲ့ချီပြီး ပြည်နယ်အစိုးရဆီကို ကန့်ကွက်စာတွေ လက်မှတ်ရေးထိုး ပေးပို့ခဲ့သေးတယ်လို့ သိရပါတယ်။ ထိုစဉ်က ဒေသအစိုးရက ခွေးသားစားပွဲတော်ကို ပိတ်ပင်
ကြောင်း သတင်းစာတွေမှာ ဖော်ပြခဲ့သလို့၊ အချို့သတင်းတွေမှာတော့ ပိတ်ပင်မှုမရှိလို့ ရေးသားကြပြန်ပါတယ်။

ယခုအခါမှာတော့ ပွဲတော်ကို ပြောင်ပြောင်တင်းတင်း ကျင်းပနေပြီမို့ တိရစ္ဆာန်အခွင့်ရေး လှုပ်ရှားသူတွေအတွက်တော့ အလွန်စိတ်မကောင်း ဒေါသထွက်စရာ ဖြစ်စေခဲ့ပါတယ်။ ပွဲစီစဉ်သူတွေက ခွေးသားဟာ အမဲသား၊ ၀က်သားတို့ စားရတာနဲ့ မတူပဲ အရသာထူးကဲတယ်လို့ ၀န်ခံမှုတွေ ရှိလာခဲ့လို့ တိရစ္ဆာန်ချစ်သူတွေအတွက် အလွန်စိတ်ဆိုးစရာလည်း ဖြစ်စေခဲ့ပါတယ်။

ဒေသခံအစိုးရကလည်း အများက ကန့်ကွက်တယ်ဆိုပေမယ့် အများကလည်း ဆန္ဒရှိနေတဲ့ ပွဲမို့ သူတို့အနေနဲ့ ကိုင်တွယ်ရ ခက်ခဲကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ International Campaigns, PETA မှာ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Jason Baker က ယူလင်းခွေးသားစားပွဲတော်ကို အလွန်စိတ်ဆိုးနေပါတယ်။

READ
ဒေါ်လာထောင်ချီပေးပြီးမှ ကြည့်လို့ရတဲ့ Super Bowl ပွဲစဉ်မှာ အိပ်ပျော်နေခဲ့တဲ့သူ

သူက ” ကျနော်တို့ ဒီအကြောင်းကို သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင် လူတွေနဲ့ရော၊ အစားအသောက်နဲ့ဆေးဝါး ကွပ်ကဲရေဌာနက လူတွေနဲ့ကော ဆွေးနွေးပြီးပါပြီ … သူတို့က ဒီပွဲကို ပိတ်ပင်ဖို့ အစကတည်းက ဆန္ဒမရှိတာပါ .. “လို့ ပြောခဲ့ပါတယ်။ ယူလင်းပွဲတော်မှာ ခွေးကောင်ရေ သောင်းချီကို ရက်ရက်စက်စက် နည်းလမ်းမျိုးစုံနဲ့ သတ်ဖြတ် ရောင်းချခြင်းဖြစ်ပြီး၊ ပရိသတ် သိန်းချီ လာရောက်ပျော်ပါးတဲ့ ပွဲတော်လို့လည်း သိရပါတယ်။

မေလ အစောပိုင်းတုန်းကလည်း Humane Society International မှာ အမှုဆောင်အရာရှိ Duo Duo ကလည်း ဒေသခံအစိုးရနဲ့ တွေ့ဆုံဆွေးနွေးကာ ခွေးသားစားပွဲတော်ကို ပိတ်ပင်ဖို့ ဖိအားပေးခဲ့ပါတယ်။ ထိုစဉ်က ၀မ်းသာစရာ ရလာဒ်ကို ရခဲ့ပြီး Dou က ခွေးသားစားပွဲတော်ကို အစိုးရက ပိတ်ပင်မှာဖြစ်ကြောင်း သူမရဲ့ စာမျက်နှာမှာ ၀မ်းသားအားရ ဖြန့်ဝေခဲ့ပါတယ်။ ဒါပေမယ့် ဒေသခံအစိုးရအဖွဲ့က သူတို့ တိုင်ပင်နေဆဲဖြစ်ပြီး၊ ပိတ်မယ်ဆိုတဲ့ ကတိ မပေးခဲ့ဘူးလို့ တုန့်ပြန်တာကို ခံခဲ့ရပါတယ်။

READ
မိန်းမဆိုးပြည့်တန်ဆာများရဲ့ အုပ်စုလိုက်အနိုင်ကျင့်မှုကို ခံခဲ့ရတဲ့ ဗြိတိန်အမျိုးသား

ယူလင်းခွေးသားစားပွဲတော်ကို ပိတ်ပင်ဖို့ လူပေါင်း 11 သန်းက ကန့်ကွက်လွှာတွေ ပေးပို့ခဲ့ပေမယ့် ဒေသခံအစိုးရက လုံးဝ လစ်လျှူရှုကာ ခွေးသားအစားကြူးသူတွေကို ယခင်အစိုးရတွေရဲ့ ထုံးစံအတိုင်း ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ နှစ်စဉ် ကမ္ဘာ့အနှံ့အပြားမှာ ခွေးကောင်ရေ သန်း 30 ကျော်အထိ သတ်ဖြတ် စားသောက်ခံနေရပြီး၊ တရုတ်နိုင်ငံ၊ ကိုးရီးယားနိုင်ငံ
တွေက အများဆုံးဖြစ်တယ်လို့ Humane Society International အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE