အခုတလော ဆိုရှယ်မီဒီယာပေါ်မှာ သစ်သီးပုံစံ ပေါက်စီလုပ်ရောင်းနေတဲ့ တရုတ်နိုင်ငံတောင်ပိုင်းက အမျိုးသမီးတစ်ယောက်ဟာ နာမည်ကြီးနေပါတယ်။ သူမရဲ့ လက်ရာမြောက်တဲ့ ပေါက်စီတွေကို အွန်လိုင်းပေါ်ကလူတွေကလည်း တော်တော်လေးကိုမှ စိတ်ဝင်တစားရှိနေကြပါတယ်။

Guizhou ပြည်နယ်ရှိ Xinyi Handmade Bakery ဆိုင်က မုန့်ဖုတ်သူ Chen Yuping ဆိုတဲ့ အမျိုးသမီးဟာ သူမရဲ့ ဖရဲသီးပုံ၊ ငှက်ပျောသီးပုံနဲ့ ပိန္နဲသီးပုံ ပေါက်စီတွေ ဖန်တီးပြီး အွန်လိုင်းပေါ်မှာ နာမည်ကြီးလာခဲ့ပါတယ်။ ဒီလို စိတ်ကူးဆန်းကို အစားအသောက် သိပ်ရွေးတဲ့ သမီးဖြစ်သူအတွက် စားချင်စဖွယ်ဖြစ်အောင် ဖန်တီးပေးရင်က ရလာခဲ့တယ်လို့ South China Morning Post ရဲ့ ဖော်ပြမှုအရသိရပါတယ်။

ကလေးတော်တော်များများက အစားရွေးကြတယ်၊ ဒါကြောင့်ပဲ သူတို့ စားချင်အောင်၊ စိတ်ချင်စိတ်ပေါ်အောင် တစ်ခုခုလုပ်ပေးချင်တယ်၊ နောက်ပြီးအဲ့ဒါက အာဟာရလည်းဖြစ်ရမယ် လို့ သူမက ပြောပြခဲ့ပါတယ်။ Chen က ကိတ်မုန့် ဖုတ်တာ၊ မုန့်တွေကို ဆန်းသစ်ဖန်တီးတာ စတဲ့ သင်ခန်းစာတွေလည်း ပို့ချနေတဲ့ သူဖြစ်တယ်။

များသောအားဖြင့် ဂျုံကိုပဲ အသုံးပြုတယ်၊ အဲ့ဒီ့နောက် အရသာပိုကဲအောင်၊ အာဟာရပိုရှိအောင် သစ်သီး၊ သစ်ရွက် ဖျော်ရည်တွေကို အသုံးပြုတယ်လို့ သိရပါတယ်။
Matthew