Cupping Therapy ကြောင့် ဆိုးဆိုးဝါးဝါး မီးလောင်ဒဏ်ရာရသွားတဲ့ Yanxi Palace မင်းသမီး

instagram/j.truseam, Weibo/Deng Sha

ဆီလီကွန်စုပ်ခွက်တွေကို အသားပေါ်တင်ကာ ကုသတဲ့ စုပ်ခွက်ကုထုံး Cupping Therapy ဟာ အနုပညာရှင်တွေကြားထဲမှာတော့ နာမည်ကျော်ကုထုံးတစ်ရပ်ဖြစ်ပါတယ်။ ကြွက်သားတွေကို ပျော့ပြောင်းစေတယ်၊ သွေးလည်ပတ်မှုအားကောင်းစေတယ်၊ အာရုံကြောစနစ်ကို ကောင်းမွန်အောင် ထိန်းညှိပေးတယ် စတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကြောင့် လူအချို့က တော်တော်လေး နှစ်သက်ကြပါတယ်။ ဒါပေမယ့် ကုထုံးတစ်ရပ်မှာတော့ ကောင်းကျိုးနဲ့ ၄င်းရဲ့ ဘေးထွက်ဆိုးကျိုးဆိုတာ ရှိစမြဲပါ။

တရုတ်နိုင်ငံက ရုပ်ရှင်သရုပ်ဆောင် မင်းသမီး ဒန်းရှာကတော့ လောလောလတ်လတ် သူမတွေ့ကြုံခဲ့ရတဲ့ cupping therapy ရဲ့ အန္တရာယ်ကို  ပြန်လည်မျှဝေခဲ့တာကို asiaone သတင်းကနေ ဖော်ပြပေးပါရစေ။ ဒန်းရှာဟာ ပေကျင်း spa တစ်ခုမှာ cupping therapy ခံယူပြီးနောက် ကြောက်စရာကောင်းလောက်အောင် လောင်ကျွမ်းဒဏ်ရာရခဲ့တဲ့ ဓာတ်ပုံတွေကို သူမပရိသတ်တွေဆီ အသိပေးခဲ့တာပါ။

READ
ကြို့ထိုးပျောက်ကင်းစေတဲ့နည်းလမ်း(၇)သွယ်
Weibo/Deng Sha

အသက် (၃၄) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒန်းရှာဟာ Destiny’s Love နဲ့ Story of Yanxi Palace ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ခဲ့တာ ဖြစ်ပါတယ်။ သူမက “ကျွန်မ မီးနဲ့ စုပ်ခွက်ကုထုံးလုပ်ရာကနေ ဒီလိုဒဏ်ရာတွေ ရလာတာ။ မီးစုပ်ခွက် ကုထုံးလုပ်တဲ့အခါ အခန့်မသင့်ရင် မီးလောင်ဒဏ်ရာတွေ ရတတ်ပါတယ်။ ရလာတဲ့ဒဏ်ရာတွေက အခု ကျွန်မ ဓာတ်ပုံရိုက်ပြထားသလိုမျိုး တော်တော်ပြင်းပြင်းထန်ထန် ရနိုင်ပါတယ်…” လို့ ပရိသတ်တွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒန်းရှာပြထားတဲ့ ဓာတ်ပုံတွေထဲက တစ်ပုံမှာတော့ သူမရဲ့ဖြူဖွေးလှတဲ့ အသားဟာ အရေခွံလန်ပြီး အရည်ကြည်ဖုတွေနဲ့ ဖောင်းနေတာကို ကြက်သီးထဖွယ် တွေ့ရပါသေးတယ်။ နောက်တစ်ပုံမှာတော့ ဒန်းရှာရဲ့ ရင်ဘတ်နဲ့ လက်တွေမှာ ပတ်တီးစီးထားတာကိုလည်း တွေ့ရပါတယ်။ ဒန်းရှာဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ (၉) ရက်နေ့တုန်းက အလုပ်နဲ့ခရီးထွက်ပြီး ပြန်လာတဲ့အခါ နေမကောင်းချင်တာကြောင့် cupping therapy ခံယူဖို့ သွားရာကနေ အခုလို ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

READ
ကြောင်မွေးခြင်းက စိတ်ကျန်းမာရေးကို မထိခိုက်စေကြောင်း လေ့လာမှုတစ်ရပ်ဆို
Weibo/Deng Sha

ဒန်းရှာကတော့ cupping therapy ခံယူမယ့် သူတွေအနေနဲ့ cupping လုပ်ဖို့သွားတဲ့အခါ ဆံပင်ရှည်တွေဆိုရင် ချည်ထားဖို့ အကြံပေးလိုက်ပါတယ်။ ကုထုံးမှာ တစ်ခါတစ်လေ စုပ်ခွက်ထဲကို အယ်လ်ကိုဟောထည့်တာမျိုးလည်း ပါဝင်ပါတယ်။ ဒါကြောင့် အသားပေါ်ကို အယ်လ်ကိုဟော ရောက်ခဲ့ရင် မီးစွဲနိုင်တာကြောင့် လောင်တဲ့နေရာကို ရေစိုဝတ်နဲ့ အေးအောင် ဖုံးထားပေးဖို့လည်း သူမက တိုက်တွန်းခဲ့ပါသေးတယ်။

မီးနဲ့ပြုလုပ်ရတဲ့ cupping therapy ဟာ အသားအရည်ကို မီးလောင်ပြီး အရည်ကြည်ဖု ထနိုင်ခြေများပေမယ့် အချို့လူတွေကတော့ ဒီကုထုံးကို ဆက်လက်ခံယူနေကြတုန်းပါပဲ။ Cupping therapy ဟာ အီဂျစ်၊ တရုတ်နဲ့ အရှေ့အလယ်ပိုင်းသားတွေ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အသုံးပြုခဲ့တဲ့ ကုထုံးလို့ သိရပါတယ်။ နာကျင်မှု၊ ရောင်ရမ်းဝေဒနာနဲ့ သွေးလည်ပတ်မှု ကောင်းမွန်စေဖို့ ဒီကုထုံးကို အသုံးပြုကြပါတယ်။ အားကစားသမားတွေဟာလည်း ၄င်းတို့ရဲ့ ကြွက်သားတွေ အမြန်ဆုံးသက်သာ ပျောက်ကင်းစေဖို့ ဒီကုထုံးကို အသုံးပြုကြတယ်လို့ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE