အွန်လိုင်းစနစ်နဲ့ ပိုက်ဆံတောင်းနေတဲ့ တရုတ်ပြည်ကခေတ်မှီတောင်းရမ်းသူများ

Facebook- Fazil Irwan

ပိုက်ဆံလာတောင်းရင် ပိုက်ဆံမပါလို့ပါ၊ အကြွေမရှိလို့ပါဆိုပြီး ငြင်းလွှတ်ကြတဲ့သူ ဘယ်နယောက်ရှိလဲ။ အကယ်၍ သင်သာ တရုတ်ပြည်ရောက်ခဲ့မယ်ဆိုရင်တော့ အခုလိုငြင်းလို့ရတော့မှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် သူတို့တွေက တောင်းသာတောင်းတာ၊ အွန်လိုင်းစနစ်နဲ့ပါ တောင်းနေကြပါပြီတဲ့လေ။

ဒီသတင်းကိုတော့ World of Buzz မှာ ဖတ်လိုက်ရတာပါ။ မူရင်းအချက်အလက်ကတော့ Fazil Irwan ဆိုတဲ့ Facebook account မှ သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ဓာတ်ပုံနဲ့တကွတင်ခဲ့ရာမှ share လုပ်သူပေါင်း ၁၆,၀၀၀ နဲ့ နာမည်ကြိးသွားခဲ့တာပဲဖြစ်ပါတယ်။

Facebook post အရတော့ post တင်သူရယ် သူငယ်ချင်းတစ်သိုက်ရယ်ဟာ ညဖက် စားသောက်ဆိုင်မှာ စားသောက်ရင်းခဲ့ကြပါတယ်။ စားသောက်ဆိုင်က ပြန်အထွက်မှာတော့ ပုံထဲကအတိုင်း အမျိုးသမီးကြီးတစ်ယောက်ဟာ မိတ်ဆွေအမျိုးသမီးထံကို ချဉ်းကပ်ကာ ပိုက်ဆံတောင်းခဲ့ပါတယ်တဲ့။

Facebook- Fazil Irwan

ဒါကို အမျိုးသမီးက ထုံးစံအတိုင်းပဲ လက်ထဲ ပိုက်ဆံမပါလာဘူးလို့ ငြင်းလိုက်ခဲ့ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတော်တော်များများမှာက ပိုက်ဆံကို လက်ထဲကိုင်မသုံးကြတော့ဘဲ ကတ်စနစ်တွေနဲ့သာ ဖြစ်လာတာကို အားလုံးသိကြမှာပါ။ ပိုက်ဆံမပါလို့ဆိုပြီး အငြင်းခံလိုက်ရတဲ့အခါ အမျိုးသမီးကြီးကနေပြီး လက်ထဲပိုက်ဆံမပါလည်း ကိစ္စမရှိဘူး၊ အွန်လိုင်းစနစ်ကနေ လွှဲလို့ရတယ်ဆိုပြီး ပြောလာခဲ့ပါတယ်တဲ့လေ။ နောက်တော့ သူမအသင့်ဆောင်ထားတဲ့ QR code လေးကို ပိုက်ဆံပေးဖို့ ထုတ်ပြလာခဲ့ပါတယ်။

READ
အမေရိကန် အိုကလာဟိုးမားမှာ ဖတ်စာအုပ်ဟောင်းတွေနဲ့သင်လို့ မိဘများဆန္ဒပြနေ

တရုတ်နိုင်ငံဟာ ဆက်သွယ်ရေးအတွက် WeChat ကို တွင်တွင်ကျယ်ကျယ်သုံးလာခဲ့ကြတဲ့အပြင် ကျွန်တော်တို့ဘဏ်ကဒ်တွေ၊ mobile banking တွေလိုမျိုး WeChat မှာလည်း QR code ကို scan ဖတ်ပြီး ငွေပေးချေလို့ရတဲ့စနစ်တစ်ခုကိုလည်း လူတိုင်းနီးပါး မသုံးသူမရှိသလောက်ပါပဲ။ အခုလို တောင်းရမ်းစားသောက်သူတွေကတောင် online payment စနစ်နဲ့ ငွေတွေလက်ခံနေကြတယ်ဆိုတော့ တော်တော်လေးကို ခေတ်မှီနေတဲ့ တရုတ်နိုင်ငံပေပဲလို့ ဆိုရမှာပါပဲ။

In my previous post, I spoke about how almost everything is transacted through WeChat in China. It so happened that…

Posted by Fazil Irwan on Wednesday, November 27, 2019

Penny

SHARE