Notre Dame ဘုရားကျောင်း ဒီဇိုင်းသစ်ဖန်တီးမှုမှာ အနိုင်ရသွားတဲ့ တရုတ်ဗိသုကာများ

goarchitect

အမေရိကန်နိုင်ငံက ပုံနှိပ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ GoArchitect က Zeyu Cai နဲ့ Sibei တို့ကို Notre-Dame ဘုရားကျောင်းဒီဇိုင်းပြိုင်ပွဲရဲ့ ဆုရသူတွေအဖြစ် ကြေညာခဲ့ကြောင်း archdaily.com ရဲ့ ဖော်ပြချက် အရ သိရပါတယ်။ ဘုရားကျောင်းသစ် တည်ဆောက်မှုနဲ့ ပတ်သက်ပြီး ဒီဇိုင်းသစ်ဖန်တီးမှုမှာ နိုင်ငံအသီးသီးက ပညာရှင်တွေ ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့်လည်း ဟန်ကျိုးသား Zeyu Cai နဲ့ ပေကျင်းမှ Sibei Li တို့က အနိုင်ရသွားခဲ့ပါတယ်။

goarchitect

သူတို့နှစ်ဦးရဲ့ ဒီဇိုင်းမှာ ခရစ္စတယ်ခေါင်မိုး၊ ထိပ်ချွန်စုလစ်မွန်းချွန်တွေလည်း ပါဝင်ပါတယ်။ Cai ဟာ အမေရိကန်နိုင်ငံ Cornell တက္ကသိုလ်မှာ ဘွဲ့လွန်ကျောင်းသွားမတက်ခင် Tsinhua တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တာပါ။ Li ကတော့ ပေကျင်းနည်းပညာတက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီးနောက်မှ Cornell တက္ကသိုလ်ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ Cai ရော Li ပါ နှစ်ယောက်စလုံးဟာ ချီကာဂိုမြို့မှာ အခြေချနေကြပြီး ဗိသုကာကုမ္ပဏီတစ်ခုဖြစ်တဲ့ Skidmore Owings & Merrill (SOM) မှာ အလုပ်လုပ်နေတာ ဖြစ်ပါတယ်။

READ
ဆွံ့အနားမကြား ဝေဒနာရှင်တွေအတွက် စမတ်လက်အိတ် တီထွင်ခဲ့တဲ့ လူငယ်လေး
goarchitect

Cai နဲ့ Li နှစ်ယောက်စလုံးဟာ ဘုရားကျောင်းကို သွားရောက်လေ့လာခဲ့ကြပြီး ဒီိဇိုင်းဖန်တီးဖို့ စဉ်းစားခဲ့ကြပါတယ်။ Notre Dame ဘုရားကျောင်းကို (၁၃၄၅) ခုနှစ်က ပါရီမြို့မှာ တည်ဆောက်ခဲ့ပါတယ်။ Cai က “Notre Dame ဟာ  လူ့သမိုင်းမှာ အထင်ကရရှိခဲ့တာ နှစ်(၈၀၀) ကျော်နေပါပြီ။ ဘုရားကျောင်းက မီးလောင်တဲ့ကြားကနေ ရှင်သန်နိုင်ခဲ့ပါတယ်။ သဘာဝဘေးအန္တရာယ်တစ်ခုခုဖြစ်ပြီးတဲ့အခါတိုင်း Notre Dame ရဲ့ ဖျက်မရတဲ့သမိုင်းဟာ ကျန်ရစ်နေဦးမှာပါ…” လို့ ပြောခဲ့ပါသေးတယ်။

goarchitect

အခုဆိုရင်တော့ Cai နဲ့ Li တို့နှစ်ယောက်ဟာ ဘုရားကျောင်းကို ပြန်လည်ပြုပြင်ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ သူတို့ရဲ့ အစီအစဉ်တွေကို ရှင်းပြခဲ့ကြတာပါ။ ဘုရားကျောင်း ဒီဇိုင်းသစ်ကိုတော့ Paris Heartbeat လို့ အမည်ပေးထားပြီး မှန်အမိုး၊ စုလစ်မွန်းချွန်ထိပ်ဖျားနဲ့ မြို့ကိုအထက်စီးကနေ မြင်နိုင်မယ့် မြင်ကွင်းနေရာစသဖြင့် အပိုင်း (၃) ပိုင်းပါဝင်မှာ ဖြစ်ပါတယ်။ Cai နဲ့ Li တို့ဟာ ပြိုင်ပွဲကနေ ဆုကြေးအဖြစ် ဒေါ်လာ (၁,၀၀၀) ကို ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်ပါလီမန်အနေနဲ့ Notre-Dame ဘုရားကျောင်းကို သူ့မူရင်းဒီဇိုင်းပဲ ပြန်လည်ဆောက်လုပ်မယ်လို့ ဆိုထားတာကြောင့် ဒီဇိုင်းသစ်ကို အနာဂတ်မှာ အသုံးချ၊ မချကိုတော့ အတိအကျမသိရပါဘူး။

READ
ညအချိန် တစ်လက်လက်တောက်ပနေတဲ့ နယ်သာလန်က အိပ်မက်ဆန်ဆန်လမ်းလေး

လင်းလင်း (ShweMom)

SHARE