အမျိုးသမီးအယောက် (၁၀၀) ကျော်နဲ့ ဖောက်ပြန်တဲ့ ကုန်ကျစရိတ်ကြောင့် အဖမ်းခံခဲ့ရသူ

Pixabay-PublicDomainPictures

လူတွေဟာ ငွေလိုလာပြီဆိုရင် မစင်ကြယ်တဲ့ အပြုအမူတွေကိုတောင် လုပ်လာတတ်ကြပါတယ်။ အဲဒီအထဲက လူအများစု လုပ်လေ့ရှိတဲ့အရာကတော့ လဘ်စားတာပါပဲ။ ကုမ္ပဏီမှာ ရာထူးတစ်ခုရှိနေတဲ့လူတစ်ယောက်အနေနဲ့ကတော့ ဒီလိုကိစ္စဟာ တော်တော်လေးကို ဖြစ်နိုင်ချေရှိနေတာပါ။ စွန့်စားရပေမယ့်လို့ လမ်းကြောင်းသာ သိသွားခဲ့မယ်ဆိုရင် တစ်ခါကနေ နှစ်ခါ၊ နှစ်ခါကနေ သုံးခါ စသဖြင့် ကြိမ်ဖန်များစွာ လဘ်စားပြီးရင်း စားလာနိုင်ပါတယ်။

Aisa One မှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်အရတော့ တရုတ်ပြည်က အမျိုးသားတစ်ယောက်ကတောာ့ အမျိုးသမီးအယောက် ၁၀၀ လောက်နဲ့ ဖောက်ပြန်ဖို့ စရိတ်ရှာရင်းနဲ့ လာဘ်စားပါတော့တယ်။

Pixabay-moerschy

တရားခံကတော့ အသက် (၅၇) အရွယ် Lai Xiaomin ပဲဖြစ်ပါတယ်။ အရင်တုန်းက စီမံခန့်ခွဲမှုကုမ္ပဏီမှာ ဥက္ကဌရာထူးနဲ့ တာဝန်ယူခဲ့ပါတယ်။ Zhuhai မြို့မှာနေထိုင်သူတစ်ယောက်ဖြစ်ပြီး Lai Xiaomin အနေနဲ့ တရားဝင်ဇနီးသည်တွေအများကြီးရှိလို့နေပါတယ်။ ဇနီးတွေမှာလည်း သားသမီးတွေနဲ့ချည်းမလို့ မိသားစုလိုက်တွေဖြစ်နေခဲ့တာပါ။ အဲဒီမိသားစုတွေကိုလည်း Lai Xiaomin ဟာ အိမ်အနီးပတ်ဝန်းကျင်မှာပဲ ခေါ်ထားပြီး နေနေပါသတဲ့။ အားလုံးကလည်း တည့်ကပါတယ်တဲ့။

READ
ဆွေမျိုးမရှိ တစ်ကောင်ကြွက်ဘဝနဲ့ သေဆုံးသွားတဲ့ စစ်ပြန်ကြီးရဲ့အံ့အားသင့်ဖွယ်ဈာပန

ဒီအပြင် Lai Xiaomin မှာ တရားဝင်ဇနီးနဲ့မိသားစုတွေတင်မကသေးဘဲ တိတ်တိတ်ပုန်းချစ်သူတွေ၊ နားလည်မှုနဲ့တွဲနေတဲ့ မိန်းကလေးတွေ၊ တရားဝင်လက်မှတ်ထိုးမယူထားသေးတဲ့ ဇနီးသည်နဲ့သားသမီးတွေလည်း ရှိနေပါသေးတယ်။ Asia One မှာတော့ အယောက် (၁၀၀) ကျော်လောက်ရှိပါတယ်တဲ့လေ။ Lai Xiaomin ရဲ့စိတ်ကလည်း တရားဝင်ရော တရားမဝင်တွေရောကိုပါ ထောက်ပံ့ချင်သတဲ့သတဲ့လေ။

Pixabay-mohamed_hassan

ဒါတောင် တော်တော်များများသော ချစ်သူတွေကို Lai Xiaomin ဟာ သူအလုပ်လုပ်တဲ့ကုမ္ပဏီနဲ့ ရှယ်ယာဝင်ကုမ္ပဏီတွေမှာ မန်နေဂျာတွေ၊ executive တွေ၊ ဒါရိုက်တာတွေအဖြစ် ခန့်အပ်ထားပါသေးတယ်။ ဒီမှာပြဿနာကစတာပါပဲ။ ဒီနှစ်စမှာတော့ Lai Xiaomin ကို လဘ်စားမှုနဲ့ စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးလိုက်တဲ့အခါမှာတော့ သူ့နာမည်နဲ့ ပိုင်ဆိုင်ထားတဲ့ခြံတွေ၊ တိုက်တွေဟာ နေရာပေါင်း (၁၀၀) လောက်ရှိနေခဲ့ပါတယ်။  နောက် ပိုက်ဆံတွေဆိုတာလည်း ယွမ် သန်း (၂၇၀) တောင်ရှာတွေ့ခဲ့ပါတယ်တဲ့။

နောက် Lai Xiaomin  ရဲ့မိခင်ဟာလည်း သားနာမည်နဲ့ယူထားတဲ့ငွေေ၂တွဟာ ယွမ် သန်း (၃၀၀) အထိ ယူခဲ့တယ်ဆိုပြီး မှတ်တမ်းတွေအရ သိခဲ့ရပါတယ်။ ကာလကတော့ (၂၀၁၃) ခုနှစ်နဲ့ (၂၀၁၈) ခုနှစ်အတွင်း ကိစ္စတွေပဲဖြစ်ပါတယ်တဲလေ။ ဒါကြောင့် Lai Xiaomin ဟာ (၂၀၁၉) ဧပြီလထဲမှာတော့ ထောင်ကျခဲ့ပါတော့တာယ်။

READ
ရေနစ်နေတဲ့သားငယ်ကို အသက်စွန့်ပြီးကယ်တင်ခဲ့တဲ့မိခင်
Pixabay-PublicDomainPictures

Penny

SHARE