ကပ်ရောဂါ အတွက် WHO ကို ဒေါ်လာနှစ် ဘီလီယံ ကူညီမယ်လို့ တရုတ်သမ္မတ ကတိပေး

Image:pixabay/MiroslavaChrienova/wikicommon

တရုတ် နိုင်ငံက နေ အစပြုလိုက်တဲ့ COVID-19 ကတော့ အခုဆိုရင် ကမ္ဘာတစ်ဝန်းကို ပါ ပျံ့ နှံ့ ကူး စက်ဖြစ်ပွားနေ ပါတယ်။ကိုဗစ် ကြောင့် ကမ္ဘာတစ်ဝန်း စီးပွားရေးတွေ ထိခိုက် ပျက်စီးခဲ့ရပါတယ်။တရုတ် သမ္မ Xi Jinping ကတော့ တရုတ်နိုင်ငံ အနေနဲ့ ကပ် ရောဂါ ကြောင့် ထိခိုက်နစ်နာ ရတဲ့ နိုင်ငံ တွေ ကို ကူညီ ဖို့ အတွက် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ  ကူညီမ ယ်လို့  မေလ (၁၈)ရက်နေ့က ကတိပြုလိုက်ပါတယ်။ကမ္ဘာ့ ဒုတိယမြောက် စီးပွားရေး အင်အား အ တောင့်ဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့ တရုတ်မှာတော့ (၂၀၁၉) နှစ်ကုန် ပိုင်းလောက်ကစပြီး အရင်ဝူဟန် ဗိုင်းရပ်စ်၊ ယနေ့ အ ခေါ် ကိုရိုနာ ဗိုင်းရပ်စ် ကူး စက်မှု တွေ စတင် ဖြစ်ပွားခဲ့တာပါ။ကမ္ဘာ့ ကျန်းမာ ရေး အဖွဲ့ အစည်း WHO ရဲ့   video conferencing  မှာ တရုတ်သမ္မတ ရှီက ထောက်ပံ့ ကူညီ ပေးမယ့် အကြောင်းကို ထုတ်ေ ပြာခဲ့တာပါ။ COVID-19 နဲ့ ပတ်သက်ပြီး လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ဖို့ ဒေါ်လာ နှစ်ဘီလီယံ ကို နှစ်နှစ်ကျော် လောက် အထိ ထောက်ပံ့ ကူညီမယ်လို့ ပြောခဲ့ပါတယ်။ဒီ အကြောင်းကိုတော့ CNBC မှာ ဖော်ပြခဲ့တာပါ။

ကိုဗစ် ကာကွယ်တိုက်ဖျက်ရေးတင်မဟုတ်ပဲ ကိုဗစ် ကြောင့် စီးပွားရေး၊လူမှု ရေး ထိခိုက် နစ်နာ ခဲ့ရ တဲ့  နိုင်ငံ တွေ အထူး သဖြင့် ဖွံ့ ဖြိုးစဲ နိုင်ငံ တွေ ကို အဓိက ထား ကူညီ ပေးမယ်လို့ သမ္မတ ရှီ က ပြောပါတယ်။ ဆေး ပေါ် လာခဲ့ရင် လည်း ကမ္ဘာတစ်ဝန်း က လူတွေ အတွက် ကောင်းတဲ့ အရာ တစ်ခု ဖြစ်လာမယ်လို့ ဆိုပါတယ်။ကိုဗစ် အတွက် ဆေး ကိုတော့ တရုတ်ကုမ္ပဏီ တစ်ချို့ ကလည်း ဖန်တီးနိုင်ဖို့ ကြိုးစား နေကြပါတယ်။ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO ရဲ့ (၇၃)ကြိမ် မြောက် အ ထွေထွေ စည်းဝေးပွဲ ကိုတော့ မေလ (၁၈) ရက်နေ့က ကျင်းပခဲ့ပါတယ်။ပုံမှန်အားဖြင့်တော့ Geneva မှာ အဖွဲ့ ၀င် (၁၉၄)ဦး နဲ့ ကျင်းပတာ ဆိုပေမယ့်လည်း ဒီနှစ်မှာတော့ ကိုရိုနာ ဗိုင်းရပ်စ် ကြောင့် Video Conferencing အ နေနဲ့ ပဲ မေ (၁၈) နဲ့ (၁၉) ကျင်းပမှာပါ။Covid-19 က တော့ တရုတ်နိုင်ငံ ၀ူဟန် က နေ (၂၀၁၉)က စတင် ပေါ် ပေါက်လာခဲ့တာပါ။နောက်ပိုင်းမှာတော့ ကမ္ဘာတစ်ဝန်းကို ကူး စပ် ကပ်ရောဂါ တစ်ခု အဖြစ် ပျံ့ နှံ့ သွားခဲ့တာပါ။လူ(315,000) လောက် သေဆုံးခဲ့ရပြီး စီးပွားရေးတွေ အများကြီး ထိခိုက် နစ်နာ ပျက်စီးခဲ့ရပါတယ်။

READ
တဲအိမ်တိုင်အောက်မှာ ရှာတွေ့ခဲ့တဲ့ အကောင် (၃၀) ကျော်ရှိနေတဲ့ အသိုက်ကြီး
Image:wikicommon

အခု စည်းဝေးပွဲ မတိုင်ခင်တုန်းက EU နဲ့ သြစ တြေးလျ က ဦး ဆောင်ပြီး ကိုရိုနာ ဗိုင်းရပ်စ် ရဲ့ ဇစ်မြစ် နဲ့ ကူးစက်မှု အပေါ်  ပြန်လည် သုံးသပ်ဖို့ အတွက် မူကြမ်းတစ် စောင်ကို ရေး ဆွဲဖို့ နိုင်ငံ ပေါင်း (၁၁၆) နိုင်ငံ က နေ ထောက်ခံ အားပေး  ခဲ့ ပါတယ်။တကယ်လို့ အဖွဲ့ ၀င် ရဲ့ သုံးပုံနှစ်ပုံက သာ လက်ခံ ရင် ဒါကို ဆက် လုပ်သွားမယ့် အ နေ အထားမှာရှိပါတယ်။ဒါပေမယ့် တရုတ်က တော့ ဗိုင်းရပ်စ်ရဲ့ ဇစ်မြစ်  အ ဖြေရှာဖို့ အတွက် စုံစမ်းစစ်ဆေးမှု တွေ လုပ်မယ့် အပေါ်  အရင် ကတော့ ဆန့်ကျင် ကန့် ကွက်မှုတွေရှိခဲ့ ပေမယ့် အခုတော့ ပြောင်းလဲ သွားပါတယ်။ရှီက WHO နဲ့ တခြားနိုင်ငံ တွေ ကို အချက် အလက် တွေ ပေး မယ်လို့ လည်း စည်းဝေးပွဲမှာ ပြောခဲ့ပါတယ်။တစ်ဖက်မှာ လည်း အ မေရိကန် သမ္မတ ထရမ့်က WHO က တရုတ် ရဲ့ ရုပ် သေးရုပ် လို့ ဝေဖန် ပြောဆို နေပါတယ်။WHO ကို အ မေရိကန် က ထောက်ပံ့ပေးတဲ့ ရန်ပုံငွေ တွေ ယာယီမဟုတ်ပဲ အမြဲတမ်း အတွက် ရပ်ဆိုင်းမယ်၊ပြန်ထုတ်ပစ်မယ်၊ WHO အဖွဲ့ ၀င် အဖြစ် ဆက် နေ သင့်၊ မ နေသင့် ကို ပြန်စဉ်းစားမယ်ဆိုပြီး ခြိမ်းခြောက် နေပါတယ်။

READ
မြို့ခံတွေကို အံ့အားသင့်စေခဲ့တဲ့ စင်္ကာပူနိုင်ငံ ကာလန်းမြစ်ထဲက အခေါင်း(၂) လုံး
Image:wikicommon
SHARE