သတင်းကြေညာသူအဖြစ် AIစက်ရုပ်တွေအသုံးပြုနေတဲ့ တရုတ်ရှင်ဟွာသတင်းဌာန

မတ်လ(၃) ရက်နေ့တုန်းက တရုတ်နိုင်ငံပိုင် ရှင်ဟွာသတင်းဌာနဟာ သက်ရှိနဲ့တူလွန်းတဲ့ စက်ရုပ်တစ်ရုပ်ကို သတင်းကြေညာသူအဖြစ် အသုံးပြုခဲ့ပါတယ်။ ၄င်းစက်ရုပ်ဟာ လူတွေရဲ့ မျက်နှာဟန်ပန်အမူအရာကို အတုခိုးနိုင်ပါတယ်။ ပေကျင်းမှာ နှစ်စဉ်ကျင်းပတဲ့ ပါလီမန်အစည်းအဝေးကို တက်ရောက်လာတဲ့ကိုယ်စားလှယ်တွေအကြောင်း စက်ရုပ်က သတင်းပြောခဲ့တာ ဖြစ်ပါတယ်။

Artificial intelligence စက်ရုပ်ကို “Xin Xiaomeng” လို့အမည်ပေးထားပါတယ်။ စက်ရုပ်ဟာ ဆံပင်တိုတိုညှပ်ထားပြီး ပန်းရောင်အင်္ကျီနဲ့ နားဆွဲကိုလည်း ၀တ်ဆင်ထားပါတယ်။ ဗီဒီယိုဟာ (၁) မိနစ်စာရှိပြီး ရှင်ဟွာက ရိုက်ကူးထားတာပါ။ Xin Xiaomeng ဟာ ရှင်ဟွာရဲ့ သတင်းကြေညာသူ Qu Meng ကို မော်ဒယ်အဖြစ်ထားပြီး ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။

Daily Mail

စက်ရုပ်ကိုတော့ ရှင်ဟွာနဲ့အတူ နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Sogou တို့က ပူးပေါင်းဖန်တီးထားတာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း တရုတ်နိုင်ငံ အရှေ့ပိုင်းမြို့တစ်မြို့ဖြစ်တဲ့ Wuzhen မှာကျင်းပတဲ့ ကမ္ဘာ့အင်တာနက်ညီလာခံမှာ ရှင်ဟွာဟာ အမျိုးသားအင်္ကျီတွေ ၀တ်ဆင်ထားတဲ့ AIစက်ရုပ်သတင်းကြေညာသူနှစ်ယောက်ကို ပြသခဲ့ပါသေးတယ်။ တရုတ်နိုင်ငံဟာ လုံခြုံရေးစောင့်ကြည့်ကိရိယာနဲ့ လူမလိုတဲ့ကားတွေကို AI နည်းပညာနဲ့ တီထွင်ဖန်တီးမှုမှာ အဆင့်မြင့်သထက် မြင့်လာအောင် ဆက်လက်ဆောင်ရွက်နေတာကို အခုလိုတွေ့ရတာဖြစ်ပါတယ်။

READ
မူးယစ်ဆေးသုံးပြီး သူ့ကိုယ်သူကျားလို့ထင်ကာ လေးဘက်ထောက်သွားခဲ့တဲ့အမျိုးသား

လင်းလင်း (ShweMom)

Ref: asiaone

SHARE