မိဘနှစ်ပါးကိုတူနဲ့ရိုက်သတ်မှုကြောင့် ဝရမ်းထုတ်ကာရှာဖွေနေရတဲ့ ၁၃ နှစ်သားလေး

တရုတ်နိုင်ငံမြို့တစ်မြို့မှာရှိတဲ့ တာဝန်ရှိရဲတပ်ဖွဲ့များဟာ အသက် (၁၃) နှစ်အရွယ် ဆယ်ကျော်သက် ကလေးငယ်တစ်ဦးကို လူသတ်မှုတရားခံအဖြစ် သတ်မှတ်ပြီး လိုက်လံရှာဖွေနေခဲ့ကြပါတယ်။

Luo Feng အမည်ရှိ အဆိုပါ(၁၃) နှစ်သားဟာ အသက်(၅၁) နှစ်အရွယ်ရှိတဲ့ ဖခင်ဖြစ်သူ Luo Jichun နှင့် မိခင်ဖြစ်သူ အသက် (၄၅) နှစ်အရွယ် Tan Jinhua တို့အား အသက်သေစေတဲ့အထိ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ယူဆကြပါတယ်။ အခင်းဖြစ်ပွားပြီး နောက်မှာတော့ အလယ်တန်းကျောင်းသားလေးဟာ နေအိမ်ကနေ ထွက်သွားကာ တိမ်းရှောင်နေခဲ့ပါတယ်။

အမှုဟာ ပြီးခဲ့တဲ့တနင်္လာနေ့ (၃၁.၁၂.၂၀၁၈)ကဖြစ်ပွားခဲ့ပြီး သေဆုံးသွားတဲ့ မိခင်မှာ စိတ်ကျန်းမာရေး ချို့တဲ့နေသူဖြစ်ပါတယ်။ ဖြစ်စဉ်အစအဆုံးကိုတော့ တရားခံလို့ ယူဆရတဲ့ Luo Feng ရဲ့ အစ်မဖြစ်သူက မျက်မြင်တွေ့ခဲ့ပြီး ဆွေမျိုးတွေကို ဖုန်းဖြင့် လှမ်းအကြောင်းကြားတဲ့အတွက် ဆွေမျိုးများမှ တစ်ဆင့် ရဲဌာနသို့ ဆက်သွယ်ခဲ့တာပဲဖြစ်ပါတယ်။ မိခင်အတိုင်း အစ်မဖြစ်သူမှာလည်း စိတ်ကျန်းမာရေးချို့တဲ့နေပါတယ်။

READ
အဖေနဲ့ညီမကိုသတ်ခဲ့တဲ့သူကို တရားခွင်မှာ ရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့တဲ့ ကောင်မလေး
SCMP

ရဲများရောက်လာတဲ့အချိန်မှာတော့ Lou Feng ရဲ့ မိဘများကို အိမ်ဆောက်တူဒဏ်ရာတွေဖြင့် သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။ အခင်းဖြစ်ပွားပြီးနောက်မှာတော့ Lou Feng ကို Santang ဒေသမှာရှိတဲ့ အင်တာနက်ဆိုင်မှာ နောက်ဆုံးတွေ့ခဲ့ရတယ်လို့သိရပါတယ်။ အခုအခါမှာတော့ Lou Feng ကို ဝရမ်းထုတ်လိုက်ပြီဖြစ်ပြီး ရှိနေတဲ့နေရာကို အတိအကျသတင်းပေးနိုင်လျှင် ဆုငွေအဖြစ်ဒေါ်လာ (၁၅၀၀) ဆုချမှာဖြစ်ပြီး ရဲလက်သို့ကိုယ်တိုင်ကိုယ်ကျလာရောက်အပ်နှံမယ်ဆိုလျှင်တော့ ဒေါ်လာ (၄၅၀၀) ချီးမြှင့်မှာဖြစ်ကြောင်း တရားဝင်ကြေငြာခဲ့ပါတယ်။

အရွယ်မရောက်သေးသော ဆယ်ကျော်သက်များမှ မိဘကိုပြန်သတ်တဲ့အမှု တရုတ်ပြည်မှာဆိုလျှင်တော့ ပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး။ ၂၀၁၈ ဒီဇင်ဘာအစောပိုင်းတုန်းကလည်း အသက် (၁၂) နှစ်အရွယ်ယောက်ျားလေးတစ်ယောက်ဟာ အခန်းထဲဆေးလိပ်ခိုးသောက်နေတာကို အမေဖြစ်သူတွေ့သွားတဲ့အတွက် အပြစ်ပေးမိလို့ ဓားဖြင့်အချက်ပေါင်းများစွာ ထိုးသတ်ကာ ရဲတွေစစ်ဆေးမေးမြန်းတဲ့အခါမှာတော့ မိခင်ဟာကိုယ့်ကိုယ်ကို သတ်သေသွားတယ်လို့ ထွက်ဆိုခဲ့ပါတယ်။

လူသတ်မှုဆိုတာသေချာပေမယ့် တရုတ်နိုင်ငံရဲ့ ဥပဒေအရ အသက် (၁၈) နှစ်မတိုင်ခင် ဘယ်လိုကြီးမားတဲ့ပြစ်မှုမျိုးကိုပဲ ကျူးလွန်ခဲ့ ကျူးလွန်ခဲ့ ထောင်ဒဏ်နှင့်ပြစ်ဒဏ်ချမှတ်လို့မရဘဲ ပြုပြင်ထိန်းသိမ်းရေးကျောင်းသို့သာပို့နိုင်ကြပါတယ်။

READ
ကားအနီလေးပေါ်မှာ အခန့်သားလေညှင်းခံပြီး ထိုင်လိုက်သွားတဲ့ သရဲမ

Source: Asia One, South China Morning Post

Penny

SHARE